ကမ္ဘာကျော် ငွေကြယ်ပွင့် အနုပညာရှင် ဂျေဆင်မရက်ဇ် တစ်ယောက်ရဲ့ ဟင်းလင်းပြင် ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၆ ရက်တွင် ရန်ကုန်မြို့ ပြည်သူ
့
ရင်ပြင်၌ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ ဂျေဆင် အပြင် ပြည်တွင်းမှ
အဆိုကျော်များ ဖြစ်ကြ တဲ့ ဖြူဖြူကျော်သိန်းနဲ့ R ဇာနည် တို့ကလည်း ပါဝင်
သီဆို ဖျော်ဖြေ ပေးမှာပါ။ ဒီဖျော်ဖြေ ပွဲဟာ အခမဲ့ပွဲ တစ်ခုဖြစ်ပြီး
'လူကုန်ကူးမှု ပပျောက်ရေး' စီမံချက် အတွက် ပြည်တွင်း အစိုးရ
အဖွဲ့အစည်းများနဲ့ NGO များရဲ့ ပူးပေါင်းမှုနဲ့ ပေါ်ပေါက် လာတဲ့ပွဲ တစ်ခုပါ။
ဂျေဆင်လို ဂရန်မီဆု နှစ်ဆု ရထားတဲ့ ကမ္ဘာကျော် အနုပညာရှင် တစ်ယောက် အနေနဲ့ မြန်မာပြည်မှာ ဖျော်ဖြေပွဲ ကျင်းပခြင်းဟာ ပထမဆုံးလို့ ဆိုရ မှာပါ။ ဒီလိုပွဲ မျိုးကို ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံရဲ့ ပထမဆုံး ကမ္ဘာသိ ဖျော်ဖြေပွဲ အဖြစ် လာရောက် ကျင်းပပေးမယ့် ဂျေဆင် မရက်ဇ် အကြောင်းကို ပြည်တွင်း ပရိသတ် များနဲ့ မိတ်ဆက် ရမယ်ဆိုရင် ...။
ဂျေဆင်ဘဝအစ
၁၉၇၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်ဖွား ဖြစ်တာကြောင့် ဒီနေ့မှာ ဆိုရင် ဂျေဆင်ဟာ အသက် ၃၅ နှစ် ကျော် နေပါပြီ။ ဗာဂျီးနီးယား ပြည်မှာ မွေးဖွားခဲ့တဲ့ ဒီအနုပညာ ရှင်ဟာ အဆိုတော်၊ တေးရေး၊ ဂီတသမား ဆိုတဲ့ ဘဝ သုံးခုကြားမှာ မျှတစွာ နေထိုင်ရင်း အောင်မြင်မှု သရဖူ ဆောင်းနေ သူပါ။
သူ့ရဲ့ ဂီတ ဘဝအစ ကို တော့ San Diego Coffee House မှာ အစ ပြုခဲ့ ပါတယ်။ ဒီ Coffee House မှာပဲ ပါကေးရှင်း ပညာရှင် တိုကာ ရီဗာရာနဲ့ ဆုံပြီး Acoustic Live တွေ စလွှင့် ခဲ့ပါတယ်။ အဲဒီ နောက် "Waiting For my Rocket" အမည်ရ အယ်လ်ဘမ်နဲ့ ဗွေဆော်ဦး အောင်မြင် သွားပြီး အဲဒီ အယ်လ်ဘမ် ထဲက "The Remedy" (I Won't worry) သီချင်းနဲ့ ပေါက်ကောင် ဖြစ်သွား ပါတယ်။ ဒီနောက် "Mr. A-Z" အမည်ရ ဒုတိယမြောက် အယ်လ်ဘမ်ကို ဆက်လှမ်းရင်း ကြီးမားတဲ့ အောင်မြင်မှုကို ထပ်မံ ဆွတ်ခူးနိုင် ပါတယ်။ အဲဒီ အယ်လ်ဘမ်ဟာ Billboard (200) စာရင်းမှာ နံပါတ် (၅) နေရာ ရောက်ခဲ့ပြီး US မှာလည်း ချပ်ရေ ၁ သိန်း ကုန်အောင် ရောင်းခဲ့ ပါတယ်။ ၂ဝဝ၈ ခုနှစ်ကျမှ "We Sing, We Dance, We Steal thing" အမည်ရ အယ်လ်ဘမ်နဲ့ Billboard (200) စာရင်းရဲ့ နံပါတ် (၃) နေရာယူ ပြန်ပြီး အဟော့ဆုံး နိုင်ငံတကာ ဂီတ ဇယား စာရင်းမှာ Top Ten စာရင်းဝင် နိုင်ခဲ့ ပါတယ်။
