Friday, November 30, 2012

Movie Crazies တို့အတွက် ဟောလီးဝုဒ် ၊ တရုတ် ၊ ကိုးရီးယား ၊ ဂျပန် ၊ မြန်မာ အစရှိတဲ့ ရုပ်ရှင်ကားများအားလုံး ကြည့်ရှုရန် နှင့် ဒေါင်းလုပ်ရယူရန်


Movie Crazies တို့အတွက် ဟောလီးဝုဒ် ၊ တရုတ် ၊ ကိုးရီးယား ၊ ဂျပန် ၊ မြန်မာ အစရှိတဲ့ ရုပ်ရှင်ကားများအားလုံး ကြည့်ရှုရန် နှင့် ဒေါင်းလုပ်ရယူရန် စုစည်းပေးထားခြင်းပါ....

ဟောလီးဝုဒ်ရုပ်ရှင်များ ကြည့်ရှုရန်အတွက် ...
www.1channel.ch
www.watch32.com


www.movie2k.to
www.urgrove.com
www.viki.com
www.cuevana.tv
www.ovguide.com

ဒေါင်းလုပ်ရယူရန်အတွက်....
www.tinymoviez.com/
www.300mbfilms.com/
www.mediafiremovieaz.com/
www.brripmoviez.com/
__________________________________
eng subtitle file များ ဒေါင်းလုပ်ရယူရန် ...
www.subscene.com
http://v2.subscene.com/
www.moviesubtitles.org/movies.html
www.anysubs.com
___________________________________
ကိုးရီးယား ၊ တရုတ် ၊ ဂျပန် ကားများ ကြည့်ရှုရန်အတွက်....
www.dramafever.com
www.dramacrazy.net
www.dramabeans.com
www.kimchidrema.net
www.epdrama.com
www.hancinema.net
http://motionempire.me/Watch_Free_Asian+Movies.html
www.viki.com
www.gooddrama.net
___________________________________
မြန်မာဇာတ်ကားများ ကြည့်ရှုရန်အတွက်....
www.burmeseclassic.com
www.shwevideos.net
www.shwedream.com
www.freemyanmarvcd.com
www.shweo.com
www.myanmarpioneer.com
www.mitzima.net
http://movie.myanmar-movie.net/
http://movie.all-channel.com/

လက်ပန်းတောင်းတောင်စီမံကိန်း ခွင့်ပြုခဲ့မှု မှားယွင်းဟု ရင်းနှီးမြှုပ်နှံမှု ဥက္ကဋ္ဌ ဝန်ခံ

မန္တလေး၊ နိုဝင်ဘာ ၂၆

ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်ခြင်း ခံနေရသော လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ခွင့်ပြုခဲ့ခြင်းသည် မှားယွင်းကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက နိုဝင်ဘာနောက်ဆုံးပတ်က ဝန်ခံ ပြောကြားသည်။
...
နိုဝင်ဘာ ၂၄နှင့် ၂၅ ရက်နေ့က နေပြည်တော်တွင်

ပြုလုပ်သော မြေယာ ပိုင်ဆိုင် လုပ်ကိုင်ခွင့် အသုံးပြုခွင့် ဆိုင်ရာ အမျိုးသား အဆင့် ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌက အထက်ပါ အတိုင်း ဝန်ခံ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းတွင် စိုက်ပျိုးမြေ ဧက ၇၀၀၀ ကျော် ပါဝင်နေမှု သာသနိက ဆောက်အုံများ ပါဝင်နေကြောင်း မသိ၍ မှားယွင်း ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၄င်းစီမံကိန်းနှင့် ပတ်သက်၍ ပြန်လည် သုံးသပ် သွားမည် ဖြစ်ကြောင်း ၄င်းက ကတိပြု ပြောဆို ခဲ့သည်။

အထွေထွေ သပိတ်ဆင်နွှဲ နေသော မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်လက်ပန်းတောင်းတောင် စီမံကိန်း သို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၉ ရက်နေ့တွင် သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်ချိန်တွင်း ယခုလို ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌက ဖွင့်ဟ ဝန်ခံလာခြင်းလည်း ဖြစ်သည်။

နေပြည်တော်တွင် ပြုလုပ်သော အဆိုပါ အမျိုးသား အဆင့် ဆွေးနွေးပွဲသို့ လူမှုရေး အဖွဲ့အစည်းများ တက်ရောက် ခဲ့ကြသည်။

အေးချမ်းမွန်မှ The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

“စီမံဂိမ်း နှင့် စာရင်းအင်”

