Friday, December 28, 2012

ဗီယက်နမ်က ထိုင်းနိုင်ငံကို ငါးနှစ်အတွင်း ကျော်တက်နိုင်


ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ထုတ်လုပ်မှု အဆင့်ကို သတ်မှတ်ရာတွင် ထိုင်းနိုင်ငံရဲ့ အဆင့်က မူလ ၁၁ နေရာတွင် ရှိနေရာမှလာမဲ့ ငါးနှစ်အတွင်း အဆင့် ၁၅ ကို ကျသွားနိုင်ကြောင်းနဲ့ ဗီယက်နမ်နိုင်ငံက ထိုင်းနိုင်ငံကို ကျော်တက်ကာ ထိပ်တန်းအဆင့် ၁၀ သို့ရောက်ရှိလာ နိုင်ကြောင်း Deloitte Touche Tohm-astu ကပြောပါတယ်။ အရှေ့တောင် အာရှဒေသက ကမ္ဘာပေါ်တွင် ယှဉ်ပြိုင်နိုင်မှုရှိသော ကုန်ထုတ်လုပ်မှု အဆင့် အမြင့်ဆုံးဖြစ်ပြီး လာမဲ့ ငါးနှစ်အတွင်း ဤအတိုင်း ဆက်လက် တည်မြဲနိုင်ကြောင်း ထိုင်း နေရှင်နယ် သတင်းဌာနက ပြောပါတယ်။ စင်ကာပူ၊ ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ် တို့လို အရှေ့တောင် အာရှနိုင်ငံတွေက ကမ္ဘာ့ထိပ်တန်း ၂၀ စာရင်းမှာပါ ၀င်နေတာကို ၂၀၁၃ ခုနှစ် ကမ္ဘာ့ကုန်ထုတ်လုပ်မှု ယှဉ်ပြိုင်နိုင်မှုအညွှန်းကိန်း မှာတွေ့ရကြောင်း Deloitte Southeast Asia ဌာနရဲ့ ဦးစီးမှူး နူအာလှိုင် ကစ်တီဆရီ ဆွမ်ဘွမ်းက ပြောပါတယ်။ ဒီနိုင်ငံတွေ အထူးသဖြင့် အင်ဒိုနီးရှားနဲ့ ဗီယက်နမ်က လာမဲ့ငါးနှစ်အတွင်း အဆင့်ပိုမြင့်လာနိုင် သို့မဟုတ် ဒီအဆင့် ကိုဆက်လက်တည်ရှိနေနိုင်ပါတယ်။ ယခုနှစ်မှာအဆင့် ၁၇ မှာရှိနေတဲ့ အင်ဒိုနီးရှားကအဆင့် ၁၁ ကိုရောက် လာပြီး အိန္ဒိယကယခုလက်ရှိအဆင့် လေးကနေ အဆင့် ၂ နေရာကိုရောက် လာနိုင်ပါတယ်။ တရုတ်နဲ့အိန္ဒိယ နိုင်ငံတွေက ကုန်ပစ္စည်းထုတ်လုပ်ရာမှာ အဓိကကျတဲ့ နိုင်ငံတွေဖြစ်နေပေမဲ့ ထုတ်လုပ်သူတွေက ဖြန့်ဖြူးရေးအတွက်ပါ အဆင်ပြေတဲ့ ဈေးကွက်ငယ်တွေဆီကို ပြောင်းလာနေကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ နဲ့ ဂျပန်တို့လို ၂၀ ရာစုတုန်းက ကုန်ထုတ်လုပ်မှု ဌာနကြီးတွေကတရုတ်၊ အိန္ဒိ ယ၊ ဘရာဇီးတို့လို ထွန်းသစ်စနိုင်ငံတွေရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။


အေးချမ်းမွန်မှ COMMERCE JOURNAL တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :COMMERCE JOURNAL

နိုင်ငံရေး ခိုလှုံရန် လိမ်လည် ကြိုးစားမှုဖြင့် မြန်မာတချို့ တောင်ကိုရီးယား တွင် အဖမ်းခံရ


အတုအယောင် နိုင်ငံရေးခိုလှုံရန် ကြိုးစားမှုဖြင့် တောင်ကိုရီယား တရားရေး ၀န်ကြီးဌာနက ဖမ်းဆီးလိုက်သော နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား တချို့ ပါဝင်ကြောင်း သတင်းရရှိသည်။

မြန်မာ၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့မှ နိုင်ငံခြားသား ၂၁ ဦးကို တောင်ကို
ရီယား တရားရေးဝန်ကြီးဌာနက အတုအယောင် နိုင်ငံရေး ခိုလှုံရန် ကြိုးစားမှုဖြင့် ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း တောင်ကိုရီယား အခြေစိုက် Chosun သတင်းတပုဒ်အရ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အရေ
အတွက်၊ ၄င်းတို့၏ အမည်နာမများကိုသိရှိရန် တောင်ကိုရီယားအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မှ ကိုနေထွန်းနိုင်က တရားရေးဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများထံ သွားရောက်
စုံစမ်းခဲ့သော်လည်း ထိမ်းသိမ်းခံထားရသူများ၏ လုံခြုံရေးအတွက် လူဦးရေနှင့် ကိုယ်ရေးအချက်အလက်များ အသိပေးခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော် အတည်ပြု ပြောနိုင်တာကတော့ သူတို့ဟာ ဒီ ကိုရီယားမှာ အခြေစိုက်တဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့အဖွဲ့တွေထဲက မဟုတ်ဘူး ဆိုတာပါဘဲ။ သူတို့ဟာ တသီးပုဂ္ဂလ ဒုက္ခသည် လျှောက်ထားသူတွေ ဖြစ်ပါ
လိမ့်မယ်။ ကျနော့် အတွေ့အကြုံအရတော့ ကိုရီယားမှာ နိုင်ငံရေးခိုလှုံဖို့ အတုအယောင် လျှောက်ထားတဲ့ မြန်မာဆိုတာ နည်းနည်းလေးပါ။ ဒါကလည်း အမေရိကန်တို့ သြဇီတို့မှာလို တခြားနိုင်ငံတွေက အခြေအနေ
လိုမျိုးပေါ့” ဟု ကိုနေထွန်းနိုင်က ဆိုသည်။

တောင်ကိုရီယားနိုင်ငံတွင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများအနေဖြင့်
နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများရှိသော်လည်း အများစုမှာသက်ဆိုင်ရာ
အခြေစိုက် အဖွဲ့အစည်းများမှတဆင့် လျှောက်ထားကြကြောင်း၊ ကိုရီယား
အစိုးရကလည်း အထူးသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို နားလည်သဘောပေါက်သည့်အတွက် မြန်မာနိုင်ငံသားများနှင့် ပတ်သက်
လျှင် အလွန်အကျွံ ကိုင်တွယ်မှု ပြုလေ့မရှိကြောင်း သူက ဆက်ပြောသည်။

လတ်တလော တောင်ကိုရီးယား နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ မြန်မာနိုင်ငံသား ၁ ထောင် ၀န်းကျင်ခန့်ရှိနိုင်ပြီး ဒုက္ခသည်အဖြစ် နေထိုင်နေ
သူပေါင်း ရာဂဏန်းမျှရှိကြောင်း ကိုနေထွန်းနိုင်က ဆိုသည်။

အတုအယောင် နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးစားသော နိုင်ငံခြားသားများကို
တောင်ကိုရီယား လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းတို့သည် ဒုက္ခသည်အဖြစ် ရရှိရေးအတွက် ပွဲစားများကို ငွေ ကြေးပေးကာ ကြိုးစား
လုပ်ဆောင်ခဲ့ကြောင်း Chosun သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့အထဲမှ တချို့သည် ပါကစ္စတန် အတိုက်အခံ နိုင်ငံရေးအဖွဲ့မှဟုဆိုပြီး တာလီဘန်များ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကြောင့် တောင်ကို
ရီယားနိုင်ငံတွင် နေထိုင်ခွင့်ရရန် လိမ်လည် လျှောက်ထားခဲ့ကြောင်း
တောင်ကိုရီယား တရားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

သို့သော် တောင်ကိုရီယား လ၀ကမှ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့
ရာတွင် ၎င်းတို့သည် တောင်ကိုရီယား နိုင်ငံတွင် ဆက်လက်နေထိုင်ခွင့်ရရန် ကြိုးစားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ပြီး ခိုလှုံခွင့် တောင်းသူများကလည်း
နောက်ပိုင်းတွင် ၀န်ခံခဲ့သည်ဟု သိရသည်။

နိုင်ငံခြားသားများအနေဖြင့် ဒုက္ခသည်အဆင့် သတ်မှတ်ရေးအတွက်
တောင်ကိုရီယား အစိုးရကတင်ပြလာသူများ၏ လျှောက်လွှာများကို စိစစ်၍ ပယ်ချခြင်း၊ သို့မဟုတ် တရားရုံးတခုတွင် အသနားခံခြင်းလုပ်ဆောင်နိုင်ခွင့် ရှိသည်ဟု သိရှိရသည်။

၁၉၉၇ ခုနှစ်တွင် တောင်ကိုရီယားနိုင်ငံ၌ ဒုက္ခသည်အဆင့် သတ်မှတ်ပေး
ခဲ့သူ ၁၂ ဦးရှိခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် လူဦးရေ ၁၀၀ ကျော်အထိ ရှိလာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၁၀ ဆအထိ မြင့်တက်လာလာကြောင်း
တောင်ကိုရီးယား လဝကက ပြောဆိုထားသည်။

လ၀က အရာရှိများ အဆိုအရ ဒုက္ခသည်လျှောက်ထားသည့် လျှောက်လွှာ
အများစုသည် သံသယဖြစ်စရာများ တွေ့ရကြောင်း ဆိုသည်။

“နိုင်ငံခြားသာတွေ ဒုက္ခသည်အဖြစ် လျှောက်ထားကြရင်သူတို့ရဲ့ လျှောက်လွှာ
ကို လက်ခံသည်ဖြစ်စေ၊ ပယ်ချလိုက်ရင်ဖြစ်စေ သူတို့ဟာ တောင်ကိုရီယားမှာ
၁ နှစ်ကနေ ၂ နှစ်အထိ တရားဝင် ဥပဒေကြောင်းအရ ရှိနေပိုင်ခွင့် ရှိပါ
တယ်” ဟု တောင်ကိုရီယား လ၀က အရာရှိ တဦးက Chosunသတင်းဌာနသို့
ပြောထားသည်။

အဆိုပါ တောင်ကိုရီယား ဥပဒေပါ အခွင့်အရေးကြောင့် လျှောက်ထားသူများ များပြားနေခြင်းဖြစ်ကြောင်း သူက မှတ်ချက်ပေးသည်။

“ဒုက္ခသည် လျှောက်ထားသူတွေဟာ ဒီမှာ နေထိုင်ခွင့်က ဆုံးဖြတ်ချက် တစုံတရာ မကျမချင်း နေလို့ရတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်မှုရှိကြတာကြောင့် အခုလို လုပ်ကြတာပါ။ ကျနော်တို့ကလည်း သံသယဖြစ်စရာ လျှောက် ထားသူတွေကို စုံစမ်းစိစစ်မှုတွေ စလုပ်ပြီး လုပ်ထုံလုပ်နည်းအရ မလျော်ညီတာတွေ တော်တော်များများ ဖော်ထုတ်
တွေ့ရှိလာဖွယ် ရှိပါတယ်” ဟု အဆိုပါ တောင်ကိုရီယား လ၀က အရာရှိက ဆက်ပြောထားသည်။

ဧရာဝတီ

Ebooks များကို download ပြုလုပ်နိုင်ရန်


ebooks များကို download ပြုလုပ်နိုင်ရန် အကောင်းဆုံး website 20 ကိုဖော်ပြပေးလိုက်ပါတယ်။ အားလုံးပဲ မိမိလိုချင်သော ebook များကိုရှာတွေ့ နိုင်ကြပါစေ။

(1) FreeBookSpot (http://www.freebookspot.es/)
(2) 4eBooks (http://4ebooks.org/)
(3) Free-EBooks (http://www.free-ebooks.net/)
(4) ManyBooks (http://manybooks.net/)
(5) GetFreeEBooks (http://www.getfreeebooks.com/)
(6) FreeComputerBooks (http://freecomputerbooks.com/)
(7) FreeTechBooks (http://www.freetechbooks.com/)
(8) Scribd (http://www.scribd.com/)
(9) Globusz (http://www.globusz.com/)
(10) KnowFree (http://knowfree.net/)
(11) OnlineFreeEBooks (http://www.onlinefreeebooks.net/)
(12) MemoWare (http://www.memoware.com/)
(13) BluePortal (http://www.zillr.org/)
(14) OnlineComputerBooks (http://www.onlinecomputerbooks.com/)
(15) SnipFiles (http://www.snipfiles.com/)
(16) BookYards (http://www.bookyards.com/)
(17) The Online Books Page (http://digital.library.upenn.edu/books/)
(18) AskSam Ebooks (http://www.asksam.com/ebooks/)
(19) Baen Free Library (http://www.baen.com/library/)
(20) EBookLobby (http://www.ebooklobby.com/)

အကယ်၍ IT နဲ့ပတ်သက်သော ebook များကိုလိုချင်တယ်ဆိုလျှင်တော့ http://www.wowebook.be/ ကအကောင်းဆုံးလို့  ထင်မိပါတယ်။
From - Info Tech For Myanmar (IT4M)

