Friday, December 28, 2012

ဗီယက်နမ်က ထိုင်းနိုင်ငံကို ငါးနှစ်အတွင်း ကျော်တက်နိုင်


ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ထုတ်လုပ်မှု အဆင့်ကို သတ်မှတ်ရာတွင် ထိုင်းနိုင်ငံရဲ့ အဆင့်က မူလ ၁၁ နေရာတွင် ရှိနေရာမှလာမဲ့ ငါးနှစ်အတွင်း အဆင့် ၁၅ ကို ကျသွားနိုင်ကြောင်းနဲ့ ဗီယက်နမ်နိုင်ငံက ထိုင်းနိုင်ငံကို ကျော်တက်ကာ ထိပ်တန်းအဆင့် ၁၀ သို့ရောက်ရှိလာ နိုင်ကြောင်း Deloitte Touche Tohm-astu ကပြောပါတယ်။ အရှေ့တောင် အာရှဒေသက ကမ္ဘာပေါ်တွင် ယှဉ်ပြိုင်နိုင်မှုရှိသော ကုန်ထုတ်လုပ်မှု အဆင့် အမြင့်ဆုံးဖြစ်ပြီး လာမဲ့ ငါးနှစ်အတွင်း ဤအတိုင်း ဆက်လက် တည်မြဲနိုင်ကြောင်း ထိုင်း နေရှင်နယ် သတင်းဌာနက ပြောပါတယ်။ စင်ကာပူ၊ ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ် တို့လို အရှေ့တောင် အာရှနိုင်ငံတွေက ကမ္ဘာ့ထိပ်တန်း ၂၀ စာရင်းမှာပါ ၀င်နေတာကို ၂၀၁၃ ခုနှစ် ကမ္ဘာ့ကုန်ထုတ်လုပ်မှု ယှဉ်ပြိုင်နိုင်မှုအညွှန်းကိန်း မှာတွေ့ရကြောင်း Deloitte Southeast Asia ဌာနရဲ့ ဦးစီးမှူး နူအာလှိုင် ကစ်တီဆရီ ဆွမ်ဘွမ်းက ပြောပါတယ်။ ဒီနိုင်ငံတွေ အထူးသဖြင့် အင်ဒိုနီးရှားနဲ့ ဗီယက်နမ်က လာမဲ့ငါးနှစ်အတွင်း အဆင့်ပိုမြင့်လာနိုင် သို့မဟုတ် ဒီအဆင့် ကိုဆက်လက်တည်ရှိနေနိုင်ပါတယ်။ ယခုနှစ်မှာအဆင့် ၁၇ မှာရှိနေတဲ့ အင်ဒိုနီးရှားကအဆင့် ၁၁ ကိုရောက် လာပြီး အိန္ဒိယကယခုလက်ရှိအဆင့် လေးကနေ အဆင့် ၂ နေရာကိုရောက် လာနိုင်ပါတယ်။ တရုတ်နဲ့အိန္ဒိယ နိုင်ငံတွေက ကုန်ပစ္စည်းထုတ်လုပ်ရာမှာ အဓိကကျတဲ့ နိုင်ငံတွေဖြစ်နေပေမဲ့ ထုတ်လုပ်သူတွေက ဖြန့်ဖြူးရေးအတွက်ပါ အဆင်ပြေတဲ့ ဈေးကွက်ငယ်တွေဆီကို ပြောင်းလာနေကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ နဲ့ ဂျပန်တို့လို ၂၀ ရာစုတုန်းက ကုန်ထုတ်လုပ်မှု ဌာနကြီးတွေကတရုတ်၊ အိန္ဒိ ယ၊ ဘရာဇီးတို့လို ထွန်းသစ်စနိုင်ငံတွေရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။


အေးချမ်းမွန်မှ COMMERCE JOURNAL တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :COMMERCE JOURNAL

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယား တွင် အဖမ်းခံရ


အတုအယောင် နိုင်ငံရေးခိုလှုံရန် ကြိုးစားမှုဖြင့် တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက ဖမ်းဆီးလိုက်သော နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား တချို့ ပါဝင်ကြောင်း သတင်းရရှိသည်။