ဆုတ်လည်းစူး စားလည်းရူးဆိုတာ ကိုယ်တို့ မြန်မာတွေက ပဒိုင်းသီးကို ပြောတာပါ။ ရှေ့တိုးထမ်းပိုး နောက်ဆုတ် လှည်းတုတ် လို့လည်း ပြောကြတယ်။ အမှားတစ်ခုကို တော်တော် နောက်ကျပြီးမှ သိလိုက်ရလို့ မရှူနိုင်မကယ်နိုင်ဖြစ်တဲ့အခါ အဲဒီစကားကို သုံးတယ်။ အဖြေရှာမရပဲ လမ်းပျောက်နေတဲ့ ငိုညည်းခြင်းတစ်မျိုးပဲ။ လောလောဆယ်မှာတော့ ကိုယ်တို့တွေအားလုံး ပဒိုင်းဆိပ်တက်နေပြီထင်တာပဲ။ အိမ်မှာနေရင်း ၀မ်းပျက်ဝမ်းလျှောဖြစ်ရင်တောင် မနေ့က ငါဘာများ အစားမှားပါလိမ့်လို့ ပြန်ပြန်တွေးကြတဲ့ မြန်မာတွေဟာ အဲဒီပဒိုင်းသီးတွေကို ငါတို့ဘယ်အချိန်ကတည်းက စားမိနေပါလိမ့်လို့ တွေးကြည့်ဖို့ မကောင်းပါလား။ ဒီအသီးစားလို့ ဒီလိုဖြစ်မှန်းသိရင် နောင်ကို သူများက အတင်းလာကျွေးရင်ကော အလွယ်တကူ စားဦးမှာလား။ မျောက်တစ်ကောင်ကို ထမင်းတစ်လုပ် တုတ်တစ်ချက် ရိုက်ရိုက်ပြီး ကျွေးကြည့်စမ်းပါလေ။ နောင်ကျတော့ ထမင်းလုပ်မြင်ရုံနဲ့ ထွက်ပြေးတတ်လာလိမ့်မယ်။ လူသန်းပေါင်းများစွာကို ပဒိုင်းသီးတွေ အတင်းကျွေးနေတာကိုတော့ ဘာဖြစ်လို့များ ငြင်းဆန်ရကောင်းမှန်း မသိကြသလဲ။ အပေါ်က သကာအုပ်ထားလည်း ပဒိုင်းသီးမှန်ရင် ဖန်တွတွနဲ့ ကန်ကြွကြွဖြစ်လာစမြဲပဲ။ ခုတော့ တစ်နိုင်ငံလုံး ပဒိုင်းသီးဖီလင်တက်လို့ အရူးချေးပန်းဖြစ်ကုန်ပါပေါ့ဗျာ။ ဘာတွေကို စောင်းမြောင်းပြောဆို နေတာတုန်း ဆိုရင်တော့ အကုန်လုံးပါပဲ။ အဲဒီအထဲမှာမှ လတ်တလော အထင်ရှားဆုံးကိစ္စက ကြေးနီတောင်ပါတယ်။ ဘာတွေအဆိပ်တက်လို့ အခုလိုဖြစ်ရသလဲဆိုတော့ အစကတည်းက စာရင်းဇယား၊ ကိန်းဂဏန်း၊ အချက်အလက်၊ အလားအလာ၊ အကျိုးအပြစ် သေသေချာချာ တွက်ဆမထားပဲ “လာစေပါစေ အာရကေ” လောက်ပဲ မြင်ပြီး နှစ်နိုင်ငံသဘောတူစာချုပ်ကို ကလေးကစားစရာလိုသဘောထားလျက် “ဘယ်သူမှမသိစေနဲ့။ ရောင်းသူဝယ်သူအသံတူ ပြီးစတမ်း” လို့  လက်ညှိုးထိုးရောင်းစားသွားတဲ့ အတွက်ပါပဲ။
          ဟိုးအရင်တစ်ခါ “ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှု” (Sustainable development) မှာ အရူးငရွှေကြီးနဲ့ ဥပမာပေးခဲ့တုန်းက ပရောဂျက်မျိုးဟာ သူအကျိုးမရှိ ကိုယ်အကျိုးမရှိနဲ့ တရုတ်အသုဘမှာ မီးရှို့တဲ့ အိမ်တွေကားတွေလို တီဗီတစ်ခါရိုက်စာ လုပ်လုပ်သွားလို့ သုံးမရတဲ့ပစ္စည်းတွေ အဖတ်တင်ပုံကို ပြောတာပါ။ စစ်စေးရာတွေ ပွနေတာပဲလို့ ပြောခဲ့တယ်။ အခုကိစ္စကတော့ အရှုပ်ထုတ်ကြီး အဖတ်တင်တာထက်ဆိုးပါတယ်။ အစိုးရနဲ့ ပြည်သူထိပ်တိုက်တွေ့ကြပြီး အင်အားသုံး ဖြိုခွင်းယူရတဲ့ အခြေအနေ ရောက်လာတယ်။ မပြီးသေးဘူး အဲဒါ။ ရှေ့လျှောက် နောက်ထပ် သည့်ထက်ဆိုးမယ့်ဟာတွေ လာဖို့မြင်နေတယ်။ ဒီအချိန်ကျမှတော့ လာပြီး အပြစ်မပြောနဲ့လေ။ အဖြေရှာပါလား အဖြေရှာပါလား။ ရှာပါပြီကောလေ။ အဲဒီအဖြေက ပြဿနာရဲ့ အရင်းအမြစ်ကိုသိမှ ဖြစ်မှာမို့လို့ ဇာတ်ကြောင်းလှန်ရတာပါ။ ဒီဇာတ်လမ်းက ဒင်္ဂါးပြားရဲ့ တခြားမျက်နှာကို လှန်ကြည့်လိုက်ရုံနဲ့ အဖြေမထွက်ဘူး။ သူ့ဘက်နဲ့သူမှန်နေသားပဲ မျှမျှတတ ကြားချလိုက်ရအောင်ဆိုလို့လည်း ကိစ္စမပြတ်ဘူး။ နှစ်ဘက်စလုံးက ပြဿနာရဲ့ဇစ်မြစ်ကို ပြုပြင်ယူမှ ဖြစ်ပါလိမ့်မယ်။ လူကြီးတွေက ဘယ်လိုဖြေရှင်းလိုက်သလဲဆိုတာကိုလည်း ဘောလုံးပွဲများ Live show ကြည့်ရသလို လက်ငင်းရော ရေရှည်ပါ အကျိုးအပြစ်တွေ ဆက်ဝေဖန်သုံးသပ်လို့လည်း ရသေးတယ်ဗျ။
          တရုတ်ပြည်က တီယန်နန်မင်စကွဲယားကိစ္စ ရေးတုန်းက စာဖတ်သူတစ်ယောက်က “တကယ်လို့များ အဲဒီအချိန်မှာ တရုတ်အစိုးရက အင်အားသုံးပြီး မဖြိုခွင်းခဲ့ဖူးဆိုရင် ဘာတွေ ဖြစ်လာမယ် လို့ ထင်ပါသလဲ။” တဲ့။ ကျွန်တော့်အထင် ကွန်မြူနစ်ပါတီကြီးကတော့ ပြိုကွဲသွားလိမ့်မယ် မထင်ပါဘူးဗျ။ မသကာ ထိပ်တန်းခေါင်းဆောင် တစ်ယောက်နှစ်ယောက်လောက် အထွက်ပြလိုက်ပြီး နောက်ကွယ်က ဆက်ကြိုးကိုင်မှာပေါ့။ အဝေးကြီး သွားကြည့်စရာမလိုပေါင်။ မြန်မာပြည်မှာ ဦးနေ၀င်းကြီး အဲလိုပဲ လုပ်ခဲ့တာ မဟုတ်ဘူးလား။ တော်လှန်ရေးကြီးက ပန်းတိုင်အရောက် အောင်မြင်သွားတယ်ဆိုရင်တောင် ပညာတတ်အလွှာက အုပ်ချုပ်ရေးပိုင်းမှာ အရေးပါတဲ့နေရာတွေ ရလာရုံလောက်ပဲ ရှိမယ်။ ဒီအခါမှာ အလယ်အလတ်တန်းစား ပညာတတ်ဆိုတဲ့သူတွေကလည်း လုပ်ပိုင်ခွင့် အာဏာ သူတို့လက်ထဲရောက်လာတဲ့အခါ ပညာတတ် ပြည်သူ့ကိုယ်စားလှယ် ဖြစ်ဖို့ထက် ပညာတတ်အာဏာရှင် ဖြစ်ဖို့ပဲ များတယ်။ ပညာမတတ်တဲ့သူအာဏာရှင်ဖြစ်တုန်းက ပညာတတ်တွေ အကြောမသိလို့ ထိထိမိမိ မနှိပ်ကွပ်နိုင်ရာကနေ ပညာတတ်အာဏာရှင်ဖြစ်လာတော့ ပညာတတ်တွေရဲ့ ပျော့ကွက်ဟာကွက်တွေကို ကျကျနန ချက်ကောင်းထိအောင် နှိပ်ကွပ်နိုင်စွမ်းတိုးတက်လာတာ ကိုယ်တွေ့ခံစားဖူးတော့ သိလိမ့်မယ်။ ဘာဖြစ်လို့ဆိုတော့ နဂိုတုန်းက ဘယ်အလွှာကပဲ တက်လာတက်လာ၊ အစိုးရအဖွဲ့ထဲရောက်သွားပြီဆိုရင် အဲဒီအဖွဲ့ကြီး မပြိုကွဲသွားအောင် ဖြစ်တဲ့နည်းနဲ့ သူကာကွယ်ရတော့မှာပဲ။ ဒါကြောင့် ဒီအစိုးရဟာလည်း “ကြေးနီတောင်ကိစ္စ အခုလို အင်အားသုံးပြီး မဖြိုခွဲရင် ရှေ့ဆက် ဘာတွေ ဖြစ်လာမလဲ သိလား။” လို့ မေးမှာ မလွဲဘူး။
မပြောလည်း လူတိုင်းသိနေတဲ့အချက်ကတော့ တရုတ်နဲ့ မျက်နှာပျက်ရမှာပေါ့။ (တရုတ်လူမျိုးတွေအတွက် မျက်နှာဆိုတာ ဘယ်လောက်အရေးကြီးသလဲ ဟုန်မင်ယန်ထမင်းပွဲ ရေးတုန်းက ပြောခဲ့ဖူးတယ်) ပျက်ပစေလေ။ ဘာအရေးလဲ။ သူက တသက်လုံး ဂုတ်သွေးစုပ်လာခဲ့တာ လို့ သဘောထားနိုင်တယ်ပဲ ထားပါ။ “လူကြီးတွေ လက်နဲ့ရေးသမျှ သည်လိုပဲ အမြဲခြေနဲ့ဖျက်နေတော့မှာလား။” လို့ မေးလာရင် အဖြေရှိပြီလား။ လက်ပံတောင်းတောင်ဆိုတာ ရေခဲတုံးကြီးရဲ့ ရေပေါ်ထွက်နေတဲ့ ထိပ်စကလေးပဲ ရှိသေးတယ်။ (ဒေသခံတွေ မခံစားနိုင်မှန်း သိပါတယ်။ တခြားဟာတွေလည်း အများကြီး လို့ ပြောချင်တာ) ဆန်စင်ရာ ကျည်ပွေ့လိုက်ပြီး ဆန္ဒဖော်ထုတ်နေရင် ထမင်းတောင် ကောင်းကောင်းစားရမှာ မဟုတ်ဘူး။ ကျောက်ဖြူ-ကူမင်း ဓါတ်ငွေ့ပိုက်လိုင်းနဲ့ ရထားလမ်းကိစ္စရှိတယ်။ ကုလားတန်မြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးရေးရှိတယ်။ နိုင်ငံတကာက ရင်းနှီးမြှုတ်နှံလိုသူတွေ တံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ မင်းသားမလုပ်ရတိုင်း ပတ်မကြီးထိုးဖောက်နေသူတွေနဲ့ ဘယ်လိုခရီးဆက်ရမလဲ လို့ မေးလာရင်ကော။ (အို ဘာမှ လာမေးမနေနဲ့။ ရပ်ဆို ခုရပ်။ ဒါပဲ ဒါပဲ လို့ ပြောလို့ရတဲ့ အစိုးရလည်း ဟုတ်ပဲနဲ့) နှစ်ဘက်စလုံးက ကိုယ့်အကြောင်းပြချက်နဲ့ကိုယ် မှန်တယ်ထင်လို့ ထိပ်တိုက်တွေ့ကြတဲ့အခါ ကိုယ့်ဘက်က မှန်တယ်လို့ သက်သေပြဖို့အတွက် ဆန့်ကျင်ဘက်အရပ်မှာ အမှားကို ဒေါက်ထောက်ရှာဖွေရုံတင် မဟုတ်ဘူး။ ကလိန်စေ့ငြမ်းဆင်ပါ လုပ်လာကြတာ ဓမ္မတာပါ။ “ဒါ ဦးပိုင်က ရောင်းစားသွားတာလေ။ မယုံ စာရင်းစစ်ဝင်ကြည့်ပါလား။” (၀င်ပေါ့။ စာရင်းစစ်ခွံ့ရတာ ဘယ်လောက်ကုန်တာမှတ်လို့) “အဲဒါ မြေပေါ်မြေအောက် အဖျက်သမားတွေရဲ့ သွေးထိုးလှုံဆော်မှုလေ။ သင့်တော်တဲ့အချိန်ကျရင် သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြည်သူများကို အမှန်တရားဖော်ထုတ်ပေးသွားမည် ဖြစ်ကြောင်း။ (ပြောပေါင်းများလို့ ရိုးနေပါပြီ)။ တဘက်နဲ့တဘက် ချစ်သောမျက်စိနဲ့ မရှုနိုင်တဲ့အခါ အမုန်းတွေ တိုးပွားလာမှာလည်း ဧကန်ပဲ။
            ဒီကိစ္စမျိုးဆိုတာ ကိုယ့်နိုင်ငံမှာချည့်ပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ အာရှမှာ အကြီးဆုံး ဒီမိုကရက်တစ်နိုင်ငံဆိုတဲ့ အိန္ဒိယမှာလည်း ရွှေကျောင်းတော်ကြီးကိစ္စတုန်းက အင်အားသုံးဖြိုခွင်းခဲ့ရတယ်။ ထိုင်းမှာ ရှပ်နီတွေတုန်းကလည်း မီးဟုန်းဟုန်းတောက်ခဲ့တာပဲလေ။ ရောဂါပျောက်ဖို့အတွက် ဆေးခါးကြီးလည်း မလွှဲမရှောင်သာ သောက်ရတဲ့အခါ ရှိမပေါ့။ ဘယ်သူကမှ နိုင်ငံရေးမှာ လူမုန်းမများချင်ဘူး။ တိုင်းပြည်အတွက်မို့သာ ကိုယ့်မဲတွေ လျော့ချင်လျော့သွားပါစေ။ အနစ်နာခံပြီး လုပ်ကြရတာ။ မိဘဆိုတာ သားသမီးကို ပြောလို့ဆိုလို့မရရင် ခပ်ဆတ်ဆတ်ကလေး ကြောက်ရုံလန့်ရုံ ရိုက်တန်လည်း ရိုက်ပေးရတယ်။ စသည် စသည်ဖြင့် ဆင်ခြေဆင်လက်တွေ ပေးခဲ့တာလည်း မကြားဖူးတာ တစ်ခုမှ မကျန်တော့သလောက်ပါပဲ။ ရှေးက သက္ကရာဇ်ဖြိုတဲ့အခါ တိုင်းပြည်ကောင်းဖို့အတွက် မလွှဲမရှောင်သာလို့သာ ဖြိုကြရပြီး သက္ကရာဇ်ဖြိုသူ ပြည့်ရှင်မင်းကတော့ နတ်ရွာစံရမြဲ ဓမ္မတာ ရှိသတဲ့။ အခုအဖြစ်လည်း သိပ်တော့ မထူးပါဘူး။ ပြည်သူကို အင်အားနဲ့ အနိုင်ယူလိုက်တဲ့ အုပ်ချုပ်သူမှန်သမျှ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သိပ်တော့ မကြာကြဘူး။ ပြစရာအထောက်အထားတွေ များလွန်းလို့ ဘယ်သူ့ ဥပမာပေးရမှန်းတောင် မသိ။ ၈၈တုန်းက ထိပ်သီးခေါင်းဆောင်တွေဆို အခုတစ်ယောက်မှ မရှိတော့ဘူး တွေ့လား။ သူတို့ဟာသူတို့ အစိမ်းကြွေကြွေ အမှည့်ကြွေကြွေ၊ ပြည်သူတွေရင်ထဲက အတွင်းကြေကတော့ သေရာပါရုံတင် မဟုတ်ဘူး။ သမိုင်းကိုတွင်ရော။ စက်တင်ဘာကိစ္စသာမဖြစ်ခဲ့ရင် အရင်ဘိုးတော်ကြီး အဲလောက်လွယ်လွယ်ကူကူ လွှဲပေးချင်စိတ် ပေါက်လာမှာကို မဟုတ်ဘူး။ အခုလည်း ထပ်လုပ်ပြန်ပြီ။ အဲဒါ လမ်းဟောင်းကြီးဗျ။ နောက်ပြန်မလှည့်ပဲ နဂိုနေရာ ပြန်ရောက်သွားမှာ။ အခုဖြစ်ရပ်မှာ သပိတ်စခန်းဖွင့်ထားတဲ့ ရဟန်းရှင်လူတွေကို လူစုခွဲနိုင်လိုက်ပြီပဲ ထားပါလေ။ အဲဒီမှာ ဆန္ဒပြဒုက္ခခံနေကြရတဲ့ အကြောင်းရင်းကို ပြေလည်အောင် မဖြေရှင်းပဲ ထားရင် အဲဒီမီးက အိမ်ပေါက်စေ့ ဆက်လောင်ဦးမှာပဲ။ တစ်ယောက်သောသူက ချွေးသိပ်ဖို့သွားတာ ရောက်တောင် မရောက်သေးဘူး။ တခြားတစ်ယောက်က ရှင်းထုတ်ပလိုက်တာကြည့်ရင် အချင်းချင်း ချိတ်ဆက်မိအောင် တိုင်ပင်ပြီးလုပ်တာ မဟုတ်ပဲ ဘေးချော်ကန်ပလိုက်သလို မစည်းလုံးမှန်း သိပ်သိသာသွားတယ်။ တစ်လှေတည်းစီးနေမှန်း မေ့နေသလား မသိပါဘူး။