တန်ဖိုးနည်း အိမ်ရာစီမံကိန်း အတွင်းရှိ ကျူးကျော် အိမ် များကို ဥပဒေအရ ဖယ်ရှားမည်

အစိုးရ ဝန်ထမ်းများနှင့် ကုမ္ပဏီ ဝန်ထမ်းများ အတွက် နှစ် ၂၀ အရစ်ကျ စနစ်ဖြင့် တန်ဖိုး ပေးချေရမည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း နေရာများ အတွင်း ဆောက်လုပ် ထားသော ကျူးကျော်နေအိမ် များကို တရား ဥပဒေ အရ ဖယ်ရှား သွားမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
“အလုပ်လုပ်တဲ့ လူတွေ အတွက် ကျော တစ်ခင်းစာ တစ်နေရာစာ စီစဉ် ပေးတာကို အလုပ် မလုပ်တဲ့ ကျူးကျော်တွေ ဝင်ရောက် နှောင့်ယှက်လို့ မဖြစ်ပါဘူး” ဟုဝန်ကြီးက ဆိုသည်။

အဆိုပါ စီမံကိန်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ၂၀၁၃ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း အပြီး တည်ဆောက် သွားရန် စီစဉ်လျက် ရှိရာ ယခုကဲ့သို့ ကျူးကျော်များ ဝင်ရောက် လာမှုကြောင့် အမှန်တကယ် အလုပ် လုပ်သူများ အတွက် နစ်နာ စေသောကြောင့် ယင်းကျူးကျော် များကို ဖယ်ရှား ရှင်းလင်း သွားမည် ဖြစ်ကြောင်း ကျူးကျော်များ ဝင်ရောက် နေထိုင်မှုနှင့် ပတ်သက်၍ ဝန်ကြီးက ရှင်းပြသည်။

အဆိုပါ ဧရာဝဏ် အိမ်ရာ စီမံကိန်းကို အကျယ်အဝန်း ဧက (၁၂၀) ခန့်တွင် အခန်းပေါင်း (၅၄၀၀) ခန်းနှင့် ရတနာ အိမ်ရာ စီမံကိန်းကို ဧက(၁၀၀)ခန့်တွင် အခန်းပေါင်း (၄၆၅၆)ခန်း၊ အခန်းပေါင်း (၁၀၀၅၆)ခန်း ပါဝင်ပြီး လူဦးရေ ငါးသောင်းခန့် နေထိုင်နိုင်ရန် ဖော်ထုတ် တည်ဆောက် သွားမည် ဖြစ်သည်။

ဧည့်ဝင်ကြေး ခွဲဝေသုံးစွဲခွင့် မရ၍ ပုဂံဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်မှု အားနည်းနေ ဟုဆို

မြန်မာ နိုင်ငံ၏ ရှေးဟောင်းနယ်မြေ ဒေသ တစ်ခုဖြစ်သည့် ပုဂံညောင်ဦး သို့ လာရောက် လည်ပတ်မှုနှုန်း မြင့်တက် လာသော်လည်း ဧည့်ဝင်ကြေး ခွဲဝေ သုံးစွဲခွင့် မရသဖြင့် ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက် နိုင်မှု အားနည်း နေကြောင်း မန္တလေးတိုင်း ဒေသကြီး ညောင်ဦး မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်း ဌေး က ပြောကြားသည်။

ရှေးဟောင်း မြို့တော် ဖြစ်သည်နှင့် အညီ နိုင်ငံခြားသားများ လာရောက်မှု ကြောင့် မြို့တော် သန့်ရှင်း သာယာရေး အတွက် ဆောင်ရွက်ရာတွင် ဦးစားပေး ငွေကြေး အသုံးပြုမှု များသဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်မှု အားနည်း နေရခြင်း ဖြစ်ကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။
“ပုဂံညောင်ဦးကို ဝင်လာတဲ့ နိုင်ငံခြားသား ဧည့်သည် တွေကို ရှေးဟောင်း နယ်မြေဝ င်ကြေး၁၀ ဒေါ်လာ ကောက်ခံတဲ့ အပေါ်ကနေ စည်ပင်သာယာရေး ကလည်း ရာခိုင်နှုန်း အနေနဲ့ ပြန်ရ တယ်၊ သုံးနှစ်လောက် ကတည်းက စည်ပင်က ရမယ့် ခွဲတမ်း မရတော့ မြို့အတွက် သုံးစွဲရတဲ့ ငွေကြေးအ ခက် အခဲ ဖြစ်တယ်” ဟု ဦးသန်းဌေးက ဆိုသည်။

နိုင်ငံခြားသား များ သွားလာ လည်ပတ်ရေး အတွက် ညအချိန်တွင် လမ်းမီး အပြည့် ထွန်းပေး ထားခြင်းများ ရှိပြီး တစ်လလျှင် မီတာခ ရှစ်သိန်း ကျပ်ခန့် ကုန်ကျမှု ရှိကြောင်း၊ ငွေကြေး မရှိသဖြင့် စက်ဘီးလမ်း ပြုလုပ်ခြင်း နှင့် အမှိုက်ကျူံး လုပ်ငန်းများ အတွက်လည်း အခက်အခဲ များ ရှိနေကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

ရှေးဟောင်း နယ်မြေ ဝင်ကြေးကို ၁၉၉၄ ခုနှစ်တွင် စတင် ကောက်ခံ ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ရှေးဟောင်း သုတေသန၊ လဝက၊ ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်ဌာန လေးခု ပေါင်းကာ ကောက်ခံ ခဲ့ရာမှ ၂၀၀၂ ခုနှစ်တွင် ရှေးဟောင်း သုတေသန ဌာန တစ်ခုတည်း ကသာ ပြောင်းလဲ ကောက်ခံခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဝန်ကြီး ဦးဖုန်းဇော်ဟန် က ပြောကြားသည်။
“ကောက်ခံရငွေ တွေကို နိုင်ငံတော်ရဲ့နိုင်ငံခြား ရငွေ ခေါင်းစဉ်အောက် ရောက်ပြီးတော့ နိုင်ငံတော်က ဘဏ္ဍာရေး နှစ်အလိုက် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲတယ်” ဟု ဦးဖုန်းဇော်ဟန်က ဆက်လက် ပြောကြားသည်။

ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ပုဂံညောင်ဦးသို့ နိုင်ငံခြားသား ဝင်ရောက် လေ့လာမှုမှာ ၂၀၁၁ ခုနှစ်တွင် လူဦးရေ တစ်သိန်းကျော် ရှိပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ထိ တစ်သိန်း နှစ်သောင်း ကျော်ဝင် ရောက်မှု ရှိကြောင်း ညောင်ဦးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဌေးက ပြောကြားသည်။

ပြည်ပပို့ ပဲမျိုးစုံဈေးကွက် ဝယ်လိုအား ကျဆင်း

အာဆီယံ ထိပ်တန်း ပဲတင်ပို့သည့် မြန်မာနိုင်ငံ၏ ပဲမျိုးစုံ ဈေးကွက် သည် ကမ္ဘာ့စီးပွားရေး အားပျော့လျက် ရှိခြင်းကြောင့် ဝယ်လိုအား လျော့နည်း ကျဆင်းလျက်ရှိ ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များ အသင်း အတွင်းရေးမှူး ဦးမင်းကိုဦး က The Voice Weekly သို့ ပြောကြားသည်။

နှစ်စဉ် ပဲမျိုးစုံ ဝယ်လိုအား သွက်သည့် အောက်တိုဘာ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလ များ ၌ပင် ဈေးကွက် အရောင်း အဝယ် အေးလျက် ရှိသည်ဟု ရန်ကုန်မြို့တော် အခြေစိုက် ပဲမျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးကျော်ဆန်းမိုး က ပြောကြားသည်။

ပဲမျိုးစုံ စိုက်ပျိုးချိန် မိုးဦး ကာလအတွင်း က တွေ့ကြုံ ခဲ့ရသော မိုးခေါင်မှုများ နှင့် မကြာခင်က တွေ့ကြုံခဲ့ရသည့် ရွှေဘိုငလျင် လှုပ်ခတ်မှု ဒဏ်ကြောင့် ဒီဇင်ဘာလကုန် ဇန်နဝါရီလတွင် ထွက်ရှိမည့် ပြည်ပသို့ အများဆုံး တင်ပို့ရလျက် ရှိသော ပဲစင်းငုံ နှင့် ပဲတီစိမ်း သည် ၃၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်း ခန့်ထိ အထွက် လျော့ကျ နိုင်ကြောင်း၊ ယင်းသို့ ပြည်တွင်း၌ ပဲမျိုးစုံ အထွက်နှုန်း ကျဆင်းသည့် နှစ်များတွင် ပဲမျိုးစုံ ဈေးနှုန်းသည် ပေါက်ဈေးထက် မြင့်လေ့ ရှိသည် ဟု ဦးမင်းကိုဦး က သုံးသပ် ပြောကြားသည်။

ယင်းသို့ နိုင်ငံတကာ ပဲဈေးကွက် အရောင်းဝယ် အေးပြီး ပေါက်ဈေး ကျဆင်းခဲ့သည့် အတွက် မြန်မာနိုင်ငံ မှတင်ပို့သော ပဲမျိုးစုံ ပို့ကုန် ရငွေသည် ယခင်နှစ် ထက် အမေရိကန်ဒေါ်လာ သိန်း ၂၀၀ ကျော် လျော့ နည်း ကျဆင်းလျက် ရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များ အသင်း ထံ မှ စုံစမ်း သိရှိရသည်။

ယခုနှစ် ဧပြီလ ၁ ရက်နေ့ မှ ဒီဇင်ဘာလ ပထမပတ် ခန့်ထိ ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၉၆၄,၄၁၄ တန် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၆၁၆ ဒဿမ ၅၄၇ ဒေါ်လာ ရရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အလားတူ ကာလ အတွင်း ပဲမျိုးစုံ တန်ချိန် ၉၈၄,၀၈၈ တန် တင်ပို့ ခဲ့ရာ အမေရိကန် ဒေါ်လာ ၈၁၀ ဒဿမ ၅၃၁ ဒေါ်လာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်များ အသင်း ထံ မှ စုံစမ်း သိရှိရသည်။

လက်ရှိ ပြည်တွင်း ဈေးကွက် ၌ ပဲစင်းငုံ တစ်တန်လျင် ကျပ် ၅၀၀,၀၀၀ မှ ၅၅၀,၀၀၀ ကျပ်၊ မတ်ပဲ တစ်တန် လျင် ကျပ် ၄၀၀,၀၀၀ မှ ၄၆၀,၀၀၀ ကျပ် နှင့် ပဲတီစိမ်း ပိဿာ ၆၀ ပါ တစ်အိတ်လျင် ၇၅,၀၀၀ ကျပ် ခန့် ဈေး ပေါက် လျက်ရှိကြောင်း ပြည်တွင်း ပဲမျိုးစုံ ဈေးကွက် အတွင်း မှ စုံစမ်း သိရှိရသည်။

Wednesday, December 12, 2012

ကျိုက်ထီးရိုး ဘုရားဖူးများစံချိန်တင် လာရောက်သဖြင့် တည်းခိုခန်းခ များသိန်းချီနေ


ကျိုက်ထီးရိုးဆံတော် ရှင်စေတီတော်မြတ်ကြီးသို့ယခုနှစ် ဘုရားပွဲတော်ကာလအတွင်းပြည်တွင်း ဘုရားဖူးများ စံချိန်တင်လာရောက်လျက် ရှိသဖြင့်တည်းခိုခန်းခများသိန်းချီနေ ကြောင်းပြည်တွင်း ဘုရားဖူးများ ၏ပြောကြား ချက်အရသိရသည်။
...
ကျိုက်ထီးရိုးတောင်ပေါ်သို့ကင် မွန်းစခန်းတောင်ခြေမှကားဖြင့်တိုက် ရိုက်သွား နိုင်သည့် နောက်ပိုင်း ပြည်တွင်း ပြည်ပဘုရားဖူး ဧည့်သည်များပြား လာ ခြင်းဖြစ်ကြောင်း၊ဘုရားသို့သွား ရာလမ်း တစ်လျှောက် ရှိသဘာဝ ပတ်ဝန်းကျင် ကိုဘုရားဖူးများမှနှစ်သက်သည့်အတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိရ သည်။
ဘုရားဖူး ဧည့်သည်များ အလွန်များ ပြားစွာလာရောက်ခြင်းကြောင့်တည်းခို ခန်း စရိတ်များ ဈေးကြီးမြင့် နေကြောင်း သိရသည်။ ယင်းနှင့်စပ်လျဉ်း၍ပြီးခဲ့ သည်ရက်ပိုင်းအတွင်းဘုရားဖူးခရီးစဉ် မှပြန်ရောက် လာ သည့် ဦးနိုင်နိုင်က ''အခန်း ခကတစ်ညကို(၁)သိန်း၃သောင်းပေး ရတယ်ရန်ကုန်က ကြယ်ငါးပွင့်အဆင့် ရှိတဲ့ ဟိုတယ် တောင်ဒီလောက်မရှိဘူး ဟိုမှာတည်းခိုခန်းခကအရမ်းဈေးကြီး တယ်''ဟု ယင်းက ဆိုသည်။