မြန်မာ၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့မှ နိုင်ငံခြားသား ၂၁ ဦးကို တောင်ကို
ရီယား တရားရေးဝန်ကြီးဌာနက အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း တောင်ကိုရီယား အခြေစိုက် Chosun သတင်းတပုဒ်အရ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အရေ
အတွက်၊ ၄င်းတို့၏ အမည်နာမများကိုသိရှိရန် တောင်ကိုရီယားအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မှ ကိုနေထွန်းနိုင်က တရားရေးဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများထံ သွားရောက်
စုံစမ်းခဲ့သော်လည်း ထိမ်းသိမ်းခံထားရသူများ၏ လုံခြုံရေးအတွက် လူဦးရေနှင့် ကိုယ်ရေးအချက်အလက်များ အသိပေးခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော် အတည်ပြု ပြောနိုင်တာကတော့ သူတို့ဟာ ဒီ ကိုရီယားမှာ အခြေစိုက်တဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့အဖွဲ့တွေထဲက မဟုတ်ဘူး ဆိုတာပါဘဲ။ သူတို့ဟာ တသီးပုဂ္ဂလ ဒုက္ခသည် လျှောက်ထားသူတွေ ဖြစ်ပါ
လိမ့်မယ်။ ကျနော့် အတွေ့အကြုံအရတော့ ကိုရီယားမှာ နိုင်ငံရေးခိုလှုံဖို့ အတုအယောင် လျှောက်ထားတဲ့ မြန်မာဆိုတာ နည်းနည်းလေးပါ။ ဒါကလည်း အမေရိကန်တို့ သြဇီတို့မှာလို တခြားနိုင်ငံတွေက အခြေအနေ
လိုမျိုးပေါ့” ဟု ကိုနေထွန်းနိုင်က ဆိုသည်။

တောင်ကိုရီယားနိုင်ငံတွင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများအနေဖြင့်
နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများရှိသော်လည်း အများစုမှာသက်ဆိုင်ရာ
အခြေစိုက် အဖွဲ့အစည်းများမှတဆင့် လျှောက်ထားကြကြောင်း၊ ကိုရီယား
အစိုးရကလည်း အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို နားလည်သဘောပေါက်သည့်အတွက် မြန်မာနိုင်ငံသားများနှင့် ပတ်သက်
လျှင် အလွန်အကျွံ ကိုင်တွယ်မှု ပြုလေ့မရှိကြောင်း သူက ဆက်ပြောသည်။

လတ်တလော တောင်ကိုရီးယား နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မြန်မာနိုင်ငံသား ၁ ထောင် ၀န်းကျင်ခန့်ရှိနိုင်ပြီး ဒုက္ခသည်အဖြစ် နေထိုင်နေ
သူပေါင်း ရာဂဏန်းမျှရှိကြောင်း ကိုနေထွန်းနိုင်က ဆိုသည်။

အတုအယောင် နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးစားသော နိုင်ငံခြားသားများကို
တောင်ကိုရီယား လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းတို့သည် ဒုက္ခသည်အဖြစ် ရရှိရေးအတွက် ပွဲစားများကို ငွေ ကြေးပေးကာ ကြိုးစား
လုပ်ဆောင်ခဲ့ကြောင်း Chosun သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့အထဲမှ တချို့သည် ပါကစ္စတန် အတိုက်အခံ နိုင်ငံရေးအဖွဲ့မှဟုဆိုပြီး တာလီဘန်များ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် တောင်ကို
ရီယားနိုင်ငံတွင် နေထိုင်ခွင့်ရရန် လိမ်လည် လျှောက်ထားခဲ့ကြောင်း
တောင်ကိုရီယား တရားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

သို့သော် တောင်ကိုရီယား လ၀ကမှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့
ရာတွင် ၎င်းတို့သည် တောင်ကိုရီယား နိုင်ငံတွင် ဆက်လက်နေထိုင်ခွင့်ရရန် ကြိုးစားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး ခိုလှုံခွင့် တောင်းသူများကလည်း
နောက်ပိုင်းတွင် ၀န်ခံခဲ့သည်ဟု သိရသည်။

နိုင်ငံခြားသားများအနေဖြင့် ဒုက္ခသည်အဆင့် သတ်မှတ်ရေးအတွက်
တောင်ကိုရီယား အစိုးရကတင်ပြလာသူများ၏ လျှောက်လွှာများကို စိစစ်၍ ပယ်ချခြင်း၊ သို့မဟုတ် တရားရုံးတခုတွင် အသနားခံခြင်းလုပ်ဆောင်နိုင်ခွင့် ရှိသည်ဟု သိရှိရသည်။

၁၉၉၇ ခုနှစ်တွင် တောင်ကိုရီယားနိုင်ငံ၌ ဒုက္ခသည်အဆင့် သတ်မှတ်ပေး
ခဲ့သူ ၁၂ ဦးရှိခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် လူဦးရေ ၁၀၀ ကျော်အထိ ရှိလာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁၀ ဆအထိ မြင့်တက်လာလာကြောင်း
တောင်ကိုရီးယား လဝကက ပြောဆိုထားသည်။