           သူတို့မွေးတဲ့ သားမြေးအရွယ်ပဲရှိတဲ့ မလောက်လေး မလောက်စား အလကားကောင်တစ်ကောင် အနေနဲ့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရရုံပဲရှိတယ်။ ဒါပေမယ့် စာရေးတိုင်းရေးတိုင်း သူများအပြစ်ပြောဖို့ထက် အဖြေတစ်ခုခုတွေ့လာအောင် တွေးကြည့်မိချင်တဲ့စိတ်ကြောင့် ဒီဖြစ်ရပ်မှာ ဘယ်လို အကောင်းဆုံး အဆုံးသတ်မလဲ လို့ စဉ်းစားကြည့်မိပါတယ်။ အကြံပေးရလောက်အောင်တော့ ဘာကောင်မှ မဟုတ်ပါဘူး။ စီမံကိန်းကိုရပ်ပေးပါ့မယ် လို့ အာမခံဖို့ကတော့ သမ္မတကြီးကိုယ်တိုင် သွားပြီး ချွေးသိပ်တောင် ယုံကြည်နိုင်ဖို့ ခပ်ခက်ခက်ဗျ။ မြစ်ဆုံတုန်းက သူကရပ်မယ်ပြောလိုက်၊ နောက်ကလူတွေက ရပ်ရဲရပ်ကြည့် သိမယ် ဖြစ်ကုန်လိုက်နဲ့ အရှက်ကွဲရမလိုဖြစ်ပြီးပြီ။ လွှတ်တော်နာယကကြီးက လခတိုးပေးမယ် အဆိုတင်သွင်းတာလည်း အဖျားရှူးပြီး နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦး ဖြစ်သွားပြီ။ ဒေါ်စုဆီက “ပြည်သူသဘောမတူရင် ရပ်ပေးရမှာပေါ့” လို့ တစ်ခွန်းထွက်ကြည့် လွှတ်တော်မှာ သူက ဘာပါဝါရှိလို့လဲဆို ၀က်ဝက်ကွဲ ၀ုန်းကြမှာ။ မဲခွဲပြီး ဆုံးဖြတ်မှကို ရမှာ လို့ ထင်တာပဲ။
            ဒီနေရာမှာ အရေးပါလာတာက “မဲခွဲကြည့်လေ။ ကျွန်တော်တို့ပါတီအင်အားက အများကြီးပဲ။ လိုအပ်ရင် ၂၅% က အော်တိုမက်တစ်ထပ်ဆောင်းပြီးသား။” လို့ မရှက်မကြောက် မီဒီယာမှာတောင် ဖွင့်ပြောတဲ့သူက ပြောပြီးပြီ။ တကယ်တော့ သူဟာ သူများထွက်ခိုင်းလို့သာ ထွက်လာတာ သူ့ကိုယ်သူ ဘာကောင်မှန်းမသိသေးတာကို ပြတာပဲ။ သူရလာတဲ့မဲတွေဟာ အမှန်တကယ် လူထုထောက်ခံမှုနဲ့ ရလာမှသာ လူထုဆန္ဒကို ကိုယ်စားပြုရာရောက်လိမ့်မယ်ဗျ။ အဲလိုမဟုတ်ရင် သူဟာ အာဏာလက်ရှိတော့ ဖြစ်ကောင်းဖြစ်မယ်။ ပြည်သူကို ကိုယ်စားပြုတယ် လို့တော့ မပြောနိုင်ဘူး။ ဒါတောင် သူ့စိတ်က ပြည်သူအတွက် ဆိုတဲ့စိတ်ကရှိဦးမှ။ (ဒါကတော့ မြေကြီး လက်နဲ့ပုတ်လို့ လွဲချင်လွဲဦးမကွယ်) အခုကိစ္စမှာ ပြည်သူဘက်က စိတ်ချယုံကြည်တဲ့ ပြည်သူ့ဘက်က ရပ်တည်ပေးမယ့်သူတစ်ယောက်လိုတယ်။ ဒါပေမယ့် သူ့ချည့် မဖြစ်ဘူး။ အစိုးရဘက်က တနည်းပြောရရင် အာဏာပိုင် အဖွဲ့အစည်းတွေဘက်က ဥပဒေနဲ့အညီ တိုင်ပင်ညှိနှိုင်းဆောင်ရွက်ဖို့ မီးသေတဲ့သူတစ်ယောက်လည်း လိုသေးတယ်။  အဲဒီနှစ်ယောက် မတိုင်ပင်ပဲ ဖြစ်မယ် မထင်ဘူး။ (ဒီဘက်ကတစ်ယောက်က ပြည်သူအပေါ်မီးသေသလို ဟိုဘက်ကတစ်ယောက်ကရော သူ့လူတွေအပေါ်မီးသေပါ့မလား) အဲလိုဖြစ်ဖို့ လက်တစ်ကမ်းရောက်မှ ပုတ်ချလိုက်သလို မြင်လိုက်ရတော့ တော်တော်စိတ်မကောင်းဘူး။
           သူတို့နှစ်ယောက်ဆုံတော့ ဘာလုပ်ရမှာလဲ။ ဗိုလ် ကျား သေနတ် ကိုယ်ကြိုက်တာကိုယ်လုပ်တော့ မဟုတ်ဘူးဗျ။ ဒီပြဿနာကို အစဆွဲထုတ်ရဦးမှာ။ အလားတူ ပြဿနာတွေကလည်း ရှိသေးတယ်လေ။ အခုကိစ္စက Planning failure လို့ ပြောရမယ်ထင်တယ်။ Project ရဲ့အစဟာ Plan မဟုတ်ဘူးလား။ အဲဒီစီမံကိန်းကြီးတွေ ရေးဆွဲနေတုန်းက ဒေသခံ ပြည်သူလူထုအကြောင်းကို လုံးဝထည့်မတွက်ထားဘူး ထင်တယ်နော်။ တစ်ကျပ်ရင်းမယ်။ နှစ်ရာမြတ်မယ်။ နင်တစ်ဆယ်၊ ငါတစ်ဆယ်၊ ကျန်တာငါ့အိပ်ထဲဆိုတာလောက်ပဲ တွေးပုံပေါ်တယ်။ နိုင်ငံခြားပြန်ပညာတတ်ကြီးတွေ ရေးဆွဲထားတဲ့ မာစတာပလန်ဆိုတာ ကလေးးကစားစရာတော့ ဘယ်ဟုတ်ပါ့မလဲ။ ကျွမ်းကျင်လွန်းလို့ ဟိုဘက်တောင် လွန်နေသေးတာ။ ဒါပေသိ ပညာမတတ်တဲ့ တောသားတွေ ဦးနှောက်နဲ့ကျတော့ ဘယ်လိုမှ လိုက်မမီဘူးလေ။ မြစ်ဆုံကိစ္စကို သူ့လောက်ဘယ်သူမှ သေချာမသိဘူးလို့ ပြောဖုးတဲ့သူစကားဟာ အမှန်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တွေက ဥာဏ်မမီလို့ သူ့စကားကို မယုံနိုင်တာ။ ဘူတန်မှာတုန်းက ဟိုင်ဒရိုပါဝါပရောဂျက်တွေ တော်တော်မြင်ခဲ့သားပဲ။ သူတို့နိုင်ငံရဲ့ အဓိက နိုင်ငံခြားဝင်ငွေတဲ့။ အိန္ဒိယက လာဆောက်ပေးပြီး အိန္ဒိယကို လျှပ်စစ်ဓါတ်ပြန်ရောင်းတဲ့ ၀င်ငွေနဲ့ ရပ်တည်ကြပါသတဲ့။ တစ်နိုင်ငံလုံး ပုဂ္ဂလိကဆေးရုံမရှိပဲ အခမဲ့ကုတဲ့ ဘူတန်မှာ အဲဒီပရောဂျက်က လုပ်သားတွေကုဖို့အတွက်တော့ စီမံကိန်းအပိုင် ဆေးရုံတစ်ခုရှိပြီး နိုင်ငံခြားသားဆရာဝန်တွေကို လခကောင်းကောင်းပေး ငှားနိုင်ပါတယ်။ သူတို့နိုင်ငံလောက် သဘာဝပတ်ဝန်းကျင်ကို ဂရုတစိုက် ထိမ်းသိမ်းတဲ့နိုင်ငံလည်း အရှားသား။ ဒါပေမယ့် ဘယ်မြစ်ချောင်းကလေးတွေမှ ပရောဂျက်ကြောင့် ပျက်သွားတယ် ပြောင်းသွားတယ် မကြားမိပါဘူး။ တရုတ်ပြည်မှာတော့ မဲခေါင်မြစ်စီမံကိန်းကြောင့် ရေလျှံသတဲ့။ ကိုယ့်ဆီက ဧရာဝတီမြစ်ကတော့ နိုင်ငံရဲ့အသက်သွေးကြောဖြစ်တာမို့ မတော်တဆ အမှားအယွင်းနဲ့တောင် အထိခိုက်မခံနိုင်တဲ့အတွက် ပြည်သူတွေ အစိုးရိမ်ကြီးလွန်းတယ်ပဲဆိုဆို မီးမရ မှောင်မှောင်ပဲနေပါရစေ။ ဧရာဝတီနဲ့တော့ မလဲနိုင်ပေါင်။ အဲဒီစီမံကိန်းတွေအားလုံးကို အဘက်ဘက်က ပြန်သုံးသပ်ရမှာပေါ့။
           ကြေးနီတောင်မှာတော့ ဘာသာရေးအဆောက်အဦနေရာတစ်ခု ဆုံးရှုံးသွားခြင်း  သဘာဝပတ်ဝန်းကျင် ပျက်စီးသွားစေနိုင်ခြင်းအပြင် နောက်ကွယ်က သဘောမတူနိုင်ရခြင်း အကြောင်းတစ်ရပ်ကလည်း မားမားကြီး ပေါ်ထွက်လို့လာပါတယ်။ စီမံကိန်းပြီးသွားတော့ရော ဘယ်သူတွေ အကျိုးခံစားခွင့်ရှိမှာမို့လဲ ဆိုတဲ့ မေးခွန်းပါ။ နိုင်ငံတော်အတွက် ဘဏ္ဍာငွေတွေ တိုးပွားတာပေါ့ ဆိုတဲ့ပျက်လုံးကတော့ မဆလခေတ်က ပရိသတ်တောင် မရယ်တော့ပါဘူး။ တန်ချိန်များစွာဆိုတဲ့ ကျောက်စိမ်းတုံးကြီးလည်း ထွက်ခဲ့တယ်။ န၀တ ပတ္တမြားကြီးဆိုတာလည်း တီဗီထဲမှာ မြင်ဖူးခဲ့တယ်။ ငါးပြားစေ့တစ်စေ့ ကိုယ်ခံစားရတာ ပါလို့လား။ မင်းတို့အတွက် ပညာရေး ကျန်းမာရေး ဘတ်ဂျက်တွေ နှစ်တိုင်းချပေးနေတာ မမြင်ဘူးလားဆိုရင် အဲဒီဘတ်ဂျက်တွေ လူနာတွေလက်ထဲအထိ ရောက်မလာတာကော မမြင်ဘူးလား လို့ ပြန်မေးရုံပဲ ရှိတယ်။ ပြည်သူတွေအကုန် ကိုယ့်စားရိတ်နဲ့ကိုယ် ပေးနေကြရတာချည့်ပဲ။ တနင်္သာရီမှာထွက်တဲ့ ရေနံသဘာဝဓါတ်ငွေ့တွေကို Total ကုမ္ပဏီက လာလုပ်နေတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါး ကိုယ်တွေ ဆယ်တန်းလောက်ကတည်းကပါပဲ။ ဒီကနေ့ထိ ရန်ကုန်မှာ မီးမှန်မှန်လင်းပါ့မယ် အာမခံချက်လည်း မရှိသေးဘူး။ ယိုးဒယားမှာတော့ တစ်နိုင်ငံလုံးထိန်ရုံတင်မက ကမ္ဗောဒီးယားတောင် ပြန်ရောင်းစားလို့ရသတဲ့။ နောင်ကျတော့ မင်းတို့ဒေသ ဖွံ့ဖြိုးလာမှာပေါ့ဆိုတဲ့စကားကို ဘယ်အချိန်အထိ စောင့်ယုံရမလဲ။ တစ်ယူနစ်ကို ၅၀၀ နီးပါးပေးသုံးနေရတဲ့ ရခိုင်က ထွက်တဲ့ ဓါတ်ငွေ့တွေ တရုတ်ကိုရောင်းစားပြီး ရခိုင်မလေးတွေ ထင်းခွေ၊ ဖယောင်းတိုင်ထွန်းနေရတာ ဘယ်လိုဒေသခံမျိုးက ကြည်ကြည်ဖြူဖြူ လိုတိုင်းယူ ပေးချင်မှာလဲ။ “သည်းခံလိုက်ပါ သားတို့သမီးတို့ရယ်။ ကိုယ့်တိုင်းပြည်ကဆင်းရဲတာကိုး” လို့ ချွေးသိပ်တဲ့ ခေါင်းဆောင်အိမ်က စိန်တွေဘယ်လိုဝတ်တယ်လို့ မြင်ရတဲ့အခါ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ရမလား။
            ပွင့်လင်းမြင်သာမှုဆိုတာ ရိုးဖြောင့်မှန်ကန်မှုရှိမှ ဖြစ်တာပါ။ ပေါင်မှာ ပွေးအကွက်လိုက်ကြီး ရှိတဲ့သူက လူ့ရှေ့သူ့ရှေ့ ပေါ်အောင်ပြချင်ပါ့မလား။ အစကတည်းက အမှန်တကယ် ပြည်သူအတွက် အကျိုးဖြစ်ထွန်းမယ့် စာချုပ်မျိုးဆို နံမယ်ကောင်း လိုချင်လွန်းလို့ “ငါ လုပ်တာ၊ ငါ လုပ်တာ” နဲ့ နေမှာပေါ့။ မင်းတို့ကိုပြောလည်း ဥာဏ်မီမှာမှ မဟုတ်တာလို့ ဆိုပေမယ့် ကိုယ့်အိမ်အလုံးလိုက် ဖယ်ပေးရတော့မယ်ဆိုတာမျိုး ဖြစ်လာရင် ဘာအတွက် ဖယ်ပေးရတယ်ဆိုတာ ရေရေရာရာ သိချင်တဲ့သူမှာ မလွန်ပါဘူး။ “နိုင်ငံတော်ကသိမ်းတာကွ” တစ်ခွန်းတည်းနဲ့ ဖယ်ပေးလိုက်ပြီးမှ ခရိုနီကြီးက အကွက်ရိုက်ရောင်းစားသွားတဲ့အခါ သားမြေးများလက်ထက်ရောက်ရင် ဖေတို့ဘတို့ အ လို့ သူများထိပ်ကွက်ခံရတာပေါ့ လို့ အပြောခံရမှာပေါ့။ နိုင်ငံတော်မှာ သိမ်းယူနိုင်တဲ့ အခွင့်အရေးရှိတယ်၊ ပေးချင်တဲ့ကံထရိုက်ကိုလည်း ပြန်ပေးနိုင်တဲ့ အခွင့်အာဏာရှိမှန်း သိပါတယ်။ သို့သော် အဲဒီအာဏာကျင့်သုံးတဲ့ အစိုးရကို ပြည်သူက ခေါင်းငုံ့ခံလာခဲ့တာ နှစ်ပေါင်းမနည်းတော့လို့ အခုလို အုံကြွလာတာ မဟုတ်လား။
             ဒီပြဿနာနဲ့ တခြား အလားတူ မလိုလားအပ်သော ပြဿနာတွေ ဖြစ်မလာစေဖို့ နိုင်ငံရေး သင်ခန်းစာတစ်ခု အမြတ်ထုတ်နိုင်ခဲ့ရင် ရှေ့ဆက်အဖြေရှာနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ အဲဒါကတော့ ပြည်သူတွေရဲ့ဆန္ဒသဘောထားကို အာဏာနဲ့လွှမ်းမိုးအုပ်ချုပ်လို့ရတယ် ဆိုတဲ့ အမြင်ကို စွန့်ဖို့။ ပြည်သူက တကယ်လိုလားချစ်ခင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မှ ကိုယ်ပြောတဲ့စကားကို ယုံယုံကြည်ကြည့် လက်ခံလိမ့်မယ် ဆိုတာကို သဘောပေါက်ဖို့ပါပဲ။ အစိုးရနဲ့ပြည်သူတွေကြားမှာ ယုံကြည်မှု မတည်ဆောက်နိုင်သရွေ့ နားလည်မှုတွေ လွဲမှားနေဦးမှာ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ တွေ့ကြုံလာရဦးမှာ မလွဲပါဘူး။ တကယ်လို့များ မိုးနတ်မင်းကြီးတို့နတ်ပြည်မှာ အပြောင်းအလဲကို လိုလားတဲ့သူတွေနဲ့ အပြောင်းအလဲဖြစ်သွားမှာ စိုးရိမ်နေတဲ့သူတွေ နှစ်စုကွဲနေမယ်ဆိုရင် ရဲရဲတင်းတင်းကြီး ပြောင်းလဲကြည့်လိုက်ပါ။ တကယ့်ပြဿနာက မပြောင်းလဲခြင်းကလာပါတယ်။ ပြောင်းလဲခြင်းမှာ ပြဿနာရှိမည် မဟုတ်ပါ လို့ လေးလေးနက်နက် တွေးမိပါကြောင်းခင်ဗျာ။