ယင်းအပြင်ဘုရားဖူး တစ်ဦးဖြစ်သူဒေါ်မြမြက''ကျွန်မစက်ရုံကလေး တွေကိုအမျိုးသားနေ့က ကျိုက်ထီးရိုး ဘုရားဖူးလိုက်ပို့တာ ကျိုက်ထီးရိုးဘု ရားသို့ဆိုတဲ့နေရာကနေပြန်လာရတယ် မနက်ပိုင်း မှာ ရောက်တယ် ဒါပေမဲ့ရှေ့ ဆက်ပြီးသွားလို့မရဘူးအပြန်ကားတေ နဲ့ဒီက အသွား ကား တွေ စည်းကမ်းမရှိ အပြိုင်မောင်း ကျလို့လမ်းတွေပိတ်ကုန်တယ်   ဂေါပကတွေနဲ့ ယာဉ်ထိန်းရဲ တွေလမ်း ရှင်းတာ အဆင်မပြေဘူး သူ တိုစီမံခန့်ခွဲတာအရမ်းညံတယ် ဘုရား ဖူးပြည်သူတွေ   ဒုက္ခရောက်တာပဲ အဖတ်တင် တယ်'' ဟုယင်းကပြောသည်။

ယင်းကဆက်လက်ပြောရာတွင် တောင်ပေါ်ကိုတက်ဖို့အစီအစဉ်ရှိ သော်လည်းဘုရားဖူးပြည်သူများအ လွန်များပြား နေသော်ကြောင့်နေရာ ထိုင်ခင်းအခက်အခဲဖြစ်နေကြောင်း တည်းခိုခန်းခများမှာ လည်းဈေးနှုန်း အဆမတန်မြင့်မားနေခြင်းကြောင့်ပြန် လှည့်ရခြင်းဖြစ်ကြောင်းသိရသည်။

ပုံမှန်ခရီးသွားလာမှုနည်းပါးသည့် အချိန်တွင်တည်းခိုခန်းခများကိုဂေါ ပကအဖွဲ့မှ သတ်မှတ်ထား သည့်ဈေးနှုန်း ဖြင့်တည်းခိုနိုင်သော်လည်းဘုရားဖူး များသည့်ရုံးပိတ်ရက်များတွင်အခန်း လိုအပ်ချက် အရ ဈေးနှုန်းကြီးမြင့်လေ့ ရှိကြောင်းသိရသည်။

ကျိုက်ထီးရိုးဂေါပကဥက္ကဌဦးစံ မြင့်က''ကျွန်တော်တို့ကဈေးနှုန်းသတ် မှတ်ပေးထား တယ်ဘုရားဖူး အရမ်း များလာ တဲ့အခါဘုရားဖူးတွေကအခန်းလိုချင် တဲ့အတွက်ဈေးနှုန်း မကြည့်ပဲ ငှားရမ်း ကျတယ်ရှိ တဲ့အခန်းနဲ့ ငှားချင်တဲ့သူမ မျှလို့ဒီလိုမျိုးဈေးကြီးတာပါ''ဟုယင်း ကပြော သည်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကိုနှစ် စဉ်ဘုရားဖူဧည့်သည် လာရောက်လေ့ ရှိပြီးအစိုးရုံးပိတ်ရက်များ နှင့် ခရစ်စမတ် ပွဲတော်ကာလ အတွင်းတွင်ဘုရားဖူး ပြည်သူများတစ်ရက်လျှင်(၁)သိန်းကျော် လာရောက် လေ့ ရှိကြောင်း သိရသည်။

ကျိုက်ထီးရိုး ဘုရားဖူးများစံချိန် တင်လာရောက်သဖြင့်တည်းခိုခန်းခ များသိန်းချီနေ
=============================================
ညီသစ်လူ
=============================================
ကျိုက်ထီးရိုးဆံတော် ရှင်စေတီတော်မြတ်ကြီးသို့ယခုနှစ် ဘုရားပွဲတော်ကာလအတွင်းပြည်တွင်း ဘုရားဖူးများ စံချိန်တင်လာရောက်လျက် ရှိသဖြင့်တည်းခိုခန်းခများသိန်းချီနေ ကြောင်းပြည်တွင်း ဘုရားဖူးများ ၏ပြောကြား ချက်အရသိရသည်။
...
ကျိုက်ထီးရိုးတောင်ပေါ်သို့ကင် မွန်းစခန်းတောင်ခြေမှကားဖြင့်တိုက် ရိုက်သွား နိုင်သည့် နောက်ပိုင်း ပြည်တွင်း ပြည်ပဘုရားဖူး ဧည့်သည် များပြားလာ ခြင်းဖြစ်ကြောင်း၊ဘုရားသို့သွား ရာလမ်း တစ်လျှောက် ရှိသဘာဝ ပတ်ဝန်းကျင် ကိုဘုရားဖူးများမှနှစ်သက်သည့်အတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိရ သည်။
ဘုရားဖူး ဧည့်သည်များ အလွန်များ ပြားစွာလာရောက်ခြင်းကြောင့်တည်းခို ခန်း စရိတ်များ ဈေးကြီးမြင့် နေကြောင်း သိရသည်။ ယင်းနှင့်စပ်လျဉ်း၍ပြီးခဲ့ သည်ရက်ပိုင်းအတွင်းဘုရားဖူးခရီးစဉ် မှပြန်ရောက် လာ သည့် ဦးနိုင်နိုင်က ''အခန်း ခကတစ်ညကို(၁)သိန်း၃သောင်းပေး ရတယ်ရန်ကုန်က ကြယ်ငါးပွင့်အဆင့် ရှိတဲ့ ဟိုတယ် တောင်ဒီလောက်မရှိဘူး ဟိုမှာတည်းခိုခန်းခကအရမ်းဈေးကြီး တယ်''ဟု ယင်းက ဆိုသည်။

ယင်းအပြင်ဘုရားဖူး တစ်ဦးဖြစ်သူဒေါ်မြမြက''ကျွန်မစက်ရုံကလေး တွေကိုအမျိုးသားနေ့က ကျိုက်ထီးရိုး ဘုရားဖူးလိုက်ပို့တာ ကျိုက်ထီးရိုးဘု ရားသို့ဆိုတဲ့နေရာကနေပြန်လာရတယ် မနက်ပိုင်း မှာ ရောက်တယ် ဒါပေမဲ့ရှေ့ ဆက်ပြီးသွားလို့မရဘူးအပြန်ကားတွေ နဲ့ဒီကအသွားကား တွေစည်းကမ်း မရှိ အပြိုင်မောင်း ကျလို့လမ်းတွေပိတ်ကုန်တယ် ဂေါပကတွေနဲ့ယာဉ်ထိန်းရဲ တွေလမ်း ရှင်းတာ အဆင် မပြေဘူးသူ တိုစီမံခန့်ခွဲတာအရမ်းညံတယ်ဘုရား ဖူးပြည်သူတွေ ဒုက္ခရောက်တာပဲအ ဖတ်တင် တယ်'' ဟုယင်းကပြောသည်။

ယင်းကဆက်လက်ပြောရာတွင် တောင်ပေါ်ကိုတက်ဖို့အစီအစဉ်ရှိ သော်လည်းဘုရားဖူးပြည်သူများအ လွန်များပြား နေသော်ကြောင့်နေရာ ထိုင်ခင်းအခက်အခဲဖြစ်နေကြောင်း တည်းခိုခန်းခများမှာ လည်းဈေးနှုန်း အဆမတန်မြင့်မားနေခြင်းကြောင့်ပြန် လှည့်ရခြင်းဖြစ်ကြောင်းသိရသည်။

ပုံမှန်ခရီးသွားလာမှုနည်းပါးသည့် အချိန်တွင်တည်းခိုခန်းခများကိုဂေါ ပကအဖွဲ့မှ သတ်မှတ်ထား သည့်ဈေးနှုန်း ဖြင့်တည်းခိုနိုင်သော်လည်းဘုရားဖူး များသည့်ရုံးပိတ်ရက်များတွင်အခန်း လိုအပ်ချက် အရ ဈေးနှုန်းကြီးမြင့်လေ့ ရှိကြောင်းသိရသည်။

ကျိုက်ထီးရိုးဂေါပကဥက္ကဌဦးစံ မြင့်က''ကျွန်တော်တို့ကဈေးနှုန်းသတ် မှတ်ပေးထား တယ်ဘုရားဖူး အရမ်း များလာ တဲ့အခါဘုရားဖူးတွေကအခန်းလိုချင် တဲ့အတွက်ဈေးနှုန်း မကြည့်ပဲ ငှားရမ်း ကျတယ်ရှိ တဲ့အခန်းနဲ့ ငှားချင်တဲ့သူမ မျှလို့ဒီလိုမျိုးဈေးကြီးတာပါ''ဟုယင်း ကပြော သည်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကိုနှစ် စဉ်ဘုရားဖူဧည့်သည် လာရောက်လေ့ ရှိပြီးအစိုးရုံးပိတ်ရက်များ နှင့် ခရစ်စမတ် ပွဲတော်ကာလ အတွင်းတွင်ဘုရားဖူး ပြည်သူများတစ်ရက်လျှင်(၁)သိန်းကျော် လာရောက် လေ့ ရှိကြောင်း သိရသည်။

အေးချမ်းမွန်မှ  Yangon Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

မြန်မာပြည်ကို ပထမဆုံး လာရောက် ဖျော်ဖြေမယ့် ကမ္ဘာကျော် ငွေကြယ်ပွင့် ဂျေဆင် မရက်ဇ်


ကမ္ဘာကျော် ငွေကြယ်ပွင့် အနုပညာရှင် ဂျေဆင်မရက်ဇ် တစ်ယောက်ရဲ့ ဟင်းလင်းပြင် ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၆ ရက်တွင် ရန်ကုန်မြို့ ပြည်သူ
့ ရင်ပြင်၌ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ ဂျေဆင် အပြင် ပြည်တွင်းမှ အဆိုကျော်များ ဖြစ်ကြ တဲ့ ဖြူဖြူကျော်သိန်းနဲ့ R ဇာနည် တို့ကလည်း ပါဝင် သီဆို ဖျော်ဖြေ ပေးမှာပါ။ ဒီဖျော်ဖြေ ပွဲဟာ အခမဲ့ပွဲ တစ်ခုဖြစ်ပြီး 'လူကုန်ကူးမှု ပပျောက်ရေး' စီမံချက် အတွက် ပြည်တွင်း အစိုးရ အဖွဲ့အစည်းများနဲ့ NGO များရဲ့ ပူးပေါင်းမှုနဲ့ ပေါ်ပေါက် လာတဲ့ပွဲ တစ်ခုပါ။
ဂျေဆင်လို ဂရန်မီဆု နှစ်ဆု ရထားတဲ့ ကမ္ဘာကျော် အနုပညာရှင် တစ်ယောက် အနေနဲ့ မြန်မာပြည်မှာ ဖျော်ဖြေပွဲ ကျင်းပခြင်းဟာ ပထမဆုံးလို့ ဆိုရ မှာပါ။ ဒီလိုပွဲ မျိုးကို ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်နိုင်ငံရဲ့ ပထမဆုံး ကမ္ဘာသိ ဖျော်ဖြေပွဲ အဖြစ် လာရောက် ကျင်းပပေးမယ့် ဂျေဆင် မရက်ဇ် အကြောင်းကို ပြည်တွင်း ပရိသတ် များနဲ့ မိတ်ဆက် ရမယ်ဆိုရင် ...။
ဂျေဆင်ဘဝအစ

၁၉၇၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်ဖွား ဖြစ်တာကြောင့် ဒီနေ့မှာ ဆိုရင် ဂျေဆင်ဟာ အသက် ၃၅ နှစ် ကျော် နေပါပြီ။ ဗာဂျီးနီးယား ပြည်မှာ မွေးဖွားခဲ့တဲ့ ဒီအနုပညာ ရှင်ဟာ အဆိုတော်၊ တေးရေး၊ ဂီတသမား ဆိုတဲ့ ဘဝ သုံးခုကြားမှာ မျှတစွာ နေထိုင်ရင်း အောင်မြင်မှု သရဖူ ဆောင်းနေ သူပါ။

သူ့ရဲ့ ဂီတ ဘဝအစ ကို တော့ San Diego Coffee House မှာ အစ ပြုခဲ့ ပါတယ်။ ဒီ Coffee House မှာပဲ ပါကေးရှင်း ပညာရှင် တိုကာ ရီဗာရာနဲ့ ဆုံပြီး Acoustic Live တွေ စလွှင့် ခဲ့ပါတယ်။ အဲဒီ နောက် "Waiting For my Rocket" အမည်ရ အယ်လ်ဘမ်နဲ့ ဗွေဆော်ဦး အောင်မြင် သွားပြီး အဲဒီ အယ်လ်ဘမ် ထဲက "The Remedy" (I Won't worry) သီချင်းနဲ့ ပေါက်ကောင် ဖြစ်သွား ပါတယ်။ ဒီနောက် "Mr. A-Z" အမည်ရ ဒုတိယမြောက် အယ်လ်ဘမ်ကို ဆက်လှမ်းရင်း ကြီးမားတဲ့ အောင်မြင်မှုကို ထပ်မံ ဆွတ်ခူးနိုင် ပါတယ်။ အဲဒီ အယ်လ်ဘမ်ဟာ Billboard (200) စာရင်းမှာ နံပါတ် (၅) နေရာ ရောက်ခဲ့ပြီး US မှာလည်း ချပ်ရေ ၁ သိန်း ကုန်အောင် ရောင်းခဲ့ ပါတယ်။ ၂ဝဝ၈ ခုနှစ်ကျမှ "We Sing, We Dance, We Steal thing" အမည်ရ အယ်လ်ဘမ်နဲ့ Billboard (200) စာရင်းရဲ့ နံပါတ် (၃) နေရာယူ ပြန်ပြီး အဟော့ဆုံး နိုင်ငံတကာ ဂီတ ဇယား စာရင်းမှာ Top Ten စာရင်းဝင် နိုင်ခဲ့ ပါတယ်။