လ၀က အရာရှိများ အဆိုအရ ဒုက္ခသည်လျှောက်ထားသည့် လျှောက်လွှာ
အများစုသည် သံသယဖြစ်စရာများ တွေ့ရကြောင်း ဆိုသည်။

“နိုင်ငံခြားသာတွေ ဒုက္ခသည်အဖြစ် လျှောက်ထားကြရင်သူတို့ရဲ့ လျှောက်လွှာ
ကို လက်ခံသည်ဖြစ်စေ၊ ပယ်ချလိုက်ရင်ဖြစ်စေ သူတို့ဟာ တောင်ကိုရီယားမှာ
၁ နှစ်ကနေ ၂ နှစ်အထိ တရားဝင် ဥပဒေကြောင်းအရ ရှိနေပိုင်ခွင့် ရှိပါ
တယ်” ဟု တောင်ကိုရီယား လ၀က အရာရှိ တဦးက Chosunသတင်းဌာနသို့
ပြောထားသည်။

အဆိုပါ တောင်ကိုရီယား ဥပဒေပါ အခွင့်အရေးကြောင့် လျှောက်ထားသူများ များပြားနေခြင်းဖြစ်ကြောင်း သူက မှတ်ချက်ပေးသည်။

“ဒုက္ခသည် လျှောက်ထားသူတွေဟာ ဒီမှာ နေထိုင်ခွင့်က ဆုံးဖြတ်ချက် တစုံတရာ မကျမချင်း နေလို့ရတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်မှုရှိကြတာကြောင့် အခုလို လုပ်ကြတာပါ။ ကျနော်တို့ကလည်း သံသယဖြစ်စရာ လျှောက် ထားသူတွေကို စုံစမ်းစိစစ်မှုတွေ စလုပ်ပြီး လုပ်ထုံလုပ်နည်းအရ မလျော်ညီတာတွေ တော်တော်များများ ဖော်ထုတ်
တွေ့ရှိလာဖွယ် ရှိပါတယ်” ဟု အဆိုပါ တောင်ကိုရီယား လ၀က အရာရှိက ဆက်ပြောထားသည်။

ဧရာဝတီ

Ebooks များကို download ပြုလုပ်နိုင်ရန်


ebooks များကို download ပြုလုပ်နိုင်ရန် အကောင်းဆုံး website 20 ကိုဖော်ပြပေးလိုက်ပါတယ်။ အားလုံးပဲ မိမိလိုချင်သော ebook များကိုရှာတွေ့ နိုင်ကြပါစေ။

(1) FreeBookSpot (http://www.freebookspot.es/)
(2) 4eBooks (http://4ebooks.org/)
(3) Free-EBooks (http://www.free-ebooks.net/)
(4) ManyBooks (http://manybooks.net/)
(5) GetFreeEBooks (http://www.getfreeebooks.com/)
(6) FreeComputerBooks (http://freecomputerbooks.com/)
(7) FreeTechBooks (http://www.freetechbooks.com/)
(8) Scribd (http://www.scribd.com/)
(9) Globusz (http://www.globusz.com/)
(10) KnowFree (http://knowfree.net/)
(11) OnlineFreeEBooks (http://www.onlinefreeebooks.net/)
(12) MemoWare (http://www.memoware.com/)
(13) BluePortal (http://www.zillr.org/)
(14) OnlineComputerBooks (http://www.onlinecomputerbooks.com/)
(15) SnipFiles (http://www.snipfiles.com/)
(16) BookYards (http://www.bookyards.com/)
(17) The Online Books Page (http://digital.library.upenn.edu/books/)
(18) AskSam Ebooks (http://www.asksam.com/ebooks/)
(19) Baen Free Library (http://www.baen.com/library/)
(20) EBookLobby (http://www.ebooklobby.com/)

အကယ်၍ IT နဲ့ပတ်သက်သော ebook များကိုလိုချင်တယ်ဆိုလျှင်တော့ http://www.wowebook.be/ ကအကောင်းဆုံးလို့  ထင်မိပါတယ်။
From - Info Tech For Myanmar (IT4M)