(လက်ရှိအစိုးရကို ပြစ်ပြစ်နှစ်နှစ် ဆဲဆိုတဲ့စာမျိုးမပါတဲ့အတွက် ဖတ်ရတာ အရသာမတွေ့ဖြစ်နေမယ်ဆိုရင် စိတ်မကောင်းပါဘူး။ ကျွန်တော်ကတော့ အဲဒါတွေချည့်ပဲ တ၀ဲလည်လည်တွေးနေရတာ အရသာ မတွေ့တော့တာ အမှန်ပါ။ ရှေ့ကို မရောက်သလို ခံစားရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်သန်သလို ဆက်လက်တွေးတော အငြင်းပွားနိုင်ပါတယ်)

ထားဝယ် ရေနက်ဆိပ်ကမ်း ကဏ္ဍခွဲ၍ ရင်းနှီးမြုပ်နှံရန် တတိယ နိုင်ငံများကို ဖိတ်ခေါ်

ရေနံဓာတု စက်ရုံ အမြောက်အမြား လာရောက်နိုင်ခြေ ရှိခြင်းကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် များအပါ အဝင် ဒေသခံ များပါ ထောက်ပြ ပြောဆိုလျက် ရှိသော ထားဝယ် ရေနက် ဆိပ်ကမ်းကို ဧရိယာ တစ်ခုချင်း အလိုက် ခွဲခြမ်း တည်ဆောက် နိုင်ရေး တတိယ နိုင်ငံများ ကိုပါ ရင်းနှီးမြှပ်နှံ နိုင်ရန် ဖိတ်ခေါ်ထား ကြောင်း အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ကံဇော်က ပြောကြားသည်။

အထက်ပါ ပြောကြား ချက်ကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က နိုဝင်ဘာလ ၂၁ ရက် နေ့တွင် ဖနွမ်းပင်ရှိ ကမ္ဘောဒီးယားနား ဟိုတယ်တွင် မြန်မာ သတင်းထောက် များနှင့် တွေ့ဆုံစဉ် ပြောကြား သည်။
"လက်ရှိ ရင်းနှီး မြုပ်နှံ နေတာ မြန်မာနဲ့ အီတာလျံ ထိုင်း ကုမ္ပဏီက ဆောင်ရွက် နေတာ ဆိုတော့ တတိယ မြောက် နိုင်ငံ ပါဝင် လာနိုင်အောင် ဖိတ်ခေါ် ခဲ့တာ၊ နိုင်ငံ တစ်ခုတည်း အနေနဲ့ သီးခြား ဖော်ပြ ထားတာ မဟုတ်ဘဲနဲ့ တတိယ နိုင်ငံများ ပါဝင် လာနိုင်အောင် ဖိတ်ခေါ် ထားပါတယ်” ဟု ဒေါက်တာ ကံဇော်က ဆိုသည်။

တတိယ နိုင်ငံများဟု ဆိုရာတွင် အာဆီယံ နိုင်ငံများ၊ အရှေ့အာရှ၊ သြစတြေးလျ၊ နယူးဇီလန်၊ ဥရောပ နှင့် အမေရိကန် ပြည်ထောင်စု မှ ရင်းနှီး မြုပ်နှံသူ များကိုပါ ဖိတ်ခေါ် ထားကြောင်း ၄င်းက ပြောဆိုသည်။ ထားဝယ် ရေနက် ဆိပ်ကမ်း ၏ ဧရိယာ မှာ အရှေတောင် အာရှ တွင် အကြီးမားဆုံး ဖြစ်နေ၍ တတိယ နိုင်ငံ များကို ရင်နှီးမြုပ် နှံရန် ဖိတ်ခေါ် ရ ခြင်းဖြစ် ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော် က ဆက်လက် ပြောကြားသည်။

ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက လုပ်ဆောင် သူမှာ ထိုင်းနိုင်ငံမှ အီတာလျံထိုင်း ကုမ္ပဏီ ဖြစ်ပြီး မြန်မာနိုင်ငံ ဘက်မှ ရင်းနှီး မြုပ်နှံသူ အဖြစ် ထားဝယ် ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီ ကို တည်ထောင်ကာ ရှယ်ယာများ ဖိတ်ခေါ် ဆောင်ရွက် နေကြောင်း၊ အများပိုင် ကုမ္ပဏီ တည်ထောင် ဆောင်ရွက်ခြင်း ဖြစ်သည့် အတွက် ပြည်သူများပါ ပါဝင် နိုင်မည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

နိုဝင်ဘာ ၁၄ရက် နေ့က ဗြိတိန် နိုင်ငံ သို့ ရောက်ရှိ နေခဲ့သော ထိုင်း ဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်တရာ သည် ထားဝယ် စီမံကိန်း၏ မဟာဗျူဟာ နှင့် ယင်း စီမံကိန်း အပေါ် မူတည်၍ ချိတ်ဆက် ဆောင်ရွက် နေပုံကို ဗြိတိန် လုပ်ငန်းရှင် များကို ဆွေးနွေး ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းက တောင်ကိုရီးယား သမ္မတနှင့် တွေ့ဆုံစဉ် ကလည်း ထားဝယ် စီမံကိန်း၏ အရေး ပါပုံကို ယင်လတ် က ထည့်သွင်း ပြောဆို ခဲ့သေးသည်။
“ထိုင်းနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံက ထားဝယ် ရေနက် ဆိပ်ကမ်း အကောင်အထည် ဖော်ရေးနှဲ့ ချွန်ဘူရီခရိုင်၊ လန်ချဘန် ရေနက် ဆိပ်ကမ်းတို့ မဟာဗျူဟာ ကျကျ ချိတ်ဆက် နိုင်ရေး ကြိုးပမ်း နေပါတယ်” ဟု ၎င်းက ဆိုသည်။ ထိုင်း ပင်လယ်ကွေ့ နှင့် အိန္ဒိယ သမုဒ္ဒရာကို ချိတ်ဆက်မည့် ယင်းဆိပ်ကမ်း နှစ်ခုကြား လမ်းနှင့် ရထားလမ်း များကို မြန်မာနှင့် ထိုင်း အစိုးရ ချင်းက စီစဉ် အကောင်ထည် ဖော်နေသည်။

အဆိုပါ ထားဝယ် ရေနက် ဆိပ်ကမ်းကို ၂ဝ၁၅ ခုနှစ် တွင် အပြီးသတ် တည်ဆောက် နိုင်ရန် အတွက် ကမ္ဘောဒီး ယား ဖနွမ်းပင်မြို့ တွင် ကျင်းပသော အာဆီယံ ထိပ်သီး အစည်းအဝေး ပွဲ အတွင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်လပ်ရှင်နာထရာဝပ် တို့ တွေ့ ဆုံစဉ် သဘော တူခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှာနာထရာဝပ် နှင့် စီးပွားရေး လုပ်ငန်း ရှင်များ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၂ခုနှစ် ဒီဇင်ဘာ လလယ်တွင် မြန်မာ နိုင်ငံ သို့ လာရောက်ပြီး ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းကို လာရောက် လေ့လာမည် ဖြစ်ကြောင်း ထိုင်း သတင်းစာ များက ဝိုင်းဝန်း ဖော်ပြလျက် ရှိသည်။

ရိုးမဘဏ် ၏ ဝန်ဆောင်မှု များ ဇန်နဝါရီ တွင် ပြန်လည် စတင်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ဘဏ်လုပ်ငန်း များကို ကိုးနှစ်ကျော် အထိ ရပ်နား ထားသော ရိုးမဘဏ်သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီ လမှ စ၍ နိုင်ငံတကာ ဘဏ်လုပ်ငန်း များ အတိုင်း ဝန်ဆောင်မှု ပေးမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက် နေ့က FMI (First Myanmar Investment Co.Ltd) ဥက္ကဋ္ဌ ဦးသိမ်းဝေက မီဒီယာ များသို့ တွေ့ဆုံ ပြောကြားသည်။