ဂျေဆင် မရက်ဇ်ရယ်လို့ ကမ္ဘာက သိသွားတဲ့ အောင်မြင်မှုကို အဲဒီ တတိယ အယ်လ်ဘမ် ထဲက "I'm Yours" သီချင်းနဲ့ အရယူ ခဲ့တာပါ။ ဒီသီချင်းနဲ့ ဂျေဆင်ဟာ Top Ten စာရင်းမှာ အချိန် အတော်ကြာ ရေပန်းစား ခဲ့ပြီး ၇၆ ပတ် တိုင်တိုင် အောင်ပွဲ ခံနိုင်ခဲ့ ပါတယ်။ ဒါကြောင့်လည်း အဆိုပါ သီချင်းနဲ့ ပလက်တီနမ် ဆုတွေပါ ရခဲ့ပြန် ပါတယ်။ ၂ဝဝ၉ ခုနှစ်ရဲ့ အမျိုးသား အကောင်းဆုံး ပေါ့ပ်အသံ စွမ်းရည်ဆုနဲ့ ပေါ့ပ်သီချင်း အလိုက်ဖက် ဆုံးဆု နှစ်ဆုကို ရရှိခဲ့ ပါတယ်။

၂ဝ၁၁ ခုနှစ်၊ ဇူလိုင် မှာတော့ ဂျေဆင်ရဲ့ ဝက်ဘ်ဆိုက် ဖြစ်တဲ့ Jason Mraz.com ကို လွှင့်တင်ပြီး ကမ္ဘာ့ တစ်ခွင် လှည့်လည် ဖျော်ဖြေရေး ပွဲတွေကို စတင်ခဲ့ ပါတယ်။ ၂ဝ၁၂ အတွင်း မှာတော့ သူ့ရဲ့ အသစ်ထွက် ရှိမယ့် အယ်လ်ဘမ် နာမည်ဟာ "Love is a Four Letter world" ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို ခဲ့ပြီး ဒီအယ်လ်ဘမ် မှာပါမယ့် သီချင်း "I Won't give up" ကို ထုတ်လွှင့်ခဲ့ရာ itunes မှာ နံပါတ် (၁) သီချင်း နေရာ ချိတ်ခဲ့ ပါတယ်။

လူမှုဘဝ

ဂျေဆင်ဟာ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း အဆိုတော်၊ တေးရေး ထရစ္စတန် ပရီးတီးမန်းနဲ့ စေ့စပ်ထား ပါတယ်။ ဒါပေမဲ့ အင်တာဗျူး တစ်ခုမှာတော့ သူတို့ကြားက စေ့စပ်မှုဟာ မရှိတော့ဘူး လို့လည်း ဖြေခဲ့ပါတယ်။

ကျန်းမာရေး အခြေစိုက် Life Style ကို နှစ်သက်သူ ဖြစ်ပြီး သဘာဝ အသီးအရွက် စားသုံး ရခြင်းကို နှစ်သက် သူပါ။ San Diego မှာ ထောပတ်သီး ခြံတစ်ခြံကို ပိုင်ဆိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် လူမှု အကျိုးဆောင် လုပ်ငန်း တွေမှာ အားသွန် ခွန်စိုက် ကူညီပေး တတ်သူ ဖြစ်တာကြောင့် လူ့အခွင့် အရေး၊ ကလေး သူငယ် စောင့်ရှောက်ရေးနှင့် လူသားချင်း စာနာခြင်း ဆိုင်ရာ ကိစ္စရပ် များမှာ သူ့ကို တွေ့ရတတ် ပါတယ်။ Surfrider ဖောင်ဒေးရှင်းရဲ့ Clean Water ဆုကို ၂ဝ၁ဝ ပြည့်နှစ် တုန်းက ရရှိခဲ့ ပါတယ်။ သူ့ရဲ့ ပေါက်သီချင်း "I'm Yours" ကို ကမ္ဘာမြေ သဘာဝကို ကာကွယ်ရန် ရည်မှန်းချက် ရှိတဲ့ လူမှုရေး လုပ်ငန်းများ အတွက် သုံးပေးခဲ့ ပါတယ်။ ဂျေဆင်ဟာ လိင်တူ ချစ်သူများ သာတူညီမျှ အခွင့်အရေး ရရှိရေး လှုပ်ရှားမှု ကိုလည်း ထောက်ခံ သူပါ။ ။

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

ရန်ကုန်နှင့် ဆန်ဖရန်စစ္စကို ညီအစ်မမြို့တော်ဖြစ်ရေး ဆောင်ရွက်မည်ဟုဆို


ရန်ကုန်နှင့် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို မြို့တို့ကို ညီအစ်မ မြို့တော်အဖြစ် ပူးပေါင်းနိုင်ရန် ညှိနှိုင်းနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာပြည်သို့ ခေတ္တရောက်ရှိနေသည့် အမေရိကန်နိုင်ငံ ဆန်ဖရန် စစ္စကိုမြို့ အခြေစိုက် အမေရိကန်မြန်မာ ကုန်သည်ကြီးများ အသင်း (USA Myanmar Chamber of Commerce) ၏ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဖိလစ်မောင်က ရန်ကုန်မြို့ တော်ဝင်နှင်း ဆီခန်းမတွင် ဒီဇင်ဘာ ၉ ရက်နေ့က ကျင်းပသော “လူငယ်နှင့် စွန့်ဦးတီထွင်ခြင်း” ဟောပြောပွဲ၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန် မြို့တော်ဝန်ကတော့ မဆုံးဖြတ်ရဲဘူး။ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နဲ့တော့ မူအားဖြင့် သဘောတူထားပြီးပြီ။ ဒါပေမယ့် အစိုးရအဖွဲ့အစည်းတွေ ကြားမှာ ဗျူရိုကရက် ဆန်တာတွေက ရှိနေတုန်းပဲဖြစ်နေတယ်။ ဆုံးဖြတ်ချက်မှားမှာ ကြောက်နေတာလားတော့ မသိဘူး” ဟု ၎င်းက အထက်ပါ ဟောပြောပွဲ အပြီးတွင် ဧရာဝတီသို့ ပြောသည်။

ညီအစ်မမြို့တော် အဖြစ် ပူးပေါင်းနိုင်ရေး စီမံကိန်းတွင် ရန်ကုန်မြို့နှင့် ဆန်ဖရန်စစ္စကို မြို့ရှိ ရှေးဟောင်း အဆောက် အအုံများသည် တည်ဆောက်ပုံခြင်း နီးစပ်သောကြောင့် ယင်းတို့ကို ထိန်းသိမ်းသွားနိုင်ရန်၊ ရန်ကုန်ရှိ ကားလမ်း ပိတ်ဆို့မှု များကို ဖြေရှင်းပေးနိုင်မည့် စနစ်များ၊ မြောင်းပိတ်ဆို့မှုကို ဖြေရှင်းပေးနိုင်မည့် စနစ်များ၊ ငလျင်ဒဏ်ခံ အဆောက်အဦး တည်ဆောက်နိုင်ရန်၊ ကျန်းမာရေးနှင့် ပညာရေး ဗဟုသုတပေးနိုင်ရန် စသည့် အစီအစဉ်များ ပါဝင် ရေးဆွဲထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ဈေးသည်များအား နေရာအတည်တကျ ချထားပေးခြင်း မရှိသည့်အတွက် လမ်းများပေါ်တွင် ရောင်းချသည်ကို တွေ့နေရကြောင်း၊ မော်တော်ယာဉ်များ များပြားလာသော်လည်း လမ်းစနစ်များ သေချာစွာ ရေးဆွဲထားခြင်း မရှိသည့် အတွက် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း၊ မြောင်းပိတ်ဆို့မှုများကိုလည်း တွေ့နေရကြောင်း၊ ငလျင်ဒဏ်ခံ အဆောက်အဦး များလည်း မရှိသည့်အတွက် အကြောင်းအရင်း ရှိလာပါက အချိန်မရွေး ပျက်စီးဆုံးရှုံးမှုများ ဖြစ်လာနိုင်ကြောင်း၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဗဟုသုတများလည်း နည်းပါးနေကြောင်း ဦးဖိလစ်မောင်က သုံးသပ်သည်။

“Sister City လုပ်မယ်ဆိုရင် ဆန်ဖရန်စ္စကိုမြို့ တမြို့လုံးကို တည်ဆောက်ခဲ့တဲ့ ပညာရှင်တွေလည်း ပါဝင်ဆောင်ရွက်မှာပါ၊ ယဉ်ကျေးမှု ဆိုင်ရာတွေလည်း ဖလှယ်နိုင်မယ်” ဟု သူက ဆိုသည်။

ရန်ကုန်နှင့် ဆန်ဖရန်စစ္စကိုမြို့ကို ညီအစ်မ မြို့တော်အဖြစ် အကောင်အထည် ဖော်နိုင်ရန် ဒီဇင်ဘာ ပထမပတ် အတွင်း ဆန်ဖရန်စစ္စကို မြို့တော်ဝန်၏ဇနီးနှင့် မြို့တော် တည်ဆောက်စဉ်က ပါဝင်ခဲ့သည့် အတတ်ပညာရှင်များ၊ အမေရိကန် အခြေစိုက် အမေရိကန်မြန်မာ ကုန်သည်ကြီးများ အသင်း၏ တာဝန်ရှိသူတို့က ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တခြား အစိုးရ အဖွဲ့အစည်းများသို့ ညှိနှိုင်းထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို လာမည့် ၆ လ အတွင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖွယ် ရှိပြီး စီမံကိန်း စတင်ပါက ဆန်ဖရန်စစ္စကိုမြို့တော်ဝန်က ရန်ကုန်မြို့သို့ လာရောက်မည်ဖြစ်ကြောင်းလည်း ဦးဖိလစ်မောင်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ဖြေကြားခြင်းမရှိပေ။

ဆန်ဖရန်စစ္စကိုမြို့သည် အီတလီ၊ အိန္ဒိယ၊ စပိန်၊ ဗီယက်နမ်၊ ပိုလန်၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ ထိုင်ဝမ်၊ ဂရိနှင့် ဆွစ်ဇာလန် နိုင်ငံ အစရှိသည့် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ မြို့ ၂၁ မြို့နှင့် ညီအစ်မ မြို့တော်အဖြစ် ဆက်သွယ်ထားပြီး ဖြစ်ကြောင်း သိရသည်။


ဆန်ဖရန်စစ္စကို မြို့တွင်း မြင်ကွင်းတခု

အေးချမ်းမွန်မှ ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်ခဲ့ကြ

ဟစ်ဟော့ပ်ဂီတ၏ ပထမမျိုးဆက်ဟု သတ်မှတ်ခံရသော ACID အဖွဲ့ဝင် အဆိုတော် အနဂ္ဂနှင့် အဆိုတော် သံသာဝင်းတို့သည် စိန့်သြဂတ်စတင်းဘုရားရှိခိုးကျောင်း၌ ယနေ့လက်ထပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ချစ်သူသက်တမ်း ၆ နှစ်နီးပါးကြာ ယနေ့ ဒီဇငါဘာ ၁၂ ရက် နံနက်တွင် ကျင်းပ
သည့် လက်ထပ်မင်္ဂလာအခမ်းအနားသို့ မင်္ဂလာမောင်နှံတို့နှင့်အတူ ၎င်းတို့၏ နှစ်ဖက်မိသားစုဝင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်ကို တွေ့ရပြီး အနဂ္ဂနှင့် သံသာဝင်းတို့မှာ ကက်သလစ်ဘာသာဝင်များ ဓလေ့ထုံးစံနှင့်အညီ တစ်ဦးနှင့်တစ်ဦး မင်္ဂလာကတိသစ္စာပြုခြင်း၊ မင်္ဂလာလက်စွပ် လဲလှယ်ဝတ်ဆင်ခြင်း၊ မင်္ဂလာလက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့သည်။

မင်္ဂလာပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်ခဲ့ပြီး ဂီတလောကမှ အဆိုတော်များ၊ တေးရေးများ၊ ထုတ်လုပ်သူများ၊ ရုပ်ရှင်ဘက်မှ အကယ်ဒမီထွန်းအိန္ဒြာဗိုတို့စုံတွဲနှင့် အကယ်ဒမီလူမင်းတို့စုံတွဲ တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ နိုင်ငံရေးနယ်ပယ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့တို့လည်း တက်ရောက်ခဲ့သည့်အပြင် အက်ဆစ်အဖွဲ့မှ လွှတ်တော်အမတ် ဇေယျာသော်က မင်္ဂလာပွဲတွင် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ၀င်ရောက်ဆင်နွှဲခဲ့သည်ကို တွေ့ရသည်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)

"ဈေးကွက်သို့ အမြန်တင်ပို့ရေး ငါးပိရည်ကျို ပြုလုပ်ရာတွင် ဓာတ်မြေသြဇာထည့်သွင်း"


ငါးပိရည်ကျိုပြုလုပ်ရာ၌ ဈေးကွက်အတွင်းသို့ အလျင်အမြန်တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းသုံး ယူရီးယားဓာတ်မြေသြဇာများ ထည့်သွင်းလာကြကြောင်း မြန်မာနိုင်ငံစ
ားသုံးသူ အကာအကွယ်ပေးရေးအသင်းနှင့် ငါးပိထုတ်လုပ်သူအချို့ထံမှသိရသည်။

