ရန်ကုန်၊ ဒီဇင်ဘာ ၅
ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) က အမေရိကန် ဒေါ်လာ သုံးသန်း အကုန်အကျ ခံကာ ကူးစက်ရောဂါ သုတေသန ဓါတ်ခွဲခန်း အဆောက်အအုံကို ဆောက်လုပ် ပေးမည် ဖြစ်ကြောင်း ဆေးသုတေသန (အောက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဦးဝင်းအောင်က The Voice Weekly သို့ ပြောကြားသည်။
ငှက်ဖျား၊ တီဘီနှင့် အသည်းရောင် အသားဝါ ရောဂါတို့ကို နှစ်နိုင်ငံ ပူးပေါင်း စမ်းသပ် သုတေသန လုပ်ကိုင်ရန် အဆိုပါ အဆောက်အအုံ ဆောက်လုပ်ရခြင်း ဖြစ်ကြောင်း ယင်းအဆောက် အအုံ ဆောက်လုပ်ရခြင်း အကြောင်းကို ၎င်းက ရှင်းပြသည်။
နှစ်ထပ် အဆောက်အအုံ ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်း၊ ပန္နက်တင် အခမ်းအနားကို ဒီဇင်ဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ဦးဝင်းအောင်၏ ပြောပြချက် အရ သိရသည်။
ဆေး သုတေသန (အောက်မြန်မာပြည်) နှင့် ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့သည် ၂၀၀၁ ခုနှစ်မှ စတင်၍ ပူးပေါင်း သုတေသနများ ပြုလုပ် လာခဲ့ခြင်း ဖြစ်သည်။

No comments:
Post a Comment