ဆယ်စုနှစ် တစ်ခုနီးပါး ဘဏ်လုပ်ငန်း များ အပြည့်အဝ လုပ်ကိုင် နိုင်သည့် လိုင်စင် ခွင့်ပြုချက် မရသဖြင့် ငွေလွှဲ လုပ်ငန်းကိုသာ လုပ်ကိုင် နိုင်ခဲ့သော ရိုးမဘဏ် အနေနှင့် ယခုနှစ် အတွင်း လိုင်စင် ပြန်လည် ရရှိခဲ့သော ကြောင့် သြဂုတ်လမှ စတင်ကာ ငွေစု လက်ခံခြင်း များကို လုပ်ဆောင် နေပြီ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
‘’လုပ်ငန်းတွေကို ပြန်စ နေပါပြီ၊ မကြာခင် မှာပဲ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင် တွေအတွက် ချေးငွေတွေ ထုတ်ပေး နိုင်တော့မှာပါ’’ ဟု ၎င်းက ဘဏ်လုပ်ငန်း ပြန်လည် လည်ပတ်မည့် အခြေ အနေကို ပြောဆိုသည်။

တိုင်းရင်းသား ရေးရာ ဝန်ကြီးများ အတွက် သိန်း ခြောက်ရာကျော် တောင်းခံ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးတွင် တာဝန် ထမ်းဆောင် နေသော တိုင်းရင်းသား ရေးရာ ဝန်ကြီး များ အတွက် ဆောက်လုပ်ရေး ဝန်ကြီး ဌာနက ပြည်ထောင်စု လွှတ်တော်တွင် ငွေကျပ်သိန်း ခြောက်ရာကျော် တောင်းခံ ခဲ့ကြောင်း ယင်း ဝန်ကြီး ဌာန၏ ဖြည့်စွက် ရန်ပုံငွေ တောင်းခံသည့် စာရင်းများ အရ သိရသည်။

၂၀၁၂ ဧပြီလ ၁၇က် နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ တိုင်းရင်းသား ရေးရာ ဝန်ကြီး ၂၉ ဦးအတွက် နေအိမ် ငှားရမ်း ပေးခြင်း၊ အိမ်အကူ ငှားရမ်းခြင်း၊ ဥယျာဉ် လုပ်သား ငှားရမ်းခြင်း များ အတွက် ကျပ်သိန်းပေါင်း ၃၅၀ကုန်ကျ ခဲ့ကြောင်း အထက်ပါ စာရင်း တွင် ဖော်ပြထားသည်။

တိုင်း ဒေသကြီး နှင့် ပြည်နယ် အစိုးရ အသီးသီးတွင် တာဝန် ထမ်းဆောင် နေသော တိုင်းရင်းသား ရေးရာ ဝန်ကြီး အဖြစ် ခန့်အပ် ခံရသူ များ၏ နေအိမ်တွင် လိုအပ်သည့် ပရိဘောဂ များ ဝယ်ယူရန် အတွက် တစ်ဦးလျှင် ကျပ် သိန်း ၂၀ ခန့် နှုန်းဖြင့် တောင်းခံ ခဲ့သည်။

ဒုသမ္မတ ညီ အယောင်ဆောင်၍ သိန်းတစ်ထောင်ကျော် လိမ်လည်မှု စုံစမ်းဆဲဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ညီဟု လိမ်လည် ပြောဆိုပြီး ရမည်းသင်း ရွှေလုပ်ကွက် တွင် ရွှေ တူးဖော်ရန် တရုတ် နိုင်ငံသား တစ်ဦး ထံမှ လွန်ခဲ့သော ဧပြီလမှ အောက်တိုဘာ လအတွင်း သန်းပေါင်း တစ်ထောင်ကျော် ကို လိမ်လည် ခဲ့သည့် အမှု နှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ အထိ လိမ်လည် ခဲ့သူကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး ထံမှ သိရသည်။

အဆိုပါ ဖြစ်ရပ်ကို ၂၁ ရက် နေ့တွင် အလိမ် ခံရသည့် အသက် ၅၀ အရွယ် တရုတ် နိုင်ငံသား Mr.Wang Qiang ထံမှ အသက် ၄၀ အရွယ် မြန်မာ စန်းသီအောင် စက်မှု ထုတ်လုပ်မှု ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာဟု ဆိုသူ စိုင်းအိုက်ခမ်း က အမေရိကန်ဒေါ်လာ ၅၅၀၀၀ နှင့် မြန်မာငွေ ၁၃၇၃ သန်း အပါအဝင် စုစုပေါင်း ငွေပမာဏ သန်း ၁၅၇၀၀ ကို လိမ်လည် ခဲ့သည် နှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၁ရက် နေ့တွင် ကမာရွတ် ရဲစခန်းတွင် တိုင်ကြား ခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၂ ခုနှစ် ဧပြီလတွင် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ၏ ညီဟု ဆိုသူ စိုင်းအိုက်ခမ်း က အစ်ကို ဖြစ်သူ ဒေါက်တာ စိုင်းမောက်ခမ်း ထံ ရမည်းသင်း ရွှေလုပ်ကွက် တွင် လုပ်ကိုင်ခွင့် ရရှိရန် ပြောပေးမည် ဟုဆိုကာ အမေရိကန် ဒေါ်လာ နှစ်သောင်း ကိုတောင်းခဲ့ သောကြောင့် Allen Investment Development Inc မှ ကိုယ်စားလှယ် Mr. Wang Qiang က ကန်ဒေါ်လာ နှစ်သောင်း ကို ထုတ်ပေး ခဲ့ကြောင်း Mr. Wang Qiang က The Voice Weekly သို့ ပြောကြားသည်။

ယင်းနောက်ပိုင်း တွင် လိုအပ်သည့် ငွေများကို စိုင်းအိုက်ခမ်း ထံသို့ ထပ်မံ ပေးခဲ့ပြီး ၂၀၁၂ ခုနှစ် မေလ အတွင်း ရန်ကုန်၊ မန္တလေးမြို့ နှင့် နေပြည်တော် တွင် ပူးပေါင်း ဆောင်ရွက်ခြင်း သဘောတူ စာချုပ် ချုပ်ဆို ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၅၀၀၀ ပေးအပ် ခဲ့ကြောင်း၊ ထို့နောက် ရန်ကုန်တွင် ထပ်မံ၍ ရွှေ တူးဖော်ရန် အတွက် ယမ်းဝယ်မည် ဆိုသောကြောင့် စိုင်းအိုက်ခမ်း၏ ဇနီး ဆိုသူ ဒေါ်ဥမ္မာခင် ကို ကျပ်ငွေ သိန်း ၂၇၀ ကို ပေးခဲ့ကြောင်း Mr. Wang Qiang က ပြောဆိုသည်။

အကြိမ်ကြိမ် ငွေတောင်းခံ မှုကြောင့် ဒုသမ္မတ နှင့် နီးစပ်သည့် ပုဂ္ဂိုလ် များကို စိုင်းအိုက်ခမ်း အကြောင်း မေးမြန်း သောအခါ ဆွေမျိုး တော်စပ်မှု မရှိသည်ကို သိခဲ့ သော်လည်း ပေးခဲ့သော ငွေများ လွန်နေ သောကြောင့် စောင့်ကြည့် နေခဲ့ကြောင်း၊ အောက်တိုဘာလ အတွင်းက အမေရိကန် ဒေါ်လာ ၁ဝ သန်းမျှ တန်ဖိုး ရှိသည့် ဘီ လုပ်ကွက် ဖြစ်သောကြောင့် အမေရိကန် ဒေါ်လာ ၃ သန်း ပေးမှ သာလျှင် ဝင်ရောက် တူးဖော်ခွင့် ရှိမည် ဖြစ်ပြီး ကျန်ငွေကို မပေးချေ ပါက ၄င်းတို့က လုပ်ငန်းမှ လက်တွဲ ဖြုတ်သွားမည် ဖြစ်ကြောင်း ဒေါ်ဥမ္မာခင်မှ ပြောဆို ခဲ့သဖြင့် ၎င်းတို့ကို မယုံကြည် သောကြောင့် တိုင်ကြား ခဲ့ကြောင်း ငွေ အလိမ် ခံရသူ တရုတ် နိုင်ငံသား က ပြောကြားသည်။

အဆိုပါ ဒုသမ္မတ ညီဟု လိမ်လည် ခဲ့သူနှင့် သူ၏ ဇနီး ဖြစ်သူကို ကမာရွတ် ရဲစခန်း (ပ)၅ဝ၃/၁၂ ၊ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံး ထံမှ စုံစမ်း သိရှိရသည်။

ပြိုင်ပွဲဝင် ၁၀၀၀ ပါဝင်သည့် ပထမဆုံး အပြည်ပြည် ဆိုင်ရာ မာရသွန် ပြိုင်ပွဲ ပြုလုပ်မည်

ရန်ကုန်၊ နိုဝင်ဘာလ ၂၇

မြန်မာ နိုင်ငံတွင် ပထမဆုံး ကျင်းပမည့် လူ၁၀၀၀ခန့် ပါဝင်မည့် အပြည်ပြည် ဆိုင်ရာ မာရသွန် ပြိုင်ပွဲကို ရန်ကုန်မြို့ တွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက် တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း ပူးပေါင်း ကျင်းပမည့် FMI ကုမ္ပဏီ ထံမှ စုံစမ်း သိရသည်။

ပြိုင်ပွဲ ဝင်ကြေး များမှာ မြန်မာ နိုင်ငံသား များ အတွက် ငွေကျပ် (၅၀၀၀) ဖြစ်ပြီး၊ နိုင်ငံခြားသား များကို ပြိုင်ပွဲ အမျိုးအစား ပေါ် မူတည်၍ ကန်ဒေါ်လာ ၄၂ ဒေါ်လာမှ ၂၂ ဒေါ်လာ အထိ သတ်မှတ် ထားပြီး ပြိုင်ပွဲမှ ရရှိသော ပြိုင်ပွဲ ဝင်ကြေး များကို ပရဟိတ လုပ်ငန်း များနှင့် အစိုးရ မဟုတ်သော အဖွဲ့ အစည်းများ (NGO) များထံ လှူဒါန်း သွားမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ မာရသွန် ပြိုင်ပွဲကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ FMI Co.,Ltd. နှင့် Yoma Strategic Holdings ကုမ္ပဏီတို့ ပူးပေါင်း ကျင်းပမည် ဖြစ်ကြောင်း FMI ကုမ္ပဏီ ၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ၄၂ ကီလိုမီတာ မာရသွန် ပြေးပွဲ တစ်မျိုးနှင့်၊ ၁၀ ကီလိုမီတာ၊ ၃ ကီလိုမီတာ တာတို ပြေးပွဲ နှစ်မျိုးတို့ ပါဝင်မည် ဖြစ်ပြီး ပြည်တွင်း ပြည်ပမှ အပြေးသမား တစ်ထောင်ကျော် ခန့် ဝင်ရောက် ယှဉ်ပြိုင် မည်ဟု ခန့်မှန်း ထားကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင် ပါဝင်သည်။ ယင်းပြိုင်ပွဲ ကို ပြည်သူ့ ရင်ပြင်မှ စတင်ပြီး၊ ပြည်လမ်း၊ ဓမ္မ စေတီလမ်း၊ အင်းလျားလမ်း၊ ပါရမီလမ်း၊ သမိုင်း လမ်းဆုံ၊ ဘုရင့်နောင် လမ်းဆုံ၊ ပန်းလှိုင် ဂေါက်ကွင်း၊ ကမ္ဘာအေး ဘုရားလမ်း နှင့် တက္ကသိုလ် ရိပ်သာလမ်း စသည့် လမ်းကြောင်း များတွင် ကျင်းပမည် ဖြစ်ကြောင်း FMI ကုမ္ပဏီ ထံမှ သိရသည်။

ပြိုင်ပွဲ ဝင်လို သူများ အနေဖြင့် ဗိုလ်ချုပ် အောင်ဆန်း လမ်းမ ပေါ်ရှိ ဂရင်း မီးရထား ဟိုတယ်တွင် စာရင်း ပေးသွင်း နိုင်ကြောင်း ယင်းကုမ္ပဏီ ထံမှ သိရှိ ရသည်။

ဘုရင့်နောင် ခုံးကျော် တံတားသစ် အကြီးစား တည်ဆောက်မှု ဒီဇင်ဘာတွင် စတင်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရန်ကုန်မြို့၏ ဒုတိယမြောက် ခုံးကျော် တံတား ဖြစ်သည့် ဘုရင့်နောင် ခုံးကျော် တံတားသစ် စီမံကိန်း အကြီးစား ဆောက်လုပ် မှုများ ၂ဝ၁၂ခုနှစ် ဒီဇင်ဘာ တွင် စတင် တည်ဆောက် မည် ဖြစ်ကြောင်း ယင်း စီမံကိန်း ကို ဆောင်ရွက် နေသည့် FMI Co.,Ltd. မှ အမှုဆောင် ဒါရိုက်တာ ဦးလင်းမြိုင်က ပြောကြားသည်။