မြန်မာ့ရိုးရာစားစရာတစ်ခု ဖြစ်သော ငါးပိရည်ကျိုငါးပိပြုလုပ် ရာ၌ ငါးများကို စဥ့်အိုးအတွင်း ဆားဖြူး၍ သုံးလခန့်ကြာအောင် ဖိသိပ်ထည့်ရကြောင်း၊ သို့ရာတွင် ငါးပိထု တ်လုပ်သူအချို့မှာ ¤င်းတို့ ၏ ကုန်ပစ္စည်းများအား ဈေးကွက် အတွင်းအမြန်ဆုံးတင်ပို့ရောင်းချနိုင်ရန်နှင့် ငါးအရိုးများ အမြန် ကြေမွစေရန်အတွက် ယူရီးယား ဓာတ်ြေ မသြဇာများကို ငါးပိသိပ် နယ်ရာ၌ ထည့်သွင်းအသုံးပြုလာ ကြကြောင်း၊ ထိုသို့ ယူရီးယားဓာတ် မြေသြဇာထည့်သွင်းအသုံးပြုခြင်း ဖြင့် တစ်ပတ်အတွင်း ငါးရိုးများ ကြေ မွစေ၍ ဈေးကွက်အတွင်း ရောင်းချနိုင်ကြောင်း မအူပင် မြို့နယ်မှ ငါးပိထုတ်လုပ်သူတစ်ဦး က ပြောသည်။ ”အရင်ကတော့ ငါးပိသိပ်ရင် ဆားနဲ့ပဲ နယ်ပြီးထည့်သိပ်တာပဲ။ ဒါပေမဲ့ ဆားနဲ့နယ်တာက အနည်း ဆုံး ၄၅ ရက် လောက်ကြာအောင် စောင့်ရတယ်။ ဓာတ်မြေသြဇာ ထည့်တဲ့အခါကျတော့ တစ်ပတ် လောက်နဲ့ အရိုးတွေကြေတယ်။ ငါးပိစဥ့်အိုးအသေးတစ်လုံးကို ဓာတ်မြေသြဇာ ရေပုလင်းဝက် လောက် ထည့်ရတယ်”ဟု၎င်းက ဆိုသည်။ဓာတ်မြေသြဇာထည့်သွင်း အသုံးပြုထားသော ငါးပိမှာ သာမန် ငါးပိထက် အနည်းငယ် အညိုရောင်သမ်းပြီး ဈေးနှုန်းမှာ လည်း ချိုသာကြောင်း၊ ထိုငါးပိ များမှာ ဈေးကွက်အတွင်းတွင် ကျယ်စွာ ဖြန့်ဖြူးရောင်းချလျက်ရှိ သော်လည်း သက်ဆိုင်ရာမှ ယနေ့ အထိဓာတ်ခွဲစမ်းသပ်၍ အရေး ယူခြင်းများ မရှိသေးကြောင်း၊ အဆိုပါ ငါးပိများတွင် ဓာတု ပစ္စည်း ထည့်သွင်းထားသည့် အတွက် စားသုံးသူများ၏ ကျန်း မာရေးကို ထိခိုက်စေကာ အစာ အဆိပ်သင့်ခြင်း၊ ဝမ်းပျက် ဝမ်း လျှောခြင်း၊ နှလုံး၊ သွေးတိုးနှင့် အစာအိမ်ရောဂါများကို ဖြစ်ပွားစေ နိုင်ကြောင်း မြန်မာနိုင်ငံစားသုံး သူ အကာအကွယ်ပေးရေးအသင်းမှ ဒုဥက္ကဋ္ဌဦးကံညွန့်က ပြောသည်။”ကျွန်တော်တို့အနေနဲ့ အရင် က ဒီကိစ္စကိုမသိဘူး။ နယ်ကိုငါးပိ မှာတဲ့အခါကျတော့ ငါးပိလုပ်တဲ့ သူတွေက ရောင်းတန်းထဲကဟာ ကို မယူနဲ့။ သီးသန့်လုပ်ပေးမယ်လို့ ပြောတာနဲ့ မေးကြည့်ရာကနေ ငါး ပိထဲမှာ ဓာတ်မြေသြဇာထည့်နေ တယ်ဆိုတာတွေကိုသိရတာ ပဲ။ ဒီလို ငါးပိထဲကို ဓာတ်မြေသြဇာ ထည့်တာက ငါးပိအဓိကထုတ်လုပ် ရောင်းချနေတဲ့ ဧရာဝတီတိုင်းဒေ သကြီးဘက်မှာ အများဆုံးပဲ။ ရန်ကုန်တိုက်ကြီးဘက်မှာလည်း ဒါမျိုးတွေ လုပ်ရောင်းနေတယ်”ဟု ၄င်းကထပ်မံပြောသည်။သို့ရာတွင် ၄င်းတို့အသင်း အနေဖြင့် ယခုအချိန်၌ တရားဝင် အသင်းအဖွဲ့ မှတ်ပုံတင်မရရှိသေး သည့်အတွက် ဈေးများအတွင်း လှည့်လည်စစ်ဆေးခြင်းနှင့် ဓာတ်ခွဲ စမ်းသပ်ခြင်းတို့ မပြုလုပ်နိုင်သေး ဘဲ အများပြည်သူ သိရှိနိုင်စေရန် အတွက် ဓာတ်မြေသြဇာပါဝင် သောငါးပိ များစားသုံးခြင်း မပြုရန် အသိပေးနိုင်ခြင်းသာ ပြုလုပ်နိုင် သည်ဟု ဆိုသည်။

သူရထွန်း
ဓာတ်ပုံ အောင်ကျော်လတ်

Monday, December 10, 2012

Hua Shan တောင်ကမ်းကမ်းပါးက ဘုံကျောင်းများ


တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၊ Shaanxi ပြည်နယ်၊ Huayin မြို့ အနီးက Hua Shan အမည်ရတောင် ဖြစ်ပါတယ်။

အမြင့်ပေ ၇၀၇၀ ပေ ရှိတဲ့ တောင်ရဲ့  နံရံ တွေမှာ တရုတ်ဘုန်းကြီးကျောင်း၊ ဘုံကျောင်းများ အများအပြား တည်ဆောက်ထား ပါတယ်။ တောင်ခြေ၊ တောင်နံရံ၊ တောင်ထိပ် နေရာတော်တော်များများမှာ ဘုံကျောင်းများ ရှိနေပါတယ်။ ရှေးယခင်ကတည်းက ယုံကြည်လာတဲ့ ဘာသာရေး အစွဲအလမ်းအရလည်း ယင်းတောင်မှာ အောက်ဘုံက ဘုရား၊ နတ်ဆိုးတို့ နေထိုင်တယ်လို့ ဆိုပါတယ်။ ဘုံကျောင်းအချို့ ဆိုရင် ၂ ရာစု ခေတ်တွေကတည်းက တည်ရှိခဲ့တာ ဖြစ်ပါတယ်။

ပုံမှာဆိုရင်လည်း တောင်နံရံမှာ တည်ဆောက်ထားတဲ့ ဘုံကျောင်း ကို တွေ့မြင် နိုင်ပြီး ရှေးယခင်ကတည်းက တည်ရှိတဲ့ ကျောင်း ဖြစ်ပါ တယ်။ ကျောင်းပေါ်ရောက်ဖို့ ဖောက်ထားတဲ့ လမ်းက ကြောက် စရာ ကောင်းပေမယ့် ကမ္ဘာလှည့်ခရီးသည်များ အတွက်ကတော့ စိတ်ဝင် စားစရာ နေရာဒေသ တစ်ခုအဖြစ် တည်ရှိကြောင်း သိရပါတယ်။
--
Ref: wiki
www.innewsmyanmar.com/2012/12/hua-shan.html

www.house.com.mmm
https://www.facebook.com/house.com.mm

---

မာစီဒီး Silver Arrow ကားသစ်ဒီဇိုင်း


Silver Arrow လို့အမည်ပေးထားတဲ့အတွက် မြားတစ်စင်းရဲ့  အလျင်အတိုင်း ခပ်မြန်မြန် ပြေးနိုင်မယ့်ကား ဖြစ်ပါတယ်။

ကားကိုယ်ထည်တစ်ခုလုံး ငွေသတ္တုနဲ့လုပ်မယ်ဆိုတော့ အပူလွန်ရင် အရည်ပျော်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီတော
့ ငွေနဲ့လည်း ကိုယ်ထည် လုပ်မယ် အရည်လည်း မပျော်အောင် ဘယ်လိုလုပ်မလဲဆိုတာ ဂျာမနီ Mercedes က ကြိုတင် တွက်ချက်ထားပြီးသား ဖြစ်ပါတယ်။ အခြား အဆင့်မြင့် သတ္တုတစ်မျိုးနဲ့ရောလိုက်ရင် ရရှိလာတဲ့ အလွိုင်းက မရည်မပျော် တဲ့အပြင် ကမ္ဘာ့အကြမ်းခံဆုံး သတ္တုတောင် ဖြစ်လာနိုင်တယ်လို့ ဆိုထားပါ တယ်။

ကားအတွက် လိုအပ်တဲ့ စွမ်းအင် ဘယ်ကယူမလဲလို့လည်း ဒီဇိုင်းအကဲ ခတ်သူတို့က မေးခွန်းထုတ်ပါတယ်။ အလွယ်ဆုံး စဉ်းစားရရင် အပြင် ငွေ သားသတ္တုကနေ အပူဒဏ်ဆုပ်ယူပြီး လျှပ်စစ်ဓာတ်အား အဖြစ် ပြောင်း လဲစေဖို့ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲပေးလိုက်တဲ့ လျှပ်စစ်ဓာတ် အား မြင်းကောင်ရေအား ၁၅၀၀ မကတဲ့ စွမ်းအင်မျိုးကိုပေးနိုင် ပါ့မလားဆိုတာ ကတော့ အကြီးမားဆုံး အခက်အခဲ ဖြစ်ပါတယ်။ အနာဂတ်မှာ ဆီဆို တာ မသုံးတော့ပါဘူး။ Fossil Fuel (ရုပ်ကြွင်းဓာတ်လောင်စာ) ဆိုတာ အနာဂတ်မှာ ပျောက်ကွယ်တော့ မှာ ဖြစ်ပါတယ်။ ဒီတော့ လျှပ်စစ်ဓာတ်အား လည်း သုံးချင်တယ်၊ အမြန်မောင်း ပြိုင်ကား လည်း ဖြစ်ချင်သေးတယ် ဆိုတော့ Mercedes ရဲ့  Silver Arrow က ဘယ်လိုလာမလဲဆိုတာ လူတိုင်း စိတ်ဝင်စားနေပါတယ်။

ပုံစံကတော့ တကယ့် ခေတ်လွန်အက်ရှင်ကားတွေထဲကလို စက်ရုပ်ကား ပဲ ဖြစ်ပါတယ်။ နှစ်ယောက်စီးဖြစ်ပြီး ဘီးတွေရဲ့ တည်ဆောက်ပုံ က လည်း တော်တော်ကြီးကွဲပြားနေပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ တည်ဆောက် မှာမို့ လော့အိမ်ဂျလစ် မော်တော်ယာဉ်ပြပွဲ- အနာဂတ် ကားဒီဇိုင်းပြိုင်ပွဲမှာ မာစီဒီးရဲ့  Silver Arrow ကားဒီဇိုင်းကို ဝင်ရောက်ပြသ ခဲ့ပါတယ်။ လူကြိုက်များ ရေပန်းစား ကားထဲမှာလည်း ပါဝင်တဲ့ Silver Arrow ရဲ့  ခပ်မိုက်မိုက်ပုံစံကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref: autoblog
TechSpace Journal

အေးချမ်းမွန်မှ TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journal

မိတ်ဆွေများအားလုံး မင်္ဂလာညချမ်းပါ


မင်္ဂလာရှိသော ညချမ်းမှာ ရွေတိဂုံစေတီတော်မြတ်ကြီး၏ ပုံတော်ကို ဖူးမျော်

ရှိခိုးကန်တော့ရင်း---------------- မိတ်ဆွေများအားလုံး မင်္ဂလာညချမ်းတွင်

ဘေးဘယာဝေးကွာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့်

ပြည့်စုံကာ အေးချမ်းသာယာစွာဖြင့် အိပ်စက်အနားယူနိုင်ကြပါစေကြောင်း

ဆုမွန်ကောင်းတောင်းအပ်ပါသည်

မိတ်ဆွေများအားလုံး အိပ်မက်လှလှမက်နိုင်ကြပါစေ

ပူသည့်ရေက ပိုမို အခဲမြန်၊ ယနေ့အထိ အဖြေရှာမရသေး


လူတိုင်း ခပ်ရိုးရိုးတွေးလိုက်ရင် အေးတဲ့ရေက ရေပူထက် ရေခဲသတ္တာထည့် လိုက်ရင် ပိုအအေးမြန်တယ်လို့ သိထားကြပါတယ်။ အမှန်တော့မှားပါတယ်။ ပူတဲ့ရေက ပိုပြီးတော့ ရေခဲအဖြစ်မြန်ပါတယ်။

ယင်းကို အာဖရိက တန်ဇေးနီးယားကျောင်းသားတစ်ဦး က တွေ့ရှိခဲ့တဲ့ အတွက် Mpemba effect လို့အမည်ပေးထားပါတယ်။ သို့ပေမယ့် ယနေ့တိုင် အဖြေရှာမရသေးပါဘူး။ ၁၉၆၈ ခုနှစ်ကတည်းက တွေ့ရှိ တာဖြစ်ပြီး ဗြိတိန်တော်ဝင် ဓာတုဗေဒ အဖွဲ့ အစည်းကို မေးခွန်းထုတ်ခဲ့ တာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက ဘယ် ဓာတုဗေဒ ပညာရှင်က မှ ပြီးပြည့် စုံတဲ့ အဖြေကို မပေးနိုင်သေးပါဘူး။