တန်ဖိုးနည်း အိမ်ရာစီမံကိန်း အတွင်းရှိ ကျူးကျော် အိမ် များကို ဥပဒေအရ ဖယ်ရှားမည်

အစိုးရ ဝန်ထမ်းများနှင့် ကုမ္ပဏီ ဝန်ထမ်းများ အတွက် နှစ် ၂၀ အရစ်ကျ စနစ်ဖြင့် တန်ဖိုး ပေးချေရမည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း နေရာများ အတွင်း ဆောက်လုပ် ထားသော ကျူးကျော်နေအိမ် များကို တရား ဥပဒေ အရ ဖယ်ရှား သွားမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
“အလုပ်လုပ်တဲ့ လူတွေ အတွက် ကျော တစ်ခင်းစာ တစ်နေရာစာ စီစဉ် ပေးတာကို အလုပ် မလုပ်တဲ့ ကျူးကျော်တွေ ဝင်ရောက် နှောင့်ယှက်လို့ မဖြစ်ပါဘူး” ဟုဝန်ကြီးက ဆိုသည်။

အဆိုပါ စီမံကိန်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ၂၀၁၃ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း အပြီး တည်ဆောက် သွားရန် စီစဉ်လျက် ရှိရာ ယခုကဲ့သို့ ကျူးကျော်များ ဝင်ရောက် လာမှုကြောင့် အမှန်တကယ် အလုပ် လုပ်သူများ အတွက် နစ်နာ စေသောကြောင့် ယင်းကျူးကျော် များကို ဖယ်ရှား ရှင်းလင်း သွားမည် ဖြစ်ကြောင်း ကျူးကျော်များ ဝင်ရောက် နေထိုင်မှုနှင့် ပတ်သက်၍ ဝန်ကြီးက ရှင်းပြသည်။

အဆိုပါ ဧရာဝဏ် အိမ်ရာ စီမံကိန်းကို အကျယ်အဝန်း ဧက (၁၂၀) ခန့်တွင် အခန်းပေါင်း (၅၄၀၀) ခန်းနှင့် ရတနာ အိမ်ရာ စီမံကိန်းကို ဧက(၁၀၀)ခန့်တွင် အခန်းပေါင်း (၄၆၅၆)ခန်း၊ အခန်းပေါင်း (၁၀၀၅၆)ခန်း ပါဝင်ပြီး လူဦးရေ ငါးသောင်းခန့် နေထိုင်နိုင်ရန် ဖော်ထုတ် တည်ဆောက် သွားမည် ဖြစ်သည်။

ဧည့်ဝင်ကြေး ခွဲဝေသုံးစွဲခွင့် မရ၍ ပုဂံဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်မှု အားနည်းနေ ဟုဆို

မြန်မာ နိုင်ငံ၏ ရှေးဟောင်းနယ်မြေ ဒေသ တစ်ခုဖြစ်သည့် ပုဂံညောင်ဦး သို့ လာရောက် လည်ပတ်မှုနှုန်း မြင့်တက် လာသော်လည်း ဧည့်ဝင်ကြေး ခွဲဝေ သုံးစွဲခွင့် မရသဖြင့် ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက် နိုင်မှု အားနည်း နေကြောင်း မန္တလေးတိုင်း ဒေသကြီး ညောင်ဦး မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်း ဌေး က ပြောကြားသည်။

ရှေးဟောင်း မြို့တော် ဖြစ်သည်နှင့် အညီ နိုင်ငံခြားသားများ လာရောက်မှု ကြောင့် မြို့တော် သန့်ရှင်း သာယာရေး အတွက် ဆောင်ရွက်ရာတွင် ဦးစားပေး ငွေကြေး အသုံးပြုမှု များသဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်မှု အားနည်း နေရခြင်း ဖြစ်ကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။
“ပုဂံညောင်ဦးကို ဝင်လာတဲ့ နိုင်ငံခြားသား ဧည့်သည် တွေကို ရှေးဟောင်း နယ်မြေဝ င်ကြေး၁၀ ဒေါ်လာ ကောက်ခံတဲ့ အပေါ်ကနေ စည်ပင်သာယာရေး ကလည်း ရာခိုင်နှုန်း အနေနဲ့ ပြန်ရ တယ်၊ သုံးနှစ်လောက် ကတည်းက စည်ပင်က ရမယ့် ခွဲတမ်း မရတော့ မြို့အတွက် သုံးစွဲရတဲ့ ငွေကြေးအ ခက် အခဲ ဖြစ်တယ်” ဟု ဦးသန်းဌေးက ဆိုသည်။