ဂျေဆင် မရက်ဇ်ရယ်လို့ ကမ္ဘာက သိသွားတဲ့ အောင်မြင်မှုကို အဲဒီ တတိယ အယ်လ်ဘမ် ထဲက "I'm Yours" သီချင်းနဲ့ အရယူ ခဲ့တာပါ။ ဒီသီချင်းနဲ့ ဂျေဆင်ဟာ Top Ten စာရင်းမှာ အချိန် အတော်ကြာ ရေပန်းစား ခဲ့ပြီး ၇၆ ပတ် တိုင်တိုင် အောင်ပွဲ ခံနိုင်ခဲ့ ပါတယ်။ ဒါကြောင့်လည်း အဆိုပါ သီချင်းနဲ့ ပလက်တီနမ် ဆုတွေပါ ရခဲ့ပြန် ပါတယ်။ ၂ဝဝ၉ ခုနှစ်ရဲ့ အမျိုးသား အကောင်းဆုံး ပေါ့ပ်အသံ စွမ်းရည်ဆုနဲ့ ပေါ့ပ်သီချင်း အလိုက်ဖက် ဆုံးဆု နှစ်ဆုကို ရရှိခဲ့ ပါတယ်။
၂ဝ၁၁ ခုနှစ်၊ ဇူလိုင် မှာတော့ ဂျေဆင်ရဲ့ ဝက်ဘ်ဆိုက် ဖြစ်တဲ့ Jason Mraz.com ကို လွှင့်တင်ပြီး ကမ္ဘာ့ တစ်ခွင် လှည့်လည် ဖျော်ဖြေရေး ပွဲတွေကို စတင်ခဲ့ ပါတယ်။ ၂ဝ၁၂ အတွင်း မှာတော့ သူ့ရဲ့ အသစ်ထွက် ရှိမယ့် အယ်လ်ဘမ် နာမည်ဟာ "Love is a Four Letter world" ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို ခဲ့ပြီး ဒီအယ်လ်ဘမ် မှာပါမယ့် သီချင်း "I Won't give up" ကို ထုတ်လွှင့်ခဲ့ရာ itunes မှာ နံပါတ် (၁) သီချင်း နေရာ ချိတ်ခဲ့ ပါတယ်။
လူမှုဘဝ
ဂျေဆင်ဟာ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း အဆိုတော်၊ တေးရေး ထရစ္စတန် ပရီးတီးမန်းနဲ့ စေ့စပ်ထား ပါတယ်။ ဒါပေမဲ့ အင်တာဗျူး တစ်ခုမှာတော့ သူတို့ကြားက စေ့စပ်မှုဟာ မရှိတော့ဘူး လို့လည်း ဖြေခဲ့ပါတယ်။
ကျန်းမာရေး အခြေစိုက် Life Style ကို နှစ်သက်သူ ဖြစ်ပြီး သဘာဝ အသီးအရွက် စားသုံး ရခြင်းကို နှစ်သက် သူပါ။ San Diego မှာ ထောပတ်သီး ခြံတစ်ခြံကို ပိုင်ဆိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် လူမှု အကျိုးဆောင် လုပ်ငန်း တွေမှာ အားသွန် ခွန်စိုက် ကူညီပေး တတ်သူ ဖြစ်တာကြောင့် လူ့အခွင့် အရေး၊ ကလေး သူငယ် စောင့်ရှောက်ရေးနှင့် လူသားချင်း စာနာခြင်း ဆိုင်ရာ ကိစ္စရပ် များမှာ သူ့ကို တွေ့ရတတ် ပါတယ်။ Surfrider ဖောင်ဒေးရှင်းရဲ့ Clean Water ဆုကို ၂ဝ၁ဝ ပြည့်နှစ် တုန်းက ရရှိခဲ့ ပါတယ်။ သူ့ရဲ့ ပေါက်သီချင်း "I'm Yours" ကို ကမ္ဘာမြေ သဘာဝကို ကာကွယ်ရန် ရည်မှန်းချက် ရှိတဲ့ လူမှုရေး လုပ်ငန်းများ အတွက် သုံးပေးခဲ့ ပါတယ်။ ဂျေဆင်ဟာ လိင်တူ ချစ်သူများ သာတူညီမျှ အခွင့်အရေး ရရှိရေး လှုပ်ရှားမှု ကိုလည်း ထောက်ခံ သူပါ။ ။
အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

No comments:
Post a Comment