တံတား စီမံကိန်း ၏ အကြီးစား ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် လမ်းသား ချဲ့ထွင်မှု ငါးဆယ် ရာခိုင်နှုန်း ကျော် ပြီးစီး နေပြီး ဘုရင့်နောင် တံတားဘက် အခြမ်းကို ပိုင်များ စတင် ရိုက်နေပြီ ဖြစ်ကြောင်း လည်း ၎င်းက ဆက်လက် ပြောပြသည်။
“အခုက လမ်းရှင်း စနစ် ပြီးသလောက် ရှိပါပြီ၊ လာမယ့် ၂၀၁၃ မကုန်ခင်မှာ ပြီးစီးဖို့ လုပ်နေ ပါပြီ’’ ဟု ၎င်းက ဆိုသည်။

ယခုနှစ် ဇွန်လ အတွင်း စတင် လုပ်ကိုင် နေသည့် စီမံကိန်း အတွက် လျှပ်စစ် မီးတိုင်များ ရွှေ့ခြင်း၊ မြေအောက် ဖုန်းကြိုး များ၊ မြေအောက် ဓါတ်ကြိုး များ၊ ဂတ်စ် ပိုက်လိုင်းများ၊ အင်တာနက် ကေဘယ် ကြိုးများ ပြောင်းရွှေ့ တပ်ဆင်ခြင်း နှင့်အတူ လမ်းသား ချဲ့ထွင်မှု များကို သက်ဆိုင်ရာ ဌာန များနှင့် လုပ်ကိုင် ဆောင်ရွက်ခြင်း များကို ဦးစွာ လုပ်ဆောင် ခဲ့ရသဖြင့် တံတား တည်ဆောက်သည့် အချိန် အနည်းငယ် နောက်ဆုတ် ခဲ့ရကြောင်း လည်း ၎င်းက ဆက်လက် ရှင်းပြသည်။

ရန်ကုန်မြို့၏ ယာဉ် လမ်းကြော ရှုပ်ထွေးမှု များပြားသော နေရာများ ဖြစ်သည့် ရွှေဂုံတိုင်၊ လှည်းတန်းနှင့် ဘုရင့်နောင် တို့တွင် ဂုံးကျော် တံတားများ တည်ဆောက် ခြင်းကို ၂၀၁၂ ခုနှစ် အတွင်း စတင် ဆောက်ရွက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန (လမ်းနှင့် တံတား) ထံမှ သိရသည်။

အဆိုပါ ဘုရင့်နောင် ဂုံးကျော် တံတားကို နှစ်ထပ် တံတား အဖြစ် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု ဖြစ်သော FMI ကုမ္ပဏီ က တည်ဆောက်မည် ဖြစ်ကြောင်း ယင်း တည်ဆောက်မည့် ကုမ္ပဏီ ထံမှ စုံစမ်း သိရသည်။ အမေရိကန် ဒေါ်လာ ၂၅သန်းခန့် ကုန်ကျမည် ဟု ခန့်မှန်းရပြီး ၂၀၁၃ ခု နှစ်ကုန်ပိုင်း တွင် ပြီးစီးမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီ အမှုဆောင် ဒါရိုက်တာ ဦးလင်းမြိုင်က ပြောကြားသည်။

Sunday, November 25, 2012

Gangnam Style သီချင်းက တစ်သက်တာ လူကြည့်အများဆုံး Youtube ဗီဒီယိုအဖြစ် စံချိန်တင်


တောင်ကိုရီးယား Rapper အဆိုတော် PSY ရဲ့  Gangnam Style သီချင်းဟာ မကြာသေးမီကပဲ အချိန်တိုတွင်း Youtube တွင် လူကြည့် အများဆုံး ဗီဒီယိုအဖြစ် စံချိန်တင်ထား ပါတယ်။ ယ...ခု နောက်ထပ် စံချိန် သစ်ကတော့ တစ်သက်တာ လူ့ကြည့်အများဆုံး Youtube ဗီဒီယို (YouTube's most-watched video of all time) အဖြစ် ထပ်မံ စံချိန် တင်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

သောကြာနေ့မှာ ဂျနီဖာလိုပက်ဇ် ရဲ့  On the Floor သီချင်းကို ကျော်လွန်ပြီး စနေနေ့အပြီးမှာတော့ ကနေဒါ R&B အဆိုတော် ဂျက်စတင်ဘီဘာရဲ့  Baby သီချင်းကို ကျော်လွန်သွားပါတယ်။ အရေအတွက်အားဖြင့်ကတော့ Gangnam Style က 803,761,928 အရေအတွက် ရှိပြီး Baby ဟာ 803,658,345 နဲ့ ကျန်ခဲ့ပါတယ်။ ဂျက်စတင်ဘီဘာရဲ့  စံချိန်ကို ချိုးဖြတ်ပြီး အချိန်တိုအတွင်း အမြန်ဆုံး အောင်မြင်တဲ့ တောင်ကိုရီးယား အဆိုတော် တစ်ဦးလည်း ဖြစ်လာပါတယ်။ အမေရိကန် သမ္မတ အိုဘားမား၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အစရှိသဖြင့် ကမ္ဘာကျော် ပုဂ္ဂိုလ်များအထိ ပါ ပျံ့ နှံ့သွားတဲ့ သီချင်း ဖြစ်ပါတယ်။


တောင်ကိုရီးယားလို့ ပြောလိုက်ရင် ဂဏန်းစတိုင် သီချင်းကို ပထမဦးဆုံး အမှတ်ရလောက်အောင် PSY မှ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့  ဖခင် အီလက်ထရောနစ် ကုမ္မဏီ ရှယ်ယာဈေးလည်း တက်ပြီး မိသားစုစီးပွားရေးပါ မြင့်တက်သွားပါတယ်။ CNN နဲ့ အင်တာဗျူး ထားချက် အရ PSY မှ နောက်ထပ် သီချင်းတစ်ပုဒ် ဖန်တီးနေပါတယ်။ အင်္ဂလိပ်နဲ့ ကိုရီးယား ဘာသာ နှစ်မျိုးလုံးနဲ့ ရောစပ်သီဆိုထားတဲံ့ သီချင်း တစ်ပုဒ်ဖြစ်ပြီး Youtube ပေါ် တင်အုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သီချင်း - http://youtu.be/9bZkp7q19f0
--
Ref: gadgets.ndtv./ Photo via: Did you know?

http://www.innewsmyanmar.com/2012/11/gangnam-style-youtube.html

အေးချမ်းမွန်မှ International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

တရုတ် နိုင်ငံ အနေ ဖြင့် ဒေါ်လာ ဘီ လျှံ ၅၀ ရင်းနှီး မြုပ် နှံ မည်ဟု ပြောကြား


ထိုင်း နိုင်ငံ တွင် ရောက် ရှိ နေသည့် တရုတ် ၀န်ကြီး ချုပ် ၀မ်ကျားပေါင် က
ထိုင်း နိုင်ငံ ၏ ရေနက် ဆိပ် ကမ်း တွင် တရုတ် နိုင်ငံ အနေ ဖြင့် ဒေါ်လာ ဘီ
လျှံ ၅၀ ရင်းနှီး မြုပ် နှံ မည်ဟု ပြောကြား ကာ ထိုင်း လူ မျိုး တို့  ၏ လူနေ မှု
ဘ၀ မြှင့် တင် ရေး အ

တွက် လည်း တရုတ် အစိုးရ က အင်တိုက် အား တိုက်
ကူညီမည် ဟု ကတိက၀တ် ပြု ပြောကြား ခဲ့ သည်။ ထိုသို့  ပြောကြား ခြင်း
သည် မြန်မာ နိုင်ငံ ဉ် တရုတ် ဆန့် ကျင် ရေး စိတ် ဓာတ် များ ဖွဲမီး လို တောက်လောင် နေ ချိန် နှင့် လည်း တိုက် ဆိုင် နေသည်။

အေးချမ်းမွန်မှ Freedom News Group(Burma) တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From Freedom News Group(Burma)

ဟိုတယ်ခန်းအတွင်း အမျိုးသမီးတစ်ဦး သေဆုံး (3 photos)

ရန်ကုန်၊ နိုဝင်ဘာလ ၂၅။

ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဆိပ်ကမ်းသာလမ်းနှင့် န၀ဒေးလမ်းထောင့်ရှိ သီရိစံဟိုတယ်တွင် အမျိုးသမီးတစ်ဦး အလောင်း တစ်လောင်းအား ယနေ့ နေ့လည်ပိုင်းတွင် တွေ့ရှိရကြောင်း သိရသည်။


အဆိုပါ အမျိုးသမီးမှာ အသက်ခံရသည်ဟုယူဆရပြီး သီရိစံ ဟိုတယ်အား ရဲဝန်ထမ်းများက အပြင်လူများ မ၀င်စေဘဲ စစ်ဆေးလျက်ရှိကြောင်းသိရသည်။

“ကြားတာကတော့ အဲဒီအမျိုးသမီးက မနေ့ကကတည်းက ဒီဟိုတယ်မှာ ဌားထားတာ၊ တစ်နေကုန် လူပြန်လာတာ မတွေ့တော့ ဟိုတယ်က ၀င်ကြည့်တဲ့အခါ ကုတင်အောက်မှာ အလောင်းတွေ့တယ်လို့ကြားတယ်” ဟု အနီး ပတ်ဝန်းကျင်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ယခုလက်ရှိ အခြေအနေများနှင့် ဆက်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများအား မေးမြန်းခွင့် မရှိသေးကြောင်း အခင်းဖြစ်ပွား ရာသို့ ရောက်ရှိနေသည့် မြန်မာ့ခေတ်မှ သတင်းထောက်မှ ပေးပို့သည်။

အခန်းအမှတ် (၈)တွင် သေဆုံးခြင်းဖြစ်ပြီး နေ့လည် ၁၂နာရီခန့်တွင် သေဆုံးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ခန့်မှန်းယူဆထားသည်။

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From The Myanma Age

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာများ တပ်ဆင်ပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် စီစဉ်သွားမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာများ တ
ပ်ဆင်ပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာ တပ်ဆင်သွားရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် ပြည်ပနိုင်ငံအချို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်က “ရန်ကုန်တိုင်းထဲမှာရှိတဲ့ လမ်းမတွေအားလုံးမှာ လုံခြုံရေးကင်မရာတွေ တပ်ဆင်ပြီးတော့ ပြစ်မှုကျူးလွန်တဲ့သူတွေကို အမြန်ဆုံးဖမ်းဆီးဖို့ ၂၀၁၀ ပြည့်နှစ်ကတည်းက စီစဉ်ထားပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။ အခုလည်း ပြန်လည်ဆောင်ရွက်ဖို့ကို စီစဉ်နေပါပြီ” ဟု ပြောကြားခဲ့သည်။

“ရဲတပ်ဖွဲ့တွေအနေနဲ့ လုပ်စရာတွေ အများကြီးရှိတယ်။ ပြစ်မှုကျူးလွန်တဲ့သူတွေကို အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုပါ၊၊ ငွေကြေးရှိမယ်ဆိုရင်တော့ အများကြီးလုပ်သင့်ပါတယ်” ဟု ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။


စည်းကမ်းမဲ့ယာဉ်များအား အရေးယူရန် ရွှေဂုံတိုင်မီးပွိုင့်တွင် တပ်ဆင်ထားသော စီစီတီဗီကင်မရာများကို တွေ့ရစဉ်

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Eleven Media Grou

အနောက်တိုင်းသားများကို ပြန်ပေးဆွဲကြ ဟု အယ်(လ)ကေ ဒါ ခေါင်းဆောင် တိုက်တွန်းလိုက်ခြင်း