နိုင်ငံခြားသား များ သွားလာ လည်ပတ်ရေး အတွက် ညအချိန်တွင် လမ်းမီး အပြည့် ထွန်းပေး ထားခြင်းများ ရှိပြီး တစ်လလျှင် မီတာခ ရှစ်သိန်း ကျပ်ခန့် ကုန်ကျမှု ရှိကြောင်း၊ ငွေကြေး မရှိသဖြင့် စက်ဘီးလမ်း ပြုလုပ်ခြင်း နှင့် အမှိုက်ကျူံး လုပ်ငန်းများ အတွက်လည်း အခက်အခဲ များ ရှိနေကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

ရှေးဟောင်း နယ်မြေ ဝင်ကြေးကို ၁၉၉၄ ခုနှစ်တွင် စတင် ကောက်ခံ ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ရှေးဟောင်း သုတေသန၊ လဝက၊ ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်ဌာန လေးခု ပေါင်းကာ ကောက်ခံ ခဲ့ရာမှ ၂၀၀၂ ခုနှစ်တွင် ရှေးဟောင်း သုတေသန ဌာန တစ်ခုတည်း ကသာ ပြောင်းလဲ ကောက်ခံခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဝန်ကြီး ဦးဖုန်းဇော်ဟန် က ပြောကြားသည်။
“ကောက်ခံရငွေ တွေကို နိုင်ငံတော်ရဲ့နိုင်ငံခြား ရငွေ ခေါင်းစဉ်အောက် ရောက်ပြီးတော့ နိုင်ငံတော်က ဘဏ္ဍာရေး နှစ်အလိုက် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲတယ်” ဟု ဦးဖုန်းဇော်ဟန်က ဆက်လက် ပြောကြားသည်။

ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ပုဂံညောင်ဦးသို့ နိုင်ငံခြားသား ဝင်ရောက် လေ့လာမှုမှာ ၂၀၁၁ ခုနှစ်တွင် လူဦးရေ တစ်သိန်းကျော် ရှိပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ထိ တစ်သိန်း နှစ်သောင်း ကျော်ဝင် ရောက်မှု ရှိကြောင်း ညောင်ဦးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဌေးက ပြောကြားသည်။

ပြည်ပပို့ ပဲမျိုးစုံဈေးကွက် ဝယ်လိုအား ကျဆင်း

အာဆီယံ ထိပ်တန်း ပဲတင်ပို့သည့် မြန်မာနိုင်ငံ၏ ပဲမျိုးစုံ ဈေးကွက် သည် ကမ္ဘာ့စီးပွားရေး အားပျော့လျက် ရှိခြင်းကြောင့် ဝယ်လိုအား လျော့နည်း ကျဆင်းလျက်ရှိ ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များ အသင်း အတွင်းရေးမှူး ဦးမင်းကိုဦး က The Voice Weekly သို့ ပြောကြားသည်။

နှစ်စဉ် ပဲမျိုးစုံ ဝယ်လိုအား သွက်သည့် အောက်တိုဘာ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလ များ ၌ပင် ဈေးကွက် အရောင်း အဝယ် အေးလျက် ရှိသည်ဟု ရန်ကုန်မြို့တော် အခြေစိုက် ပဲမျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးကျော်ဆန်းမိုး က ပြောကြားသည်။

ပဲမျိုးစုံ စိုက်ပျိုးချိန် မိုးဦး ကာလအတွင်း က တွေ့ကြုံ ခဲ့ရသော မိုးခေါင်မှုများ နှင့် မကြာခင်က တွေ့ကြုံခဲ့ရသည့် ရွှေဘိုငလျင် လှုပ်ခတ်မှု ဒဏ်ကြောင့် ဒီဇင်ဘာလကုန် ဇန်နဝါရီလတွင် ထွက်ရှိမည့် ပြည်ပသို့ အများဆုံး တင်ပို့ရလျက် ရှိသော ပဲစင်းငုံ နှင့် ပဲတီစိမ်း သည် ၃၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်း ခန့်ထိ အထွက် လျော့ကျ နိုင်ကြောင်း၊ ယင်းသို့ ပြည်တွင်း၌ ပဲမျိုးစုံ အထွက်နှုန်း ကျဆင်းသည့် နှစ်များတွင် ပဲမျိုးစုံ ဈေးနှုန်းသည် ပေါက်ဈေးထက် မြင့်လေ့ ရှိသည် ဟု ဦးမင်းကိုဦး က သုံးသပ် ပြောကြားသည်။

