Silver Arrow လို့အမည်ပေးထားတဲ့အတွက် မြားတစ်စင်းရဲ့  အလျင်အတိုင်း ခပ်မြန်မြန် ပြေးနိုင်မယ့်ကား ဖြစ်ပါတယ်။
ကားကိုယ်ထည်တစ်ခုလုံး ငွေသတ္တုနဲ့လုပ်မယ်ဆိုတော့ အပူလွန်ရင် အရည်ပျော်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီတော

့
ငွေနဲ့လည်း ကိုယ်ထည် လုပ်မယ် အရည်လည်း မပျော်အောင် ဘယ်လိုလုပ်မလဲဆိုတာ
ဂျာမနီ Mercedes က ကြိုတင် တွက်ချက်ထားပြီးသား ဖြစ်ပါတယ်။ အခြား အဆင့်မြင့်
သတ္တုတစ်မျိုးနဲ့ရောလိုက်ရင် ရရှိလာတဲ့ အလွိုင်းက မရည်မပျော် တဲ့အပြင်
ကမ္ဘာ့အကြမ်းခံဆုံး သတ္တုတောင် ဖြစ်လာနိုင်တယ်လို့ ဆိုထားပါ တယ်။
ကားအတွက် လိုအပ်တဲ့ စွမ်းအင် ဘယ်ကယူမလဲလို့လည်း ဒီဇိုင်းအကဲ ခတ်သူတို့က မေးခွန်းထုတ်ပါတယ်။ အလွယ်ဆုံး စဉ်းစားရရင် အပြင် ငွေ သားသတ္တုကနေ အပူဒဏ်ဆုပ်ယူပြီး လျှပ်စစ်ဓာတ်အား အဖြစ် ပြောင်း လဲစေဖို့ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲပေးလိုက်တဲ့ လျှပ်စစ်ဓာတ် အား မြင်းကောင်ရေအား ၁၅၀၀ မကတဲ့ စွမ်းအင်မျိုးကိုပေးနိုင် ပါ့မလားဆိုတာ ကတော့ အကြီးမားဆုံး အခက်အခဲ ဖြစ်ပါတယ်။ အနာဂတ်မှာ ဆီဆို တာ မသုံးတော့ပါဘူး။ Fossil Fuel (ရုပ်ကြွင်းဓာတ်လောင်စာ) ဆိုတာ အနာဂတ်မှာ ပျောက်ကွယ်တော့ မှာ ဖြစ်ပါတယ်။ ဒီတော့ လျှပ်စစ်ဓာတ်အား လည်း သုံးချင်တယ်၊ အမြန်မောင်း ပြိုင်ကား လည်း ဖြစ်ချင်သေးတယ် ဆိုတော့ Mercedes ရဲ့  Silver Arrow က ဘယ်လိုလာမလဲဆိုတာ လူတိုင်း စိတ်ဝင်စားနေပါတယ်။
ပုံစံကတော့ တကယ့် ခေတ်လွန်အက်ရှင်ကားတွေထဲကလို စက်ရုပ်ကား ပဲ ဖြစ်ပါတယ်။ နှစ်ယောက်စီးဖြစ်ပြီး ဘီးတွေရဲ့ တည်ဆောက်ပုံ က လည်း တော်တော်ကြီးကွဲပြားနေပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ တည်ဆောက် မှာမို့ လော့အိမ်ဂျလစ် မော်တော်ယာဉ်ပြပွဲ- အနာဂတ် ကားဒီဇိုင်းပြိုင်ပွဲမှာ မာစီဒီးရဲ့  Silver Arrow ကားဒီဇိုင်းကို ဝင်ရောက်ပြသ ခဲ့ပါတယ်။ လူကြိုက်များ ရေပန်းစား ကားထဲမှာလည်း ပါဝင်တဲ့ Silver Arrow ရဲ့  ခပ်မိုက်မိုက်ပုံစံကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref: autoblog
TechSpace Journal
အေးချမ်းမွန်မှ TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journal

No comments:
Post a Comment