အပူချိန် ၁၀၀ ဒီဂရီ စင်တီဂရိတ်ရှိတဲ့ ရေနဲ့ ၃၅ ဒီဂရီ စင်တီဂရိတ် ရှိတဲ့ ရေ ကို ရေခဲသတ္တာတစ်ခုတည်း တစ်ပြိုင်နက်တည်းထားပြီး ကြည့်တဲ့အခါ ၁၀၀ ဒီဂရီအပူချိန်ရှိတဲ့ ရေက အရင်ခွဲသွားတာကို လေ့လာ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပါ တယ်။ သို့ပေမယ့် အကြောင်းပြချက် ရှာမရသေးပါဘူး။

အဖြေပေးနိုင်သူကိုလည်း ဗြိတိန်ပေါင် ၁ထောင် ဆုချီးမြင့်ပြီး အသိအမှတ်ပြု မယ်လို့ ဗြတိန်တော်ဝင် ဓာတုဗေဒ အဖွဲ့ရဲ့  ကြေငြာမှုကလည်း အကျိုး မသက်ရောက်ပါဘူး။ ယနေ့ထိကို မဖြေရှာ မတွေ့သေးတာ ဖြစ် ပါတယ်။

သာမိုင်ဒိုင်းနမစ် ပညာနဲ့ရော၊ ရူပဗေဒ ပညာနဲ့ရော ပေါင်းစပ်လို့ အဖြေရှာပေ မယ့် ထူးခြားမလာသေးပါဘူး။ Evaporation, Super Cooling, Frost, Soultes, Thermal Conductivity, Latent heat of Condensation, Convection အစရှိသဖြင့် အနီးစပ်ဆုံး ခန့်မှန်းမှုများ၊ ရေတွင်ပါဝင်သော ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင်ကို ဓာတ်ခွဲမှုများ၊ မော်လီကျူး လှုပ်ရှားမှုအသွား အလာများ၊ အက်တမ်တို့ ရွှေ့ လျားမှုများ အစရှိသဖြင့် စုံနေ အောင် ပညာရှင် တို့အမျိုးမျိုး အကြောင်းပြချက် ပေးပေမယ့် ပြီးပြည့်စုံ တဲ့ အဖြေမထွက်သေး ပါဘူး။

ဒါကြောင့် ယင်းမေးခွန်း (Mpemba effect) ရဲ့  အဖြေမှန်ဟာ ဗြိတိန်ပေါင် ၁ ထောင်တင်မက ဗြိတိန်ပေါင် သိန်းနှင့်ချီလည်း တန်တယ်လို့ တင်စားကြကြောင်း သိရပါတယ်။
--
Ref: Daily Mail

http://www.innewsmyanmar.com/2012/12/blog-post_5623.html

----
---

အန္တရာယ်ရှိသော Apple မြေပုံကို အသုံးမပြုရန် သြစတေးလျရဲတို့ သတိပေး


Apple မြေပုံ Application ကို အသုံးမပြုဖို့ တရားဝင် သတိပေးချက်ကို သြစတေးလျ ရဲတို့ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ Apple ရဲ့  iOS 6 ပေါ်မှာ အလုပ်လုပ်တဲ့ Apple Map app ဟာ ယနေ့ချိန်ထိ
မူလ ပကတိ အနေအထားသို့ ပြန်လည် မရောက်ရှိသေးပါဘူး။ အမှား အယွင်း များဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ၊ Mildura မြို့ အနီးမှာ ဘေးမဲ့တောပန်းခြံတစ်ခု ရှိတယ်လို့ Apple မြေပုံက ပြ သပြီး အမှန်စင်စစ် ၄၄ မိုင်ဝေးတာကို တွေ့ရပါတယ်။ ဒါကို မသိပဲ Apple Map အသုံးပြုသူဟာ Map ရဲ့ လမ်းညွန်ချက် အတိုင်း သွားတော့ ရေမရှိတဲ့အပြင် အပူချိန် ၁၁၅ ဖာရင်ဟိုက်အထိ မြင့်မားတဲ့ ဒေသ ဖြစ်နေပါတယ်။ အကယ်၍ ကားသာ ယင်းနေရာမှာ တစ်ခုခု ဖြစ်ခဲ့ရင် ပြန်လှည့်ပြန်ဖို့ အခက်အခဲ ရှိတဲ့အတွက် အသက်အန္တရာယ်တောင် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Mildura မြို့ က ရဲများဟာ Apple ရဲ့  မြေပုံကို အသုံးမပြုရန် သတိပေးကြေညာလိုက်ပါတယ်။iPhone 5 စတင်ဖြန့်ချိခြင်း အတူထွက်ရှိတဲ့ Apple မြေပုံဟာ ယနေ့တိုင် မှားယွင်းနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် Google ရဲ့  မြေပုံကိုပဲ ပြန်လည် အသုံးပြုစေဖို့ Apple က တိုက်တွန်းထားပါတယ်။ လက်ရှိ ပြင်ဆင်မှု မပြီး နိုင်သေးတဲ့ မြေပုံအတွက် Apple စီအီးအို Tim Cook ကိုယ်တိုင် အောက်တိုဘာလ ၂၆ ရက်နေ့ဟာ တရားဝင် တောင်းပန် ထားပြီး ဖြစ်ပါတယ်။ သို့ပေမယ့် အများပြည်သူတို့ ထပ်ခါထပ်ခါ အသုံးပြုနေမှုကြောင့် သြစတေးလျ ရဲများဟာ Apple ကို တိုက်ရိုက်အကြောင်းကြား အသိပေးရတဲ့ အခြေအနေအထိ ရောက်သွားကြောင်း သိရပါတယ်။ --Ref: imoreAung Kham (TSJ team)http://blog.techspace.com.mm/2012/12/apple_10.html---

TechSpace Journal

သောက်ကြမလား ဆင်ချေးတုံးကော်ဖီ


Monday, December 10, 2012

ဆင်ချေးတုံးကနေထုတ်လုပ်တဲ့ ကော်ဖီဆိုတာ ရှိတယ် လို့ စနေနေ့က ထွက်လာတဲ့ AP သတင်းဆောင်းပါးတပုဒ်မှာ တွေ့ရပါတယ်။

ရွံစရာကြီး ဘယ်သူသောက်မှာလဲ လို့ မပြောလိုက်နဲ့၊
တခွက်ကို ဒေါ်လာ ငါးဆယ် ပေးရတယ် တဲ့။
မြန်မာငွေ လေးငါးသောင်းပေးမှ တခွက်ပဲ ရမယ့် ကော်ဖီ။

ကမ္ဘာ့ အထူးခြားဆုံးနဲ့ ဈေးအကြီးဆုံးထဲ ပါဝင်တဲ့ ဒီကော်ဖီကို ထုတ်လုပ်ရာ ထိုင်းမြန်မာနယ်စပ် ရွှေတြိဂံနားက ကော်ဖီပရောဂျက်မှာ ဆင်အကောင် ၂၀ လောက် ရှိတယ်လို့ ဆိုတယ်။

ပြီးခဲ့တဲ့လက ဒီကော်ဖီကို စတင် မိတ်ဆက်ကြတဲ့ နေရာများကတော့ ထိုင်း၊ ဒူဘိုင်း၊ မော်လဒိုက်တို့မှာရှိတဲ့ ဇိမ်ခံဟိုတယ်ကြီးတချို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပရောဂျက်အတွက် သုံးခဲ့တဲ့ငွေပမာဏက ဒေါ်လာ သုံးသိန်းဖြစ်ပါတယ် တဲ့။

ကော်ဖီ ထုတ်လုပ်ပုံ အဆင့်ဆင့်
ဆင်ချေးတုံးကော်ဖီရဖို့ ဆင်ကို ကော်ဖီသီး ကျွေးရပါတယ်။ ကော်ဖီချည်းပဲ မဟုတ်ဘဲ ငှက်ပျောသီး၊ ကြံ အပါအ၀င် ဆင်စာတွေနဲ့ ရောစပ်ကျွေးရတာပါ တဲ့။

ဆင်က စားပြီး အစာချေဖို့ ၁၅ နာရီ ကနေ နာရီ ၃၀ အထိ လိုပါတယ်။ ပြီးရင် နောက်ဖေး သွားပါတယ်။ ဆင်ချေးတုံးထဲက ကော်ဖီစေ့တွေကို ခွာယူရပါတယ်။ အဲဒီကော်ဖီကို ကြိတ်လိုက်ရင် ကမ္ဘာ့ ထူးခြား ဈေးများတဲ့ ကော်ဖီ ရပြီပေါ့။

“ဆင်က ကော်ဖီကို စားပြီးရင် သူ့အစာအိမ်မှာ ရှိတဲ့ အက်ဆစ်ဓာတ်က ကော်ဖီထဲမှာ ရှိတဲ့ ပရိုတိန်းကို ချေဖျက်လိုက်တယ်။ အဲဒီပရိုတိန်းကြောင့်ပဲ ကော်ဖီက ခါးနေတာ” လို့ ပရောဂျက်ကို အစပြုသူ ကနေဒါနိုင်ငံသား Blake Dinkin က ပြောပါတယ်။

ဒါဆို ဒီနည်းနဲ့ ကော်ဖီအရသာ အပြောင်းအလဲ ဖြစ်သွားပုံပါပဲ။
ဆင်ချေးတုံးကော်ဖီ ထုတ်လုပ်သူ Blake Dinkin
ဈေးကြီးရတဲ့ အကြောင်းရင်းထဲမှာ ကော်ဖီစေ့တွေ ကြေသွားတာလည်း ပါပါလိမ့်မယ်။
ဆင်ချေးတုံးထဲ ကော်ဖီစေ့ ၁ ကီလို ရဖို့ ဆင်ကို ကော်ဖီ ၃၃ ကီလို ကျွေးခဲ့ရတယ် ဆိုပဲ။ ကော်ဖီစေ့ အများစုက ပါးစပ်ထဲ ဗိုက်ထဲမှာတင် ကြေသွားတဲ့သဘောပေါ့။

ဆင်က ကော်ဖီတွေ ဒီလောက် စားရပေမယ့် ဗိုက်ထဲ ရောက်သွားတဲ့ ကဖိန်းဓာတ်တွေက ဆင်ကို အန္တရာယ်မပေးဘူး လို့ သတင်းမှာ ရေးထားပါတယ်။

သောက်လို့ ကောင်းပါ့မလား
ဆင်ချေးတုံး ကော်ဖီ အရသာက အရမ်း အရမ်းကို ကောင်းတာပါပဲ လို့ ဆိုကြပါတယ်။

တယောက်ကတော့ ကော်ဖီ အရသာ ကောင်းလွန်းတယ်၊ ဘယ်လိုကောင်းတယ် ဆိုတာကို ရှင်းပြဖို့ စကားလုံး ရှာမတွေ့ဘူး ဆိုပဲ။ ဒါကြောင့်လည်း ဒီလောက် ဈေးမြောက်နေတာ ဖြစ်ပါလိမ့်မယ်။

ရွှေတြိဂံဆိုတာ မူးယစ်ဆေးထွက်ရာဒေသအဖြစ် နှစ်ပေါင်းများစွာ သိထားကြတာပါ။ ခုတော့ ရွှေတြိဂံ ဆိုတာ ကမ္ဘာ့ အထူးခြားဆုံး နဲ့ ဈေးအမြင့်ဆုံး ကော်ဖီတမျိုးဖြစ်တဲ့ ဆင်ချေးတုံးကော်ဖီ ထွက်တဲ့ ဒေသ ဖြစ်နေပါတော့တယ်။
irrawaddy

၂၀၁၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု အီးယူ လက်ခံရယူ

၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ရွေးချယ်ချီးမြှင့်ခံရသော ဥရောပသမဂ္ဂအဖွဲ့သည် နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ယနေ့ ကျင်းပသည့် နိုဘယ်ဆုပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်၍ ဆုလက်ခံရယူခဲ့သည်။ —
Planet Myanmar Network

Thursday, December 6, 2012

ခွင့်ပြုပြီး စီမံကိန်းများကို ပြန်သုံးသပ်မည်

ခွင့်ပြုပြီး စီမံကိန်းများအားလုံးကို ပြန်လည်စိစစ်သွားမည်ဟု ရင်းနှီးမြှုပ်နှံမှု
ကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်။
“စိစစ်ရမှာပေါ့ဗျာ။ မစစ်လို့ ဘယ်ရပါ့မလဲ။ အခုကြေးနီ စီမံကိန်း ကိုလည်း နိုင်ငံတော်အဆင့်က စစ်မှာပဲလေ။ တို့လည်း သုံးသပ်တာတွေ
ပြန်လုပ်ရမှာပဲပေါ့” ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

လက်ရှိ စီမံ

ကိန်းများကို ရင်းနှီးမြှုပ်နှံမှုကော်မရှင် အနေဖြင့် ချထားပေးရာတွင် အချို့သော စီမံကိန်းများ၌ မှားယွင်းသော လုပ်ဆောင်မှုတို့ ရှိနေကြပြီး ထိုအရာတို့မှာလည်း သတိပြုဆင်ခြင်စရာ တစ်ခုဖြစ်သည်ဟု ပြည်ထောင်စု ဝန်ကြီးက ဆက်လက်ပြောသည်။