အနောက်တိုင်း သားများ ကို ပြန်ပေးဆွဲရန် အတွက် အယ် (လ)ကေ ဒါ ခေါင်းဆောင် Ayman al-Zawahiri က မူဆလင် ဘာသာ ၀င်များကို တိုက်တွန်းလိုက်သည်။ ယင်းက ပါကစ္စ တန် တွင် လူမှုကူညီရေး လုပ် ငန်း များ လုပ်ကိုင်ခဲ့သော အမေ ရိ ကန် လူမျိုး Warren Weinstein ကို ပြန်ပေး ဆွဲ ရာတွင် အောင်မြင်ခဲ့မှုများ ကို ထောက်ပြ ပြောဆို ခဲ့သည်။

(Warren We
...instein သည် State University of New York ပါမောက္ခ ဖြစ် ပါ သည်။ သူ့ကို သြဂုတ်လ ၁၃၊ ၂၀၁၁ တွင် အယ်ကေဒါက ပြန်ပေးဆွဲခဲ့ သည်။ ၂၀၁၂ မေလ နှင့် စက်တင် ဘာလ တို့တွင် သူအသက်ရှင်လျက် ရှိနေ ပါသေးကြောင်း အယ် (လ)ကေဒါ မှ ဗွီဒီယို မှတ်တမ်း သက်သေ ထုတ်လွှင့် ခဲ့သည်။)

စုစုပေါင်း ၂ နာရီကျော်ကြာသော (အပိုင်း ၂ ပိုင်း ပါ) al-Zawahiri ၏ ဗွီဒီယို မိန့်ခွန်းကို ဂျီဟတ်ဝါဒီများ ဆိုဒ်တွင် တင် ခဲ့သည်။ သူက ၁၉၉၃ တွင် World Trade Center ကို ဗုံးခွဲရာ တွင် စီစဉ်ညွှန်ကြားခဲ့သည် ခေါင်းဆောင် Sheikh Omar Abdel-Rahman ကို လွှတ်ပေးရန်အတွက် တောင်းဆိုခဲ့ပြီး၊ ထိုသို့ လွှတ် ရန် အတွက် အစွမ်းကုန် ကြိုးပမ်းကြရန် တိုက်တွန်း လိုက်သည်။

“ဘုရားသခင် က အမေရိကန် ဂျူး Warren Weinstein ကို အောင်မြင် စွာဖမ်း ဆီးဖို့ ချီးမြှင့် ခဲ့ပါတယ်…။” ဟု al-Zawahiri က ဗုဒ္ဓဟူးနေ့က တင် ခဲ့သော ဗွီဒီယို တွင် ပြောကြား ခဲ့သည်။

“ကျနော်တို့ဟာ ဘုရားသခင်ရဲ့ အကူညီနဲ့ နောက်ထပ် လူများ ကိုဖမ်း ဆီးခြင်း၊ ပြန်ပေးဆွဲခြင်းများ ပြုလုပ်ပါ။ မူဆလင်များကို ဆန့်ကျင်သော နိုင် ငံ များမှ နိုင်ငံသားများကို ပြန်ပေးဆွဲပြီး၊ ကျနော် တို့ထံမှ ဖမ်းဆီးခံထား ရသော အကျဉ်းသားများကို လွတ်မြောက်အောင် ကြိုးစားကြပါဟု တိုက် တွန်း ပါသည်။” ဟု ပြောခဲ့သည်။

ယင်းက အီဂျစ်နိုင်ငံ တွင် မူဆလင်ဘာသာရေး ဥပဒေ Sharia Law ကို ပြ ဌာန်း ရန် တိုက်တွန်းခဲ့သည်။ အီဂျစ်သမ္မတ Mohamed Morsy ကိုလည်း အစ္စရေးအရေးကိစ္စ အပါအ၀င် အခြားသော ပြဿနာများစွာတို့ တွင် ယင်း၏ ရပ်တည်မှုများ ကို မေးခွန်းထုတ်ခဲ့သည်။

“အီဂျစ် နိုင်ငံသားများအားလုံးကို တိုက်တွန်းပြောကြား လိုက် သည်။ အစ္စရေး သံရုံးကို ဆန့်ကျင် ဆန္ဒပြကြပါ။ (အကြမ်းဖက် မီးရှို့ကြပါဟု ဆိုလိုဟန် ရှိသည်။ ထိုသို့လည်း သဘောပေါက် ကြ မည် ဟု ယုံကြည်သည်)။ ပါလက်စ တိုင်းကို စိုးမိုး ထားသော အစ္စရေးတို့ကို ဆန့်ကျင်ကြပါ။ အစ္စလာမ်တို့၏ လှုပ်ရှားမှုများအတွက် ထိုသို့သော ဆောင်ရွက်မှုများ သည် ရှေ့ပြေး အဖြစ် ဖြစ် မည် ဖြစ်ပြီး၊ သူတို့အတွက် ပထမ ဆုံးသော စွန့်လွှတ် ကူညီမှု များ ဖြစ်လာမည်” ဟု သူက ပြော ခဲ့သည်။

al-Zawahiri သည် အိုစမာဘင်လာဒင် လက်အောက်တွင် အယ် (လ)ကေဒါ ဒုတိယခေါင်းဆောင် ဖြစ်ခဲ့ပြီး၊ ဘင်လာဒင် သေ ဆုံးသော အခါ ခေါင်းဆောင် ဖြစ် လာခဲ့သည်။

အယ်(လ)ကေဒါတို့သည် Weinstein ကို ပါကစ္စတန်၊ လာဟိုမြို့ ရှိ သူ၏ နေ အိမ်မှ ၂၀၁၁ သြဂုတ်လတွင်၊ ပြန်ပေးဆွဲခဲ့ကြောင်း၊ ၀န်ခံ ခဲ့ကြ သည်။ ပြန်ပေးဆွဲသူတို့သည် Weinstein ၏ ကိုယ် ရံတော် သုံးဦးကို တိုက် ခိုက်ကျော်လွှားပြီး၊ အကြမ်း ဖက် ပြန်ပေး ဆွဲခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မကြာမီ al-Zawahiri က Weinstein ကို လွတ်ပေးစေလို လျှင်၊ အမေရိ ကန် တို့ ဖမ်းဆီး ထားသော Abdel-Rahman ကို လွှတ်ပေးရ မည် ဟု ကမ်းလှမ်း ခဲ့ သည်။

(Omar Abdel-Rahman သညိ အီဂျစ်နိုင်ငံသား ဖြစ်ပြီး၊ ၁၉၉၅ လျှို့ဝှက် အကြမ်းဖက်မှုတွင် ပူးပေါင်းကြံစည် မှုဖြင့် အဖမ်းခံခဲ့ ရ သည်။ မြောက် ကာ ရိုလိုင်းနားရှိ ဖက်ဒရယ်ထောင်ကြီး တွင် ထောင်ဒဏ် တစ်သက် ကျခံနေ ရသည်။ သူသည် မျက်စိ မမြင်သူဖြစ်သည်။ Blind Sheikh ဟုလည်း ခေါ် ကြသည်။)

၂၀၁၂ -မေလတွင် ကယ်(လ)ကေဒါတို့ ထုတ်ပြန်ခဲ့သော ဗွီဒီ ယိုတွင် Weinstein (အသက်- ၇၁ နှစ်) က အမေရိကန် သမ္မတ အိုဘားမားကို အသ နား ခံခဲ့သည်။ “ကျနော် အသက်က သမ္မ တ ကြီး အပေါ်မှာ မူတည်ပါတယ်။ သူတို့ တောင်းဆိုချက်ကို သမ္မတကြီးလိုက်လျောမယ် ဆိုလျှင် ကျနော် အ သက်ရှင်ရ ပါမယ်။ လက်မခံလျှင် ကျနော် သေရပါလိမ့်မယ်။” ဟု Weinstein က သမ္မတ အိုဘားမားကို အသနားခံခဲ့သည်။

အမေရိကန် အစိုးရပိုင်းက အယ်(လ)ကေဒါ နှင့် အပေးအယူ ညှိနှိုင်း ဆွေးနွေး မည် မဟုတ်ကြောင်း ပြောခဲ့ သည်။

အမေရိကန် FBI မှ အလိုရှိဆုံး ထိပ်တန်းစာရင်းဝင် al-Zawahiri က အယ် (လ)ကေဒါ အကြမ်းဖက် အဖွဲ့ကြီး ၏ အဖျက်လုပ် ငန်းများကို ဗျူဟာချ မှတ် ဆောင်ရွက်လျက် ရှိသည်။ သူသည် ပါကစ္စတန်နိုင်ငံ အနောက် မြောက် ဘက် ဒေသ၊ အာဖဂန်နစ္စ တန် နယ်စပ်တွင် ပုန်းအောင် နေနိုင်ကြောင်း ခန့်မှန်းကြသည်။

သူကျူးလွန်ခဲ့သော အမှုများမှာ များလှသည်။ ၁၉၉၈ သြဂုတ် လ ၇ -ရက်နေ့ တွင် တန်ဇန်းနီးယား၊ Dar es Salaam ရှိ အမေ ရိကန် သံရုံး ဗုံးခွဲမှု၊ ကင် ညာနိုင်ငံ Nairobi ရှိ အမေရိကန် သံရုံး ဗုံးခွဲမှု၊ (ထိုဖြစ်ရပ် နှစ်ခုတွင် လူဦးရေ ၂၂၄ ဦးသေဆုံးခဲ့ပြီး၊ ၅၀၀၀ ကျော် ဒဏ်ရာရခဲ့သည်။) စသည့်တို့ ဖြစ်သည်။

FBI က al-Zawahiri ကို ဆုငွေ ဒေါ်လာ ၂၅ -သန်းထုတ်ထား သည်။ (အိုစ မာ ဘင်လာဒင် ကို ဖမ်းဆီးပေးလျှင် လည်း ဒေါ် လာ ၂၅ သန်း ချီးမြှင့်မည် ဟု ကြေငြာ ဖူးသဖြင့် ဘင်လာဒင်နှင့် တူနေသည်)

al-Zawhiri ၏ မိန်းမနှင့် ကလေးသုံးယောက်မှာ ၂၀၀၁ ဒီဇင် ဘာ၊ အာဖဂန် နစ္စတန် နိုင်ငံတွင် အမေရိကန် အကြမ်း ဖက်နှိမ်နှင်းရေး တပ်များ၏ နှိမ်နှင်းမှု အစီအစဉ်တွင် သေဆုံး ခဲ့သည်။

From: edition.cnn.com
Photo: Ayman al-Zawahiri (အယ်ကေဒါ ခေါင်းဆောင်)

Thursday, November 22, 2012

ကော်ဖီ နဲ့ ကျန်းမာရေး

“ကော်ဖီ” ဟာ အလွန်မတန် တွင်တွင်ကျယ်ကျယ် သောက်သုံးကြတဲ့ “သောက်စရာ” တခုပါ။ နိုင်ငံပေါင်း ၈၀ မှာ စိုက်ကြတယ်။ ၂၀၀၉ တုံးက မက်ထရစ်တန် ၈ သန်း ထုတ်လုပ်ခဲ့လို့ ရေနံပြီးရင် ကမ္ဘာ့ ကုန
်သွယ်ရေးမှာ ဒုတိယ လိုက်တယ်။ Beverage သောက်သုံးစရာထဲမှာ ပေါ်ပြူလာ အဖြစ်ဆုံးပါ။

စက္ကန့်တိုင်းမှာ အမေရိကန်တွေ သောက်နေတဲ့ ကော်ဖီ ခွက်ပေါင်း သန်း ၄၀၀ ရှိတယ်။ (ကော်ဖီ-ချိန်း) ဆိုတဲ့ တကမ္ဘာလုံး ချိတ်ဆက်ထားတဲ့ ကော်ဖီ-သံကြိုးဆက် အကြီးဆုံးက ၂၀၀၇ မှာထောင်ခဲ့တဲ့ Starbucks ဖြစ်တယ်။ သူတို့ ယဉ်ကျေးမှုအရ “ခေတ်မီသူတိုင်း (စတားဘတ်ခ်) သောက်ကြသည်”။ ဒီ မဟာလုပ်ငန်းကြီးကို စထောင်ခဲ့တာက ကျောင်းဆရာ ၂ ယောက် နဲ့ စာရေးဆရာ ၁ ယောက် ဖြစ်တယ်။ စာဖတ်သူများ အထင်တော် မမှားကြပါနဲ့။ ကိုးကားစရာ ကိန်းဂဏန်းဆိုတာ သူများ တိုင်းပြည်မှာသာ ရတာမို့ပါ။ ကိုယ့်ဆီမှာ ဆန်ပြုတ်သောက်သူ စာရင်းတောင် ကောက်မဖြစ်ဘူး။ ကျောင်းဆရာတွေ နဲ့ စာရေးဆရာတွေကိုလဲ ချီးမြှောက်ချင်လို့ပါ။