ယင်းသို့ နိုင်ငံတကာ ပဲဈေးကွက် အရောင်းဝယ် အေးပြီး ပေါက်ဈေး ကျဆင်းခဲ့သည့် အတွက် မြန်မာနိုင်ငံ မှတင်ပို့သော ပဲမျိုးစုံ ပို့ကုန် ရငွေသည် ယခင်နှစ် ထက် အမေရိကန်ဒေါ်လာ သိန်း ၂၀၀ ကျော် လျော့ နည်း ကျဆင်းလျက် ရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များ အသင်း ထံ မှ စုံစမ်း သိရှိရသည်။

ယခုနှစ် ဧပြီလ ၁ ရက်နေ့ မှ ဒီဇင်ဘာလ ပထမပတ် ခန့်ထိ ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၉၆၄,၄၁၄ တန် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၆၁၆ ဒဿမ ၅၄၇ ဒေါ်လာ ရရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အလားတူ ကာလ အတွင်း ပဲမျိုးစုံ တန်ချိန် ၉၈၄,၀၈၈ တန် တင်ပို့ ခဲ့ရာ အမေရိကန် ဒေါ်လာ ၈၁၀ ဒဿမ ၅၃၁ ဒေါ်လာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များ အသင်း ထံ မှ စုံစမ်း သိရှိရသည်။

လက်ရှိ ပြည်တွင်း ဈေးကွက် ၌ ပဲစင်းငုံ တစ်တန်လျင် ကျပ် ၅၀၀,၀၀၀ မှ ၅၅၀,၀၀၀ ကျပ်၊ မတ်ပဲ တစ်တန် လျင် ကျပ် ၄၀၀,၀၀၀ မှ ၄၆၀,၀၀၀ ကျပ် နှင့် ပဲတီစိမ်း ပိဿာ ၆၀ ပါ တစ်အိတ်လျင် ၇၅,၀၀၀ ကျပ် ခန့် ဈေး ပေါက် လျက်ရှိကြောင်း ပြည်တွင်း ပဲမျိုးစုံ ဈေးကွက် အတွင်း မှ စုံစမ်း သိရှိရသည်။

Wednesday, December 12, 2012

ကျိုက်ထီးရိုး ဘုရားဖူးများစံချိန်တင် လာရောက်သဖြင့် တည်းခိုခန်းခ များသိန်းချီနေ


ကျိုက်ထီးရိုးဆံတော် ရှင်စေတီတော်မြတ်ကြီးသို့ယခုနှစ် ဘုရားပွဲတော်ကာလအတွင်းပြည်တွင်း ဘုရားဖူးများ စံချိန်တင်လာရောက်လျက် ရှိသဖြင့်တည်းခိုခန်းခများသိန်းချီနေ ကြောင်းပြည်တွင်း ဘုရားဖူးများ ၏ပြောကြား ချက်အရသိရသည်။
...
ကျိုက်ထီးရိုးတောင်ပေါ်သို့ကင် မွန်းစခန်းတောင်ခြေမှကားဖြင့်တိုက် ရိုက်သွား နိုင်သည့် နောက်ပိုင်း ပြည်တွင်း ပြည်ပဘုရားဖူး ဧည့်သည်များပြား လာ ခြင်းဖြစ်ကြောင်း၊ဘုရားသို့သွား ရာလမ်း တစ်လျှောက် ရှိသဘာဝ ပတ်ဝန်းကျင် ကိုဘုရားဖူးများမှနှစ်သက်သည့်အတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိရ သည်။
ဘုရားဖူး ဧည့်သည်များ အလွန်များ ပြားစွာလာရောက်ခြင်းကြောင့်တည်းခို ခန်း စရိတ်များ ဈေးကြီးမြင့် နေကြောင်း သိရသည်။ ယင်းနှင့်စပ်လျဉ်း၍ပြီးခဲ့ သည်ရက်ပိုင်းအတွင်းဘုရားဖူးခရီးစဉ် မှပြန်ရောက် လာ သည့် ဦးနိုင်နိုင်က ''အခန်း ခကတစ်ညကို(၁)သိန်း၃သောင်းပေး ရတယ်ရန်ကုန်က ကြယ်ငါးပွင့်အဆင့် ရှိတဲ့ ဟိုတယ် တောင်ဒီလောက်မရှိဘူး ဟိုမှာတည်းခိုခန်းခကအရမ်းဈေးကြီး တယ်''ဟု ယင်းက ဆိုသည်။