“အမှန်ကတော့ဗျာ။ လက်လုပ်လက်စား အခြေခံလူထုနဲ့ ကုမ္ပဏီတွေက ပိုထိတွေ့ဖို့ လိုတာပေါ့။ အခုက ဒီလိုမဟုတ်ကြဘဲ လုပ်ကြတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ကြတာပေါ့။ ဒီလိုတွေ မဖြစ်ရအောင်
ဆောင်ရွက်ကြရင် အကောင်းဆုံးပါပဲ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက်ရှိလာပြီလည်း ဖြစ်သဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတို့ကို ပြဋ္ဌာန်းဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်များ ချထားပေးမှုကို စနစ်တကျဖြစ်အောင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဘက်ပေါင်းစုံ သုံးသပ်၍ စိစစ်လုပ်ဆောင်သွားမည်ဟု ကော်မရှင်ထံမှ သိရှိရကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

အေးချမ်းမွန်မှ ခေတ်လူငယ် တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

သတိ ! ကွန်ပြုတာလက်တော.ကိုပေါင်ပေါ်တင်ပီ ရရှိလာမည့်အကျိုးဆက် (Laptop အသုံးပြူသူများ သတိထားရန်


လူအများစုက လက်တော.ပ်ကို ပေါင်ပေါ်တင်ပြီး အသုံးပြ
ုဖို.လို. ယုံကြည်ထာ
းကြပေမယ်. ကုမ္မဏီကြီးတွေ ဖြစ်တဲ. Apple, Hewlett Packard and Dell စတဲ. ကုမ္မဏီတွေက

တော. လက်တော.ကို ပေါင်ပေါ်မတင်ဖို. သတိပေးခဲ.ကြတယ်။

လက်တော.ပ် ကို ကြာရှည်စွာ ပေါင်ပေါ်တင်ပြီး အသုံးပြုခြင်းကြောင်. ရှားပါးတဲ. Toasted Skin ရောဂါလက္ခဏာစုကို ရစေနိုင်ကြောင်း မကြာသေးမီက ၁၂နှစ်သားအရွယ် ကောင်လေးတစ်ယောက် ၅၂ ဒီဂရီ စင်တီဂရိတ်ထိ အပူထုတ်လွတ်တဲ. လက်တော.ကို လအတန်ကြာ. ပေါင်ပေါ်တင်ပြီး ဂိမ်းကစားခဲ.ရာမှ Toasted Skin Syndrome ရရှိခဲ.ကြောင်း Pediatrics Medical Journal မှာဖော်ပြလိုက်ပါတယ်။

၎င်းရောဂါဟာ လက်တော.ပ် ကိုပေါင်ပေါ်တင်ပြီး အသုံးပြုတဲ.အခါ ထွက်ပေါ်လာတဲ. အပူ ရှိန်ကြောင်. နေလောင် သကဲ.သို. အညိုရောင် အကွက်လေးတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီ အခြေအနေမှာ အန္တရာယ်မရှိပေမယ်. Permanent skin darkening အရေအပြားအရောင်ကို ပျက်စီးစေပြီး အရေအပြားကင်ဆာ ကိုလည်းဖြစ်စေ နိုင်ပါတယ်လို.ဆိုပါတယ်။

Toasted Skin Syndrome ဟာ မုန်.ဖုတ်သူ ၊ မီးဖိုနားမှာအလုပ်လုပ်ရသူ၊ မီးအပူနဲ. နီးနီးကပ်ကပ် အလုပ်လုပ်ရတဲ. အလုပ်သမားတွေမှာ အများဆုံးတွေ.ရနိုင်ပါတယ် ။

လက်တော.ပ်ကို ပေါင်ပေါ်တင်ပြီး အသုံးပြုတဲ. အမျိုးသားတွေကလည်း လက်တော.ကနေ ထွက်လာတဲ.အပူရှိန်ကြောင်. ဝှေးစေ.မှ သုက်ပိုးထုတ်လုပ်မှု ကျဆင်းစေပြီး ၊ မျိုးကန်းစေ နိုင်တဲ.ထိ ဖြစ်နိုင်ကြောင်းလည်း အနောက် တိုင်းဆေးပညာကလွန်ခဲ.တဲ. နှစ်တွေက ဖော်ပြ ခဲ.ပါတယ်။ မည်သည်.လက်တော.ပ် အမျိုးအစားက ထိုသို.ဖြစ်စေနိုင်ကြောင်းကိုတော. မသတ်မှတ် ရသေးပါဘူးလို.လည်းဆိုပါတယ်။

ကမ္ဘာ ကျော် ကိုရီးယား မင်းသား ရန်ကုန် ရောက်


ကန်း(စ) ၊ ဗင်းနစ် ၊ ဘာလင် ရုပ်ရှင် ပွဲတော် များ တွင် ဆု ရခဲ့ သည့်
ကမ္ဘာ ကျော် ကိုရီးယား သရုပ်ဆောင် ယိုဂျီတေး နှင့် ၎င်း ၏ ဇနီး ဖြစ်သူ
မင်းသမီး ကင် ဟိုဂျင် တို့  သည် အိမ်ထောင် သက် တစ် နှစ် ပြည့် အဖြ

စ်မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ် ကာ မြန်မာ နိုင်ငံ တွင်း ရှိ မိဘ
မဲ့ ကလေး ကျောင်း များ နှင့် ဂေဟာ များ တွင် လှုဒါန်း ကူညီမှု ပြု ကာ
ယနေ့  ညနေ တွင် ရန်ကုန် မှ ပြန် လည် ထွက် ခွာ မည် ဖြစ်သည်။

ယခင် နှစ် က မင်းသမီး လီယောင် အ (ချန်ဂီ) သည်လည်း မြန်မာ မိဘမဲ့
ိမိန်းကလေး များ အတွက် လှုဒါန်း ကူညီမှု ပြုခဲ့ သည်

အေးချမ်းမွန်မှ Freedom News Group(Burma) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Freedom News Group(Burma)

မြန်မာ - အမေရိကန် ကမ္ဘာအနှံ့ ပထမဆုံး ငွေလွှဲ စတင်

ရန်ကုန်၊ ဒီဇင်ဘာ ၅

နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ငွေပေးချေခြင်း လုပ်ငန်းများ ဆောင်ရွက် နေ သည့် အမေရိကန် အခြေစိုက် Western Union Company က မြန်မာ အရှေ့တိုင်းဘဏ် (MOB) နှင့် ချိတ်ဆက်ကာ ကမ္ဘာအနှံ့ ငွေလွှဲ ပို့ခြင်းကို စတင် နေပြီ ဖြစ်ကြောင်း မြန်မာ အရှေ့တိုင်းဘဏ် ၏ အကြီးတန်း အထွေထွေ မန်

နေဂျာ ဦးသန်းဝင်းက The Voice Weekly သို့ ပြောကြား သည်။

နိုင်ငံခြားမှ လွှဲငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ မြန်မာ ငွေလှဲနှုန်း ကို အခြေခံ၍ Western Union က သတ်မှတ်ကာ မြန်မာကျပ်ငွေ ပြန်လည် ထုတ်ပေးသွားမည် ဖြစ်ပြီး လွှဲငွေ ပမာဏနှင့် အကြိမ် အရေတွက် ကန့်သတ် မှု မရှိကြောင်း ၎င်းက ဆိုသည်

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ၁၉ နေရာတွင် ပြုလုပ်သွား မည် ဖြစ်ပြီး ရန်ကုန် မြို့တော်တွင် မြန်မာ အရှေ့တိုင်း ဘဏ်ခွဲ ၈ နေရာတွင် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ ပြည်ပ နိုင်ငံများမှ နိုင်ငံခြားသား များနှင့် ပြည်ပရောက် မြန်မာ နိုင်ငံသား များ၏ ငွေလွှဲပို့ခြင်း များကို စတင် လုပ်ကိုင် သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဘက်မှ ပြည်ပ နိုင်ငံများသို့ လက်ရှိ အချိန် တွင်ငွေလွှဲ၍ မရနိုင် သေးသော်လည်း နောက်ပိုင်းတွင် ရရှိရန် ပြုလုပ် သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ငွေလွှဲ ထုတ်ယူမည့် သူသည် ကိုယ်တိုင် လာရောက် ထုတ်ယူရမည် ဖြစ်ပြီး မှတ်ပုံတင်၊ တဖက်မှ ငွေလွဲပို့ သူ၏ အမည် အပြည့်အစုံ နှင့် နိုင်ငံအမည်၊ လွှဲငွေ ပမာဏနှင့် ငွေလွှဲသူမှ ငွေလက်ခံသူ ကို ကြိုတင် ပြောကြားထားမည့် MTCN (Money Transfer Control Number) နံပါတ် အတိအကျ စသည်တို့ ပြည့်စုံလျှင် ငွေထုတ်ယူ နိုင်မည်ဖြစ်ကြောင်း MOB ဘဏ်ထံမှ သိရသည်။

မြန်မာနိုင်ငံ ပြင်ပတွင် ရောက်ရှိ နေသော နိုင်ငံသား များသည် တရားဝင် နိုင်ငံခြားငွေ လွှဲခြင်းများ အစား ယုံကြည်ရရန် ခက်ခဲသည့် ဟွန်ဒီ ကိုသာ အားကိုး လာခဲ့ရာမှ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ် ၁၄ ခုကို နိုင်ငံခြား ငွေလွှဲ လုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့ရာ သမဝါယမ ဘဏ်၊ ကမ္ဘောဇ ဘဏ်၊ ဧရာဝတီ ဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်တို့က ထိုင်း၊ မလေးရှား၊ စင်ကာပူ တို့နှင့် အပြန်အလှန် ငွေလွှဲခြင်း လုပ် ကိုင်ပြီး မြန်မာ အရှေ့တိုင်း ဘဏ်က ကမ္ဘာအနှံ့ ငွေလွှဲခြင်း စတင် လုပ်ကိုင်လာခြင်း ဖြစ်သည်။

ကမ္ဘာအနှံ့ ငွေလွှဲခြင်းကို မြန်မာ အရှေ့တိုင်း ဘဏ်ခွဲများ ရှိရာ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မကွေး၊ တောင်တွင်းကြီး၊ တောင်ငူ၊ ပြည်၊ ပုသိမ်၊ ဟင်္သာတ၊ မော်လမြိုင်၊ မြိတ်မြို့ တို့၌ စက်တင်ဘာ လကုန်မှ စတင်ကာ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း MOB ဘဏ်မှ စုံစမ်း သိရှိရသည်။

အေးချမ်းမွန်မှ The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

အသက် ၆၀ နှင့် ၇၀ ကျော် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်


ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းမှ သက်ကြီးရွယ်အိုလူနာတချို့အား တွေ့မြင်ရစဉ်
အသက် ၆၀ နှင့် ၇၀ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။

ယင်းနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ အသက် ၇၀ ကျော် ဘိုးဘွားများအား နိုင်ငံပိုင်ဆေးရုံများတွင် အခမဲ့ဆေးကုသခွင့်နှင့် ဆေးစစ်ဆေးခွင့်အစီအစဉ် ရှိ၊ မရှိနှင့် ပတ်သက်သည့် မေးမြန်းမှုအပေါ် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “အသက်ကြီးလာရင် နာခြင်းဒုက္ခကို မလွဲမသွေ ခံစားကြရပါတယ်။ အထူးသဖြင့် အသက် ၇၀ ကျော် ဘိုးဘွားများအနေနဲ့ အိမ်မှာသားသမီးမရှိရင် ပိုပြီးဆိုးပါတယ်။ ကျွန်မတို့တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအရ ဘိုးဘွားများဆိုတာ အိမ်ရဲ့ကျက်သရေဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ကျက်သရေ ဖြစ်ပါတယ်။ ဘိုးဘွားများဟာ နာခြင်းဒုက္ခကိုခံရလို့ နိုင်ငံပိုင်ဆေးရုံတွေကို သွားရောက်တဲ့အခါမှာ ဆေးရုံက အပေါက်စောင့်၊ သူနာပြုတချို့၊ အသပြာဆရာဝန် စသူတွေက မချေမငံဆက်ဆံမှု၊ တစ်ခါ ငွေကြေးမတန်တဆ တောင်းခံမှုတွေက သူတို့ရဲ့အခြေခံကျန်းမာရေး စောင့်ရှောက်မှုမရတဲ့ အနေအထားမှာ ဖြစ်နေပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမများပေါ်မှာ ကြည့်မယ်ဆိုရင် အသက် ၆၀ ကျော် ၇၀ အရွယ် ဘိုးဘွားတွေက ဆေးဖိုးဝါးခအတွက် မကြာခဏဆိုသလို တောင်းရမ်းစားသောက်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် မေးမြန်းချင်တာကတော့ ရန်ကုန်မြို့မှာ လမ်းတွေ၊ တံတားတွေ အများကြီးဆောက်ပါတယ်။ အဲဒီမှာ ဖြည့်စွက်ခွင့်ပြုငွေတွေလည်း ထပ်တောင်းထားပါတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ ဆင်းရဲချို့တဲ့တဲ့ အခြေခံလူတန်းစားတွေဖြစ်တဲ့ အသက် ၇၀ ကျော် အဘိုးအဘွားတွေကို နိုင်ငံပိုင်ဆေးရုံဆေးခန်းတွေမှာ အခမဲ့ဆေးကုသခွင့်နဲ့ အခမဲ့ဆေးစစ်ဆေးခွင့်တွေ ပေးနေပါသလား သိချင်ပါတယ်။ ရှိတယ်ဆိုရင်လည်း မည်သည့်အတိုင်းအတာထိ ရှိသလဲဆိုတာကို သိရှိချင်ပါတယ်” ဟု မေးမြန်းခဲ့သည်။

“ကျန်ရှိတဲ့ ကုတင် ၂၀၀ အောက်ဆေးရုံ၊မြို့နယ်အဆင့် တိုက်နယ်အဆင့် ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနအဆင့်အထိ နိုင်ငံတော်မှ ကျန်းမာရေးအတွက် ချပေးသော ဘတ်ဂျက်ငွေကို ကျန်းမာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အခမဲ့ ကူညီထောက်ပံ့ပေးသွားမှာဖြစ်လို့ မြို့ပြသာမက ကျေးလက်အထိပါ ငွေကြေးမတတ်နိုင်သော အသက် ၇၀ ကျော် ဘိုးဘွားတွေအပြင် အသက် ၆၀ ကျော် ဘိုးဘွားတွေပါ နိုင်ငံပိုင်ဆေးရုံတွေမှာ အခမဲ့ ဆေးကုသခွင့် . . . . .

