Friday, December 28, 2012

တန်ဖိုးနည်း အိမ်ရာစီမံကိန်း အတွင်းရှိ ကျူးကျော် အိမ် များကို ဥပဒေအရ ဖယ်ရှားမည်

အစိုးရ ဝန်ထမ်းများနှင့် ကုမ္ပဏီ ဝန်ထမ်းများ အတွက် နှစ် ၂၀ အရစ်ကျ စနစ်ဖြင့် တန်ဖိုး ပေးချေရမည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း နေရာများ အတွင်း ဆောက်လုပ် ထားသော ကျူးကျော်နေအိမ် များကို တရား ဥပဒေ အရ ဖယ်ရှား သွားမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
“အလုပ်လုပ်တဲ့ လူတွေ အတွက် ကျော တစ်ခင်းစာ တစ်နေရာစာ စီစဉ် ပေးတာကို အလုပ် မလုပ်တဲ့ ကျူးကျော်တွေ ဝင်ရောက် နှောင့်ယှက်လို့ မဖြစ်ပါဘူး” ဟုဝန်ကြီးက ဆိုသည်။

အဆိုပါ စီမံကိန်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ၂၀၁၃ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း အပြီး တည်ဆောက် သွားရန် စီစဉ်လျက် ရှိရာ ယခုကဲ့သို့ ကျူးကျော်များ ဝင်ရောက် လာမှုကြောင့် အမှန်တကယ် အလုပ် လုပ်သူများ အတွက် နစ်နာ စေသောကြောင့် ယင်းကျူးကျော် များကို ဖယ်ရှား ရှင်းလင်း သွားမည် ဖြစ်ကြောင်း ကျူးကျော်များ ဝင်ရောက် နေထိုင်မှုနှင့် ပတ်သက်၍ ဝန်ကြီးက ရှင်းပြသည်။

အဆိုပါ ဧရာဝဏ် အိမ်ရာ စီမံကိန်းကို အကျယ်အဝန်း ဧက (၁၂၀) ခန့်တွင် အခန်းပေါင်း (၅၄၀၀) ခန်းနှင့် ရတနာ အိမ်ရာ စီမံကိန်းကို ဧက(၁၀၀)ခန့်တွင် အခန်းပေါင်း (၄၆၅၆)ခန်း၊ အခန်းပေါင်း (၁၀၀၅၆)ခန်း ပါဝင်ပြီး လူဦးရေ ငါးသောင်းခန့် နေထိုင်နိုင်ရန် ဖော်ထုတ် တည်ဆောက် သွားမည် ဖြစ်သည်။

No comments:

Post a Comment