လက်ပံတောင်းတောင်
အရေးနှင့် ပတ်သက်၍ ကြေးနီမိုင်း လုပ်ငန်းအား ဆက်လက် ဆောင်ရွက်ရန်
သင့်/မသင့်နှင့် ဆန္ဒပြမှု ဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေမှန်
ဖော်ထုတ်နိုင်ရန် နိုင်ငံတော် သမ္မတရုံးက အမိန့်ကြေငြာစာအမှတ် ၉၂/၂၀၁၂ ကို
ထုတ်ပြန်၍ စုံစမ်း စစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ယနေ့ (၂၀၁၂ ဒီဇင်ဘာ ၁ ရက်)
တွင် ဖွဲ့စည်းပေးလိုက်ကြောင်း သတင်း ရရှိပါသည်။
အဆိုပါ စုံစမ်း
စစ်ဆေးရေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မည်
ဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဦးစစ်မြိုင်က
အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ကာ အောက်ပါ ပုဂ္ဂိုလ် (၂၈) ဦးတို့က
အဖွဲ့ဝင်အဖြစ် ပါဝင်ကြမည် ဖြစ်သည်။
(၁) ဦးလွန်းသီ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၂) ဦးသန်းမြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၃) ဒေါ်ခင်စန်းလှိုင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၄) ဦးဇော်မြင့်ဖေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
(၅) ဦးခင်မောင်ရီ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
(၆) ဦးအောင်ကြည်ညွန့် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
(၇) ဦးခင်မောင်ဆွေ (ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)
(၈) ဦးမျိုးညွန့် (အထွေထွေအတွင်းရေးမှူး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ)
(၉) ဒေါက်တာဝင်းမောင် (Chairman, Myanmar Environmental Institute)
(၁၀) ဦးကျော်တင့်ဆွေ (သံအမတ်ကြီး (ငြိမ်း)၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်)
(၁၁) ဦးမောင်မောင်အေး (Senior Consultant on Social Assessment, Myanmar Environmental Institute)
(၁၂) ဦးစိုးသိန်း (ခ) မောင်ဝံသ (စာရေးဆရာ)
(၁၃) ဦးဝင်းထိန် (ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်း ဦးစီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန)
(၁၄) ဦးမြင့်ဆွေ (ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)
(၁၅) ဦးတင်မြင့် (ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန)
(၁၆) ဦးလှမောင်သိန်း (ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပတ်ဝန်းကျင်
ထိန်းသိမ်းရေး ဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ
ဝန်ကြီးဌာန)
(၁၇) ဒေါက်တာဒေါ်ကေသီလွင် (ပါမောက္ခချုပ် (တာဝန်)၊ နည်းပညာတက္ကသိုလ် (သံလျင်))
(၁၈) ဒေါက်တာဒေါ်မာလာအောင် (ဒုတိယ ပါမောက္ခချုပ်၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်)
(၁၉) ဦးအောင်နိုင်ဦး (Myanmar Peace Center)
(၂၀) ဦးပေါ်ဦးထွန်း (ခ) မင်းကိုနိုင် ((၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့)
(၂၁) ဦးကိုကိုကြီး ((၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့)
(၂၂) ဒေါက်တာမြင့်သိန်း (ညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင် ကျန်းမာရေးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန)
(၂၃) ဦးနေဦး (ဒုတိယ ညွှန်ကြားရေးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန)
(၂၄) ဦးဝင်းကြည် (ဌာနကြီးမှူး၊ ထုတ်လုပ်မှု လုပ်ငန်းများ ဌာနကြီး၊ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်)
(၂၅) ဒုတိယ ဗိုလ်မှူးကြီး အောင်သန်း (ကာကွယ်ရေးဝန်ကြီးဌာန)
(၂၆) ဦးဗိုလ်သန်း (ကံကုန်းရွာ၊ ကျောက်မျက်ကျေးရွာအုပ်စု၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး)
(၂၇) ဦးအောင်ဇော်ဦး (ဝက်မှေးရွာ၊ ရွာရှည်ကျေးရွာအုပ်စု၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး)
(၂၈) ဦးဘိုဌေး (တုံရွာမ၊ တုံကျေးရွာအုပ်စု၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး)
ယင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ်
ဖြစ်စဉ်ဖြစ်ရပ် အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေ
စိုးမိုးရေးနှင့် အမျိုးသား အကျိုးစီးပွား တိုးတက်စေရေး တို့အတွက်
သုံးသပ်ချက်နှင့်တကွ အကြံပြု တင်ပြရမည် ဖြစ်ကြောင်းလည်း သိရသည်။
(က) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာ
ပြဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ စနစ်တကျ
ဆောင်ရွက်ခြင်း ရှိ/မရှိ၊
(ခ) ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ၊
(ဂ) ကြေးနီစီမံကိန်း ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုး ရှိ/ မရှိ၊
(ဃ) ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒ ဖော်ထုတ်ရသည့် အကြောင်းရင်းများ၊
(င) ဆန္ဒ ဖော်ထုတ်မှုအပေါ် ထိန်းသိမ်း ဆောင်ရွက်မှုနှင့် ဆန္ဒ ဖော်ထုတ်သည့် သံဃာတော်များအား ထိခိုက်ဒဏ်ရာ ရသည့်အပေါ် သုံးသပ်ချက်၊
(စ) ကြေးနီစီမံကိန်းအား ဆက်လက် ဆောင်ရွက်ရန် သင့်/ မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်/ မသင့်၊
(ဆ) နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေ စိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊
(ဇ) ကော်မရှင်၏ အထွေထွေ သုံးသပ်တင်ပြချက်နှင့် အကြံပြုချက်များ။
စုံစမ်းစစ်ဆေးရေး ကော်မရှင် တာဝန် ထမ်းဆောင်စဉ် အုပ်ချုပ်ရေး ကိစ္စများအား
သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက တာဝန်ခံ
ဆောင်ရွက်ပေးရမည် ဖြစ်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန် ထမ်းဆောင်စဉ်
လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ပြည်ထောင်စု
ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော် သမ္မတရုံးနှင့်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ဖြည့်ဆည်း ပေးရမည်
ဖြစ်ကြောင်းလည်း ကြေငြာချက်တွင် ဖော်ပြပါရှိသည်။
စုံစမ်းစစ်ဆေးရေး
ကော်မရှင်သည် စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေတို့နှင့်အညီ စုံစမ်း စစ်ဆေးနိုင်သည့်အပြင်
သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ်ခြင်းနှင့်
လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိပြီး
စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံသို့ ၂၀၁၂ ခုနှစ်၊
ဒီဇင်ဘာလ (၃၁) ရက်နေ့ အရောက် အစီရင်ခံတင်ပြရမည်ဟုလည်း ဖော်ပြထားသည်။
No comments:
Post a Comment