ယင်းအပြင်ဘုရားဖူး တစ်ဦးဖြစ်သူဒေါ်မြမြက''ကျွန်မစက်ရုံကလေး တွေကိုအမျိုးသားနေ့က ကျိုက်ထီးရိုး ဘုရားဖူးလိုက်ပို့တာ ကျိုက်ထီးရိုးဘု ရားသို့ဆိုတဲ့နေရာကနေပြန်လာရတယ် မနက်ပိုင်း မှာ ရောက်တယ် ဒါပေမဲ့ရှေ့ ဆက်ပြီးသွားလို့မရဘူးအပြန်ကားတေ နဲ့ဒီက အသွား ကား တွေ စည်းကမ်းမရှိ အပြိုင်မောင်း ကျလို့လမ်းတွေပိတ်ကုန်တယ်   ဂေါပကတွေနဲ့ ယာဉ်ထိန်းရဲ တွေလမ်း ရှင်းတာ အဆင်မပြေဘူး သူ တိုစီမံခန့်ခွဲတာအရမ်းညံတယ် ဘုရား ဖူးပြည်သူတွေ   ဒုက္ခရောက်တာပဲ အဖတ်တင် တယ်'' ဟုယင်းကပြောသည်။

ယင်းကဆက်လက်ပြောရာတွင် တောင်ပေါ်ကိုတက်ဖို့အစီအစဉ်ရှိ သော်လည်းဘုရားဖူးပြည်သူများအ လွန်များပြား နေသော်ကြောင့်နေရာ ထိုင်ခင်းအခက်အခဲဖြစ်နေကြောင်း တည်းခိုခန်းခများမှာ လည်းဈေးနှုန်း အဆမတန်မြင့်မားနေခြင်းကြောင့်ပြန် လှည့်ရခြင်းဖြစ်ကြောင်းသိရသည်။

ပုံမှန်ခရီးသွားလာမှုနည်းပါးသည့် အချိန်တွင်တည်းခိုခန်းခများကိုဂေါ ပကအဖွဲ့မှ သတ်မှတ်ထား သည့်ဈေးနှုန်း ဖြင့်တည်းခိုနိုင်သော်လည်းဘုရားဖူး များသည့်ရုံးပိတ်ရက်များတွင်အခန်း လိုအပ်ချက် အရ ဈေးနှုန်းကြီးမြင့်လေ့ ရှိကြောင်းသိရသည်။

ကျိုက်ထီးရိုးဂေါပကဥက္ကဌဦးစံ မြင့်က''ကျွန်တော်တို့ကဈေးနှုန်းသတ် မှတ်ပေးထား တယ်ဘုရားဖူး အရမ်း များလာ တဲ့အခါဘုရားဖူးတွေကအခန်းလိုချင် တဲ့အတွက်ဈေးနှုန်း မကြည့်ပဲ ငှားရမ်း ကျတယ်ရှိ တဲ့အခန်းနဲ့ ငှားချင်တဲ့သူမ မျှလို့ဒီလိုမျိုးဈေးကြီးတာပါ''ဟုယင်း ကပြော သည်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကိုနှစ် စဉ်ဘုရားဖူဧည့်သည် လာရောက်လေ့ ရှိပြီးအစိုးရုံးပိတ်ရက်များ နှင့် ခရစ်စမတ် ပွဲတော်ကာလ အတွင်းတွင်ဘုရားဖူး ပြည်သူများတစ်ရက်လျှင်(၁)သိန်းကျော် လာရောက် လေ့ ရှိကြောင်း သိရသည်။

ကျိုက်ထီးရိုး ဘုရားဖူးများစံချိန် တင်လာရောက်သဖြင့်တည်းခိုခန်းခ များသိန်းချီနေ
=============================================
ညီသစ်လူ
=============================================
ကျိုက်ထီးရိုးဆံတော် ရှင်စေတီတော်မြတ်ကြီးသို့ယခုနှစ် ဘုရားပွဲတော်ကာလအတွင်းပြည်တွင်း ဘုရားဖူးများ စံချိန်တင်လာရောက်လျက် ရှိသဖြင့်တည်းခိုခန်းခများသိန်းချီနေ ကြောင်းပြည်တွင်း ဘုရားဖူးများ ၏ပြောကြား ချက်အရသိရသည်။
...
ကျိုက်ထီးရိုးတောင်ပေါ်သို့ကင် မွန်းစခန်းတောင်ခြေမှကားဖြင့်တိုက် ရိုက်သွား နိုင်သည့် နောက်ပိုင်း ပြည်တွင်း ပြည်ပဘုရားဖူး ဧည့်သည် များပြားလာ ခြင်းဖြစ်ကြောင်း၊ဘုရားသို့သွား ရာလမ်း တစ်လျှောက် ရှိသဘာဝ ပတ်ဝန်းကျင် ကိုဘုရားဖူးများမှနှစ်သက်သည့်အတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိရ သည်။
ဘုရားဖူး ဧည့်သည်များ အလွန်များ ပြားစွာလာရောက်ခြင်းကြောင့်တည်းခို ခန်း စရိတ်များ ဈေးကြီးမြင့် နေကြောင်း သိရသည်။ ယင်းနှင့်စပ်လျဉ်း၍ပြီးခဲ့ သည်ရက်ပိုင်းအတွင်းဘုရားဖူးခရီးစဉ် မှပြန်ရောက် လာ သည့် ဦးနိုင်နိုင်က ''အခန်း ခကတစ်ညကို(၁)သိန်း၃သောင်းပေး ရတယ်ရန်ကုန်က ကြယ်ငါးပွင့်အဆင့် ရှိတဲ့ ဟိုတယ် တောင်ဒီလောက်မရှိဘူး ဟိုမှာတည်းခိုခန်းခကအရမ်းဈေးကြီး တယ်''ဟု ယင်းက ဆိုသည်။

