မြန်မာ နိုင်ငံ၏
ရှေးဟောင်းနယ်မြေ ဒေသ
တစ်ခုဖြစ်သည့်
ပုဂံညောင်ဦး သို့
လာရောက် လည်ပတ်မှုနှုန်း
မြင့်တက် လာသော်လည်း
ဧည့်ဝင်ကြေး ခွဲဝေ
သုံးစွဲခွင့် မရသဖြင်
့ဒေသ ဖွံ့ဖြိုးရေး
ဆောင်ရွက် နိုင်မှု
အားနည်း နေကြောင်း
မန္တလေးတိုင်း ဒေသကြီး
ညောင်ဦး မြို့နယ်
လွှတ်တော် ကိုယ်စားလှယ်
ဦးသန်း ဌေး က
ပြောကြားသည်။
ရှေးဟောင်း မြို့တော် ဖြစ်သည်နှင့် အညီ နိုင်ငံခြားသားများ လာရောက်မှု ကြောင့် မြို့တော် သန့်ရှင်း သာယာရေး အတွက် ဆောင်ရွက်ရာတွင် ဦးစားပေး ငွေကြေး အသုံးပြုမှု များသဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်မှု အားနည်း နေရခြင်း ဖြစ်ကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။
“ပုဂံညောင်ဦးကို ဝင်လာတဲ့ နိုင်ငံခြားသား ဧည့်သည် တွေကို ရှေးဟောင်း နယ်မြေဝ င်ကြေး၁၀ ဒေါ်လာ ကောက်ခံတဲ့ အပေါ်ကနေ စည်ပင်သာယာရေး ကလည်း ရာခိုင်နှုန်း အနေနဲ့ ပြန်ရ တယ်၊ သုံးနှစ်လောက် ကတည်းက စည်ပင်က ရမယ့် ခွဲတမ်း မရတော့ မြို့အတွက် သုံးစွဲရတဲ့ ငွေကြေးအ ခက် အခဲ ဖြစ်တယ်” ဟု ဦးသန်းဌေးက ဆိုသည်။
နိုင်ငံခြားသား များ သွားလာ လည်ပတ်ရေး အတွက် ညအချိန်တွင် လမ်းမီး အပြည့် ထွန်းပေး ထားခြင်းများ ရှိပြီး တစ်လလျှင် မီတာခ ရှစ်သိန်း ကျပ်ခန့် ကုန်ကျမှု ရှိကြောင်း၊ ငွေကြေး မရှိသဖြင့် စက်ဘီးလမ်း ပြုလုပ်ခြင်း နှင့် အမှိုက်ကျူံး လုပ်ငန်းများ အတွက်လည်း အခက်အခဲ များ ရှိနေကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။
ရှေးဟောင်း နယ်မြေ ဝင်ကြေးကို ၁၉၉၄ ခုနှစ်တွင် စတင် ကောက်ခံ ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ရှေးဟောင်း သုတေသန၊ လဝက၊ ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်ဌာန လေးခု ပေါင်းကာ ကောက်ခံ ခဲ့ရာမှ ၂၀၀၂ ခုနှစ်တွင် ရှေးဟောင်း သုတေသန ဌာန တစ်ခုတည်း ကသာ ပြောင်းလဲ ကောက်ခံခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဝန်ကြီး ဦးဖုန်းဇော်ဟန် က ပြောကြားသည်။
“ကောက်ခံရငွေ တွေကို နိုင်ငံတော်ရဲ့နိုင်ငံခြား ရငွေ ခေါင်းစဉ်အောက် ရောက်ပြီးတော့ နိုင်ငံတော်က ဘဏ္ဍာရေး နှစ်အလိုက် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲတယ်” ဟု ဦးဖုန်းဇော်ဟန်က ဆက်လက် ပြောကြားသည်။
ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ပုဂံညောင်ဦးသို့ နိုင်ငံခြားသား ဝင်ရောက် လေ့လာမှုမှာ ၂၀၁၁ ခုနှစ်တွင် လူဦးရေ တစ်သိန်းကျော် ရှိပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ထိ တစ်သိန်း နှစ်သောင်း ကျော်ဝင် ရောက်မှု ရှိကြောင်း ညောင်ဦးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဌေးက ပြောကြားသည်။

No comments:
Post a Comment