နာမည်ကြီး စာရေးဆရာ (အိုလီဗာ-ဟုမ်းစ်) ရဲ့ Over the Teacups ထဲမှာ “အိပ်ယာထ သောက်ရတဲ့ ကော်ဖီတခွက်က ရတဲ့ လန်းဆန်း-တက်ကြွမှုနဲ့ ခွန်အားမျိုးကို ညနေခင်း လဖက်ရည်ကနေ ပြန်ထပ်လုပ်မပေးနိုင်ဘူး” တဲ့။ အဲဒါဟာ Exhilaration factor ခေါ်ပါတယ်။ ဖြစ်စေတာက Caffeine ခေါ်တဲ့ 1,3,7-trimethylxanthine ပါ။ Psychotropic alkaloid ဖြစ်ပါတယ်။ လဖက်ရည်ထဲမှာလဲ (ကေဖင်း) ပါတယ်။ (ကိုးကိုး) ထဲမှာလဲ ပါတယ်။ တခြား Soft and energy drinks တွေမှာလဲ ပါတယ်။

ထိပ်ဆုံး ရောက်နေတဲ့ ကော်ဖီရဲ့ မူလအစ သမိုင်းလှန်ရရင် အောက်ဆုံးက (အီသီယိုးပီးယား) ဖြစ်နေတာ တွေ့ရတယ်။ အထောက်အထား ခိုင်ခိုင်မာမာ ပြောနိုင်တာကလဲ ပင်လယ်ဓါးပြနဲ့ နာမယ်ရနေတဲ့ (ယီမင်) နိုင်ငံ ဖြစ်နေပြန်တယ်။ ရေးတာက ဆေးပညာစာဆို့။ လာပါမယ်။ ကော်ဖီ သောက်ပါလို့ Prescription ဆေးညွှန်း စပေးခဲ့တာ ၁၅၈၃ တုံးက ဂျာမန် ဆရာဝန် Leonhard Rauwolf ဖြစ်ပါတယ်။

သောက်တဲ့ သူတွေက ကော်ဖီ ကြည့်ပြီး အကောင်း အညံ့၊ ဆရာဝန်တွေက Caffeine (ကေဖင်း) ကြည့်ပြီး၊ ကျန်းမာရေး သင့်-မသင့် ပြောပါတယ်။ စနစ်တကျ ဖေါ်စပ် ပြုပြင်ထားတဲ့ ကော်ဖီက ကောင်းတယ် ဆိုပေမဲ့ တခါတလေ Devil’s brew အဆိပ်ရည်သဘော ဖြစ်ပါတယ်။

“ဘယ်လောက်ဆိုရင် များတယ် ပြောမလဲ။” American Dietetic Association က တနေ့မှာ (ကေဖင်း) 200-300 mg ထက် မပိုစေနဲ့တဲ့။ ချိန်ခွင် မလိုတာ ပြောရရင် အပြင်း-အပျော့ မတူလို့ တနေ့မှာ ကော်ဖီ ၂ ခွက်ကနေ ၅ ခွက်၊ တနည်း ဆိုရင် အနာ-အကိုက်ပျောက်ဆေး Painkillers ၁၀ ပြား။ လူတယောက်နဲ့ တယောက် မတူတာတွေမှာ “ကော်ဖီကို ဘယ်လောက် အထိမခံဖြစ်သလဲ” ပါသေးတာ။

Caffeine က Stimulant စိတ်လန်းဆန်းစေတာ လူတိုင်း လက်ခံပါမယ်။ အိပ်ယာထနဲ့ စာကျက်နေတုံး သောက်သုံး ကြတယ်။ (ကေဖင်း) သာမက Cortisone နဲ့ Adrenaline ဆိုတဲ့ Stimulating hormones ပါသေးတာ သိလာရတယ်။ အသက်ကြီးသူတွေ သောက်ရင် ပိုကောင်းတယ်။ အိုလို့ ဖြစ်ရတဲ့ Dementia, Parkinson’s disease, Depression ဇရာ-ရောဂါတွေကို နှေးစေသတဲ့။ Blepharospasm ဆိုတဲ့ မျက်စိ ပုတ်ခတ် ပုတ်ခတ် လုပ်နေတာအတွက် ကောင်းတယ်။ Laxative effect ၀မ်းပြော့တယ်။ Mild diuretic ဆီးသွား နဲနဲများစေတယ်။ Skin cancer, breast cancer ကင်ဆာတွေ ဖြစ်တာ နဲစေတယ်။ Gout ဂေါက် လက္ခဏာ သက်သာစေတယ်။ Tap water ထဲမှာပါတဲ့ Lead or Copper ဆိုတဲ့ Heavy metals ဓါတ်အလေးစားတွေကို ၇၈-၉၀% ပျော်ဝင်နိုင်စေတယ်။ လူငယ်တွေလဲ ပါပါတယ်။ Post-gym muscle pain အားကစား လုပ်ပြီး ကြွက်သားနာတာ သက်သာစေတယ်။ ကြွက်အမလေးတွေကို (ကေဖင်း) ပေးတော့ ကြွက်ထီးဆီ လာတာ ပိုများလို့ Mood for sex ကောင်းစေ ပါသတဲ့။

ဘယ်အရာမဆို ဒေါင့်စုံကနေကြည့် အပေါင်းရော၊ အနုတ်ရော၊ ဟုတ်-မဟုတ်ပါ ပြောနိုင်ကြတာ လွတ်လပ်မှုရဲ့ သရုပ်ပါ။ အမြင်-အတွေး၊ အသိ-ပညာ မတူကြဘူးပါ။ ယူတော့လဲ ကြိုက်တာ ယူကြတာဘဲ။ “တမျိုးထဲပေးလို့ ပေးတာသာ ယူချင်တဲ့ အကျင့်ဆိုတာ ကလေးတွေပါ”။ “မကြိုက်ရင်သေး မယူဘဲ၊ ကြိုက်တာ ရအောင်လုပ်တဲ့သူ လူတော် ဖြစ်တယ်။” ၂၀၁၀ မှာလဲ မှန်ပါတယ်။

ကော်ဖီ အသောက် များရင်တော့ အအိပ် ပျက်စေတယ်။ Coffee jitters ခေါ်တာပေါ့။ အရိုးကို ပါးစေတယ်။ ကော်ဖီကို မစစ်ဘဲ သောက်ရင် LDL (ကိုလက်စထော) များစေတယ်။ အစာအိမ်-အူလမ်းကြောင်း အတွင်းဖုံးလွှာကို ထိခိုက်စေတယ်။ သွားတွေ ညိုမယ်။ BP သွေးဖိအား တက်စေတယ်။ ကော်ဖီ နဲ့ Paracetamol ရော သောက်တာ မကောင်းပါ၊ အသဲကို ထိခိုက်နိုင်တယ်။ ၂၀၀၃ တုံးက ဒိန်းမတ်မှာ ကော်ဖီစွဲနေသူ ကိုယ်ဝန်ဆောင် ၁၈၄၇၈ ယောက်ကို စမ်းသပ်တုံးက ကလေး အသေမွေးနှုန်း များတာ တွေ့ရတယ်။ သံဓါတ်နည်း သွေးအားနည်းရောဂါ၊ နှလုံး-သွေးကြောရောဂါ ဖြစ်တာလဲ များတယ်။

တန်ဆေး-လွန်ဘေး၊ များရင် ဥပါဒ်ပေးတယ်။ များတာနဲ့အမျှ အိပ်မရ၊ မျက်နှာက နီလာ၊ ဂနာမငြိမ်-စိတ်လှုတ်ရှား၊ ဆီးသွား၊ အသားတွေတုံ၊ တွေးပုံ-ပြောပုံ မတည်တော့ပါ။ စိတ်ကတို အလိုမကျ၊ ဒေါသထန်၊ နှလုံးခုံ မမှန် ဖြစ်ပြန်အုံးမယ်။

Coffee can kill you! ကော်ဖီက သေစေနိုင်တယ်။ တခြားဆေးတွေလိုပါဘဲ။ များရင် အဆိပ်ဖြစ်တယ်။ လူတွေကို ကော်ဖီ ဘယ်လောက် ပေးရင် သေစေသလဲ စမ်းသပ်ထားတာ မရှိပါ။ (ဟစ်တလာ) ရဲ့ ဆရာဝန်တွေက စမ်းဘို့ မေ့ခဲ့ကြပုံရတယ်။ ကြွက်တွေကိုတော့ Caffeine 192 mg/kg ပေးရင် 50 % သေစေတယ်။ ဒီနှုန်းနဲ့တွက်ရင် လူတွေကို 150 to 200 mg/kg ဒါမှမဟုတ် ကော်ဖီ ၈၀-၁၀၀ ခွက်တိုက်ရင် မြန်မြန်သေနိုင်မယ်။ ဒါပေမဲ့ အစာအိမ်က ၁ လီတာဘဲ ဆန့်ပါတယ်။

ဆရာဝန်က ကိုယ်ချင်း မစာဘူး။ ကော်ဖီအသေအလဲ ကြိုက်တဲ့သူကို အလျှော့ခိုင်းနေတယ်။ Decaffeinated coffee လို့ ခေါ်တဲ့ Decaf ကို ပြောင်းသောက်ပေါ့။ Caffeine-free coffee နဲ့တော့ မတူဘူးနော်။ နာမည်ကြီး ကော်ဖီတွေမှာ (ကေဖင်း) ပါတာ ယှဉ်ကြည့်ရအောင်။
• Percolated coffee (7 oz) = 140 mg
• Drip (7 oz) = 115-175 mg
• Espresso (1.5 to 2 oz) = 100 mg
• Brewed (7 oz) = 80-135 mg
• Instant (7 oz) = 65-100 mg
• Decaf coffee, brewed (6 oz) = 5 mg
• Decaf coffee, instant (6 oz) = 3 mg

လွတ်လပ်ရေး ရပြီးနောက်ပိုင်း (ကဖေး) ဆိုတဲ့ နာမယ်နဲ့ ဆိုင်တွေ ဖွင့်ခဲ့ဘူးတယ်။ အိန္ဒိယကလာတဲ့ စကားလို့ အထင်မှား နိုင်တယ်။ Coffeehouses or Cafés တွေပေါ်ခဲ့တာ နှစ် ၅၀၀ ကျော်နေပြီ။ Cafés နဲ့ Cafeteria နဲ့ မတူပါ။ လူငယ်တွေ ပိုသိတာက ၁၉၉၁ ကြမှ ဆန်ဖရန်စစ္စကိုမှာ စဖွင့်ခဲ့တဲ့ Internet café or Cybercafé မဟုတ်လား။ အစည်းအဝေး၊ (ကွန်ဖရင့်) တိုင်းမှာ ပြောနေကြတဲ့ Coffee break ကို စသုံးခဲ့တာ ၁၉၅၂ ကပါ။ စာဖတ်သူများ “ကော်ဖီ-ဘရိတ်” ပါ။

Dr. တင့်ဆွေ

ကောင်မလေးတွေကြွေလောက်တဲ့ တော်ကီ.....6.......မျိုး


(၁)ကောင်လေး။ ။ ကျွန်တော် လမ်း မေးလို့ရမလား?
ကောင်မလေး။ ။ ဘယ်သွားမလို့လဲ...။
ကောင်လေး။ ။ မင်းရဲ့ ရင်ထဲ ကို...။ ...

(၂) ကောင်လေး။ ။ နင် ဒီနေ့ ခြေထောက်တွေ အရမ်းညောင်းနေမှာပဲနော်။
ကောင်မလေး။ ။ ဘာဖြစ်လို့ညောင်းရမှာလဲ...။

ကောင်လေး။ ။ နင် ငါ့ရဲ့ အတွေးထဲမှာ တချိန်လုံး ပတ်ပြေးနေလို့ပေါ့။

(၃) ကောင်လေး က ကောင်မလေးရဲ့ အင်္ကျီ အနောက်က တံဆိပ်ကို လှန်ကြည့်တော