အာဆီယံ ထိပ်တန်း
ပဲတင်ပို့သည့်
မြန်မာနိုင်ငံ၏
ပဲမျိုးစုံ ဈေးကွက် သည်
ကမ္ဘာ့စီးပွားရေး
အားပျော့လျက်
ရှိခြင်းကြောင့်
ဝယ်လိုအား လျော့နည်း
ကျဆင်းလျက်ရှိ ကြောင်း
မြန်မာနိုင်ငံ
ပဲမျိုးစုံ နှင့်
နှမ်းကုန်သည်များ အသင်း
အတွင်းရေးမှူး
ဦးမင်းကိုဦး က The Voice Weekly သို့
ပြောကြားသည်။
နှစ်စဉ် ပဲမျိုးစုံ ဝယ်လိုအား သွက်သည့် အောက်တိုဘာ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလ များ ၌ပင် ဈေးကွက် အရောင်း အဝယ် အေးလျက် ရှိသည်ဟု ရန်ကုန်မြို့တော် အခြေစိုက် ပဲမျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးကျော်ဆန်းမိုး က ပြောကြားသည်။
ပဲမျိုးစုံ စိုက်ပျိုးချိန် မိုးဦး ကာလအတွင်း က တွေ့ကြုံ ခဲ့ရသော မိုးခေါင်မှုများ နှင့် မကြာခင်က တွေ့ကြုံခဲ့ရသည့် ရွှေဘိုငလျင် လှုပ်ခတ်မှု ဒဏ်ကြောင့် ဒီဇင်ဘာလကုန် ဇန်နဝါရီလတွင် ထွက်ရှိမည့် ပြည်ပသို့ အများဆုံး တင်ပို့ရလျက် ရှိသော ပဲစင်းငုံ နှင့် ပဲတီစိမ်း သည် ၃၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်း ခန့်ထိ အထွက် လျော့ကျ နိုင်ကြောင်း၊ ယင်းသို့ ပြည်တွင်း၌ ပဲမျိုးစုံ အထွက်နှုန်း ကျဆင်းသည့် နှစ်များတွင် ပဲမျိုးစုံ ဈေးနှုန်းသည် ပေါက်ဈေးထက် မြင့်လေ့ ရှိသည် ဟု ဦးမင်းကိုဦး က သုံးသပ် ပြောကြားသည်။
ယင်းသို့ နိုင်ငံတကာ ပဲဈေးကွက် အရောင်းဝယ် အေးပြီး ပေါက်ဈေး ကျဆင်းခဲ့သည့် အတွက် မြန်မာနိုင်ငံ မှတင်ပို့သော ပဲမျိုးစုံ ပို့ကုန် ရငွေသည် ယခင်နှစ် ထက် အမေရိကန်ဒေါ်လာ သိန်း ၂၀၀ ကျော် လျော့ နည်း ကျဆင်းလျက် ရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များ အသင်း ထံ မှ စုံစမ်း သိရှိရသည်။
ယခုနှစ် ဧပြီလ ၁ ရက်နေ့ မှ ဒီဇင်ဘာလ ပထမပတ် ခန့်ထိ ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၉၆၄,၄၁၄ တန် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၆၁၆ ဒဿမ ၅၄၇ ဒေါ်လာ ရရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အလားတူ ကာလ အတွင်း ပဲမျိုးစုံ တန်ချိန် ၉၈၄,၀၈၈ တန် တင်ပို့ ခဲ့ရာ အမေရိကန် ဒေါ်လာ ၈၁၀ ဒဿမ ၅၃၁ ဒေါ်လာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များ အသင်း ထံ မှ စုံစမ်း သိရှိရသည်။
လက်ရှိ ပြည်တွင်း ဈေးကွက် ၌ ပဲစင်းငုံ တစ်တန်လျင် ကျပ် ၅၀၀,၀၀၀ မှ ၅၅၀,၀၀၀ ကျပ်၊ မတ်ပဲ တစ်တန် လျင် ကျပ် ၄၀၀,၀၀၀ မှ ၄၆၀,၀၀၀ ကျပ် နှင့် ပဲတီစိမ်း ပိဿာ ၆၀ ပါ တစ်အိတ်လျင် ၇၅,၀၀၀ ကျပ် ခန့် ဈေး ပေါက် လျက်ရှိကြောင်း ပြည်တွင်း ပဲမျိုးစုံ ဈေးကွက် အတွင်း မှ စုံစမ်း သိရှိရသည်။

No comments:
Post a Comment