ယင်းမေးမြန်းချက်အပေါ်တွင် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက “ နိုင်ငံတော်ရဲ့ ဆင်းရဲချမ်းသာ၊ ဘာသာလူမျိုးမရွေး ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစေဖို့အတွက် နိုင်ငံတော်၏ စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေမှုရှိတဲ့ ကျန်းမာရေး ဘဏ္ဍာငွေ ကူညီမှုတစ်ရပ်အဖြစ် ဆေးရုံများမှာ ဆေးပဒေသာပင်နဲ့ စရိတ်မျှပေးကျန်းမာရေးစနစ်ကို ပြုလုပ်နေပါတယ်။ ကျန်းမာရေးဦးစီးဌာနအနေနဲ့ တိုးပွားလာသော သက်ကြီးရွယ်အိုများအတွက် အစီအမံများ ချမှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစီမံချက်ဝင် မြို့နယ် ၈၈ ခုရှိပြီး မြို့နယ်အဆင့် ဆေးရုံ၊ တိုက်နယ်ကျန်းမာရေးအဆင့်၊ ကျေးလက်ကျန်းမာရေးအဆင့်အထိ သက်ကြီးရွယ်အို ဆေးခန်းများ ဖွင့်လှစ်ကုသပေးလျက် ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သန်လျင်၊ သုံးခွ၊ ခရမ်း၊ ဒေါပုံ၊ လှိုင်သာယာ၊ တွံတေး စတဲ့မြို့နယ်များမှာ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု စီမံချက် လုပ်နေပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ်၊ မတ်လအထိ ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံ၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်ဆေးရုံများအတွက် ဆေးဝယ်ယူရန် ကုတင်အဆင့်အလိုက် ခွင့်ပြုငွေကျပ် သိန်းပေါင်း ၄၀၀ မှ ၁၅၀၀ အထိ ခွဲဝေချထားပေးကြောင်း သိရသည်။

“ကျန်ရှိတဲ့ကုတင် ၂၀၀ အောက် ဆေးရုံ၊ မြို့နယ်အဆင့် တိုက်နယ်အဆင့် ဆေးရုံတွေနဲ့ ကျေးလက်ကျန်းမာရေးဌာနအဆင့်အထိ နိုင်ငံတော်မှ ကျန်းမာရေးအတွက် ချပေးသော ဘတ်ဂျက်ငွေကို ကျန်းမာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အခမဲ့ ကူညီထောက်ပံ့ပေးသွားမှာဖြစ်လို့ မြို့ပြသာမက ကျေးလက်အထိပါ ငွေကြေးမတတ်နိုင်သော အသက် ၇၀ ကျော် ဘိုးဘွားတွေအပြင် အသက် ၆၀ ကျော် ဘိုးဘွားတွေပါ နိုင်ငံပိုင်ဆေးရုံတွေမှာ အခမဲ့ ဆေးကုသခွင့်နှင့် ကျန်မာရေးစစ်ဆေးခွင့်များ ရရှိတော့မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမြင့်သိန်းက ဆိုပါသည်။

အင်းစိန်ဆေးရုံကြီးတွင်လည်း သက်ကြီးရွယ်အို ဆေးခန်းဖွင့်လှစ်ထားရှိကာ အသက် ၆၀ နှင့်အထက် ဘိုးဘွားများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ခွင့်ပေးနေပြီး ကျန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံးများတွင်လည်း အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပတ်သက်၍ ဆေးခန်းများ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗဟိုအဆင့်ဆေးရုံ ၁၅ ရုံနှင့် တိုင်းဒေသကြီးအဆင့် မြို့နယ်၊ ခရိုင်တိုက်နယ်အဆင့် ဆေးရုံ ၅၇ ရုံတို့မှာ ၂၀၁၁ ခုနှစ်အတွင်း ဆေးပဒေသာပင်ဝင် ၂၁၈၉၄ သိန်းကျော်ရှိပြီး ရရှိသော အတိုးငွေဖြင့် လူနာပေါင်း ၂၁၉၄၁ ဦးကို ကျပ်တန်ဖိုး ၂၂၁၀ သိန်းကျော်ဖိုးခန့် အခမဲ့ ဆေးကုသပေးနိုင်ခဲ့ကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးအသုံးစရိတ်ငွေကို လေးဆတိုးမြှင့် ပေးထားကြောင်း ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Eleven Media Group

ဒေါ်လာသုံးသန်းတန် ဓါတ်ခွဲခန်း ကိုရီးယားအေဂျင်စီ တည်ဆောက်ပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၅

ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) က အမေရိကန် ဒေါ်လာ သုံးသန်း အကုန်အကျ ခံကာ ကူးစက်ရောဂါ သုတေသန ဓါတ်ခွဲခန်း အဆောက်အအုံကို ဆောက်လုပ် ပေးမည် ဖြစ်ကြောင်း ဆေးသုတေသန (အောက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဦးဝင်းအောင်က The Voice Weekly သို့ ပြောကြားသည်။

ငှက်ဖျား၊ တီဘီနှင့် အသည်းရောင် အသားဝါ ရောဂါတို့ကို နှစ်နိုင်ငံ ပူးပေါင်း စမ်းသပ် သုတေသန လုပ်ကိုင်ရန် အဆိုပါ အဆောက်အအုံ ဆောက်လုပ်ရခြင်း ဖြစ်ကြောင်း ယင်းအဆောက် အအုံ ဆောက်လုပ်ရခြင်း အကြောင်းကို ၎င်းက ရှင်းပြသည်။

နှစ်ထပ် အဆောက်အအုံ ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်း၊ ပန္နက်တင် အခမ်းအနားကို ဒီဇင်ဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ဦးဝင်းအောင်၏ ပြောပြချက် အရ သိရသည်။

ဆေး သုတေသန (အောက်မြန်မာပြည်) နှင့် ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့သည် ၂၀၀၁ ခုနှစ်မှ စတင်၍ ပူးပေါင်း သုတေသနများ ပြုလုပ် လာခဲ့ခြင်း ဖြစ်သည်။

ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်မြန်နှုန်း ၂၀၁၃တွင် နိုင်ငံတကာ စံနှုန်းအတိုင်း မြှင့်မည်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ခေါ်ဆိုမှုနှင့် အင်တာနက် မြန်နှုန်းများကို ၂၀၁၃ ခုနှစ် ဧပြီလတွင် နိုင်ငံတကာ စံချိန်စံညွန်း များနှင့် ကိုက်ညီအောင် လုပ်ဆောင် သွားမည်ဟု သိရကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပသော အာဆီယံ ခေါင်းဆောင်မှု ၁၀၀ ဖိုရမ် ကျင်းပရာ ဆီဒိုးနား ဟိုတယ်တွင် ယင်းဖိုရမ် ဦးဆောင်ကျင်းပသူ Mr.Dato Timothy Ong က မိုဘိုင်းဖုန်းများ ခေါ်ဆိုရ အဆင်ပြေစေရန် မည်သို့ လုပ်ဆောင် ထားသနည်းဟု မေးမြန်းသဖြင့် ဒေါက်တာ ကံဇော်က ယင်းကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

"အပြောင်းအလဲ တွေက ၂၀၁၃ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ထင်သာမြင်သာ ဖြစ်လာ လိမ့်မယ်။ အစိုးရ သက်တမ်းက ခုမှ လနှစ်ဆယ် သားပဲ ရှိသေးတယ်" ဟု ၎င်းက ဆိုသည်။
"မိုဘိုင်းဖုန်းက ကောင်းကောင်း ခေါ်မရဘူး။ Message (သတင်းတို) ပို့ရတာလည်း မလွယ်ဘူး" ဟု Mr.Dato Timothy Ong က ဝေဖန် သည်။

ပြည်သူအားလုံး သတင်းနည်းပညာ ဖွံ့ဖြိုးမှု၏ အကျိုးကျေးဇူးကို ခံစားနိုင်ရန် သတင်း နည်းပညာ နယ်ပယ်တွင် အကြီးစား ရင်းနှီးမြှုပ်နှံ မှုများ ဆောင်ရွက်လျက် ရှိကြောင်း ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောဆိုသည်။

ဆက်သွယ်ရေး ကွန်ယက် ကောင်းမွန်ပါက လူသား ရင်းမြစ်ကို မြှင့်တင်နိုင်သည့် ပညာရေးကို အထောက်အကူ ဖြစ်စေကြောင်း၊ အစိုးရ၏ ပါဝင်ဆောင်ရွက်မှု အရမ်း အားကောင်းနေလျှင် လုပ်ငန်း အနည်းအကျဉ်းသာ ပြီးမြောက်နိုင်မည် ဖြစ်ကြောင်း၊ စီးပွားရေးတွင် တတ်နိုင်သမျှ အစိုးရ၏ ပါဝင် ပတ်သက်မှုကို လျှော့ချရမည် ဖြစ်ကြောင်း အစိုးရနှင့် ကော်ပိုရိတ် ဆိုင်ရာ အကြံပေး ဟောင်ကောင်ရှိ ဈေးကွက်ပြိုင်ဆိုင်မှု သင်တန်းကျောင်းကို တည်ထောင်သူ ပါမောက္ခ မိုက်ကယ်အန်ရိုက်က သုံးသပ်သည်။

Saturday, December 1, 2012

ခရစ်စတီယာ ရော်နယ်ဒိုက ယူရို ၁.၅သန်းတန် ရွှေဖိနပ်ကို လှူဒါန်း

ယူရို ၁.၅ သန်း တန်ရွှေဖိနပ်တင်မကပဲ၊ အခြားသော တန်ဖိုးကြီး အားကစား ပစ္စည်းတော်တော်များများကို လေလံတင်ရောင်းချလို့ စီရော်နယ်ဒို တစ်ယောက် အလှူလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်း ကလေးငယ်များ ကျောင်း ဆက် တက်နိုင်ရေးအတွက် ရန်ပုံငွေကို ရီးရဲမက်ဒရစ် စပိန်ကလပ်က တာဝန် ယူထားပါတယ်။ ယင်းကလပ်ထဲမှာမှ အလှူအရက်ရောဆုံးကတော့ ခရစ်စတီယာ ရော်နယ်ဒို ဖြစ်ပြီး ငွေကြေးရော၊ အသုံးအဆောင် များရော တော်တော်များများ လှူဒါန်း ထားပါတယ်။ ရီးရဲလ် ရဲ့  ငွေကြေး ရန်ပုံငွေ အလှူတော်က နိုင်ငံပေါင်း ၆၆ က ကျောင်းပေါင်း ၁၆၇ ခုမှာ တစ်ပြိုင်နက်တည်း ရင်းနှီးထားတာ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်း အကြီးစား ဖြစ်ပါတယ်။


ရွှေဖိနပ် လှူဒါန်းဖြစ်သွားတဲ့ စီရော်နယ်ဒို ရဲ့  ရင်ဖွင့်စကားကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နားဆင်နိုင် ပါတယ်။
--
http://youtu.be/9-8QNQvWfnk
----

http://www.innewsmyanmar.com/2012/12/blog-post_1.html


တိမ်ဖုံးတဲ့ညနဲ့ လမင်းဆန္ဒ

တရှိုက်မက်မက်ဖြူစင်ခြင်းတွေအတွက်
အရောင်ပြောင်းတတ်တဲ့ တောင်တွေကြားမှာ
ငါဟာ လိပ်တစ်ကောင်ဖြစ်နေရဲ့ ။
ပြောလိုက်စမ်းပါလေ…
အသံမထွက်တဲ့ လေနတ်သားတွေအတွက်
ကျည်ဆံမရပ်တဲ့ နတ်နန်းတော်တွေရှိရဲ့လို့ ။
အပြုံးတစ်ပွင့်အတွက်
နံနက်ခင်းတွေ လန်းဆန်းခဲ့ရ
ပန်းပွင့်တွေက လမ်းခင်းပေးကြ
တုတ်ထိုးလို့ထမ်းတဲ့ ကကြိုးကအပိုးမကျိုးနဲ့
ချော်ထွက်တဲ့နတ်နဂါးက ပြသဒါးမှာလာလည်သွားတယ်။
မေမေရေ…
လောကရဲ့လောင်မြိုက်တဲ့ချော်ရေတွေကြားမှာ
အတောင့်တမိဆုံးအရာကတော့
ငယ်ဘ၀က ၀တ်စုံညစ်နွမ်းနွမ်းလေးနဲ့သာ
အသာကြော့လို့ ပြေးဆော့ချင်တော့တာပါ။