Saturday, December 1, 2012

တိမ်ဖုံးတဲ့ညနဲ့ လမင်းဆန္ဒ

တရှိုက်မက်မက်ဖြူစင်ခြင်းတွေအတွက်
အရောင်ပြောင်းတတ်တဲ့ တောင်တွေကြားမှာ
ငါဟာ လိပ်တစ်ကောင်ဖြစ်နေရဲ့ ။
ပြောလိုက်စမ်းပါလေ…
အသံမထွက်တဲ့ လေနတ်သားတွေအတွက်
ကျည်ဆံမရပ်တဲ့ နတ်နန်းတော်တွေရှိရဲ့လို့ ။
အပြုံးတစ်ပွင့်အတွက်
နံနက်ခင်းတွေ လန်းဆန်းခဲ့ရ
ပန်းပွင့်တွေက လမ်းခင်းပေးကြ
တုတ်ထိုးလို့ထမ်းတဲ့ ကကြိုးကအပိုးမကျိုးနဲ့
ချော်ထွက်တဲ့နတ်နဂါးက ပြသဒါးမှာလာလည်သွားတယ်။
မေမေရေ…
လောကရဲ့လောင်မြိုက်တဲ့ချော်ရေတွေကြားမှာ
အတောင့်တမိဆုံးအရာကတော့
ငယ်ဘ၀က ၀တ်စုံညစ်နွမ်းနွမ်းလေးနဲ့သာ
အသာကြော့လို့ ပြေးဆော့ချင်တော့တာပါ။

No comments:

Post a Comment