ယင်းအပြင်ဘုရားဖူး တစ်ဦးဖြစ်သူဒေါ်မြမြက''ကျွန်မစက်ရုံကလေး တွေကိုအမျိုးသားနေ့က ကျိုက်ထီးရိုး ဘုရားဖူးလိုက်ပို့တာ ကျိုက်ထီးရိုးဘု ရားသို့ဆိုတဲ့နေရာကနေပြန်လာရတယ် မနက်ပိုင်း မှာ ရောက်တယ် ဒါပေမဲ့ရှေ့ ဆက်ပြီးသွားလို့မရဘူးအပြန်ကားတွေ နဲ့ဒီကအသွားကား တွေစည်းကမ်း မရှိ အပြိုင်မောင်း ကျလို့လမ်းတွေပိတ်ကုန်တယ် ဂေါပကတွေနဲ့ယာဉ်ထိန်းရဲ တွေလမ်း ရှင်းတာ အဆင် မပြေဘူးသူ တိုစီမံခန့်ခွဲတာအရမ်းညံတယ်ဘုရား ဖူးပြည်သူတွေ ဒုက္ခရောက်တာပဲအ ဖတ်တင် တယ်'' ဟုယင်းကပြောသည်။

ယင်းကဆက်လက်ပြောရာတွင် တောင်ပေါ်ကိုတက်ဖို့အစီအစဉ်ရှိ သော်လည်းဘုရားဖူးပြည်သူများအ လွန်များပြား နေသော်ကြောင့်နေရာ ထိုင်ခင်းအခက်အခဲဖြစ်နေကြောင်း တည်းခိုခန်းခများမှာ လည်းဈေးနှုန်း အဆမတန်မြင့်မားနေခြင်းကြောင့်ပြန် လှည့်ရခြင်းဖြစ်ကြောင်းသိရသည်။

ပုံမှန်ခရီးသွားလာမှုနည်းပါးသည့် အချိန်တွင်တည်းခိုခန်းခများကိုဂေါ ပကအဖွဲ့မှ သတ်မှတ်ထား သည့်ဈေးနှုန်း ဖြင့်တည်းခိုနိုင်သော်လည်းဘုရားဖူး များသည့်ရုံးပိတ်ရက်များတွင်အခန်း လိုအပ်ချက် အရ ဈေးနှုန်းကြီးမြင့်လေ့ ရှိကြောင်းသိရသည်။

ကျိုက်ထီးရိုးဂေါပကဥက္ကဌဦးစံ မြင့်က''ကျွန်တော်တို့ကဈေးနှုန်းသတ် မှတ်ပေးထား တယ်ဘုရားဖူး အရမ်း များလာ တဲ့အခါဘုရားဖူးတွေကအခန်းလိုချင် တဲ့အတွက်ဈေးနှုန်း မကြည့်ပဲ ငှားရမ်း ကျတယ်ရှိ တဲ့အခန်းနဲ့ ငှားချင်တဲ့သူမ မျှလို့ဒီလိုမျိုးဈေးကြီးတာပါ''ဟုယင်း ကပြော သည်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကိုနှစ် စဉ်ဘုရားဖူဧည့်သည် လာရောက်လေ့ ရှိပြီးအစိုးရုံးပိတ်ရက်များ နှင့် ခရစ်စမတ် ပွဲတော်ကာလ အတွင်းတွင်ဘုရားဖူး ပြည်သူများတစ်ရက်လျှင်(၁)သိန်းကျော် လာရောက် လေ့ ရှိကြောင်း သိရသည်။

အေးချမ်းမွန်မှ  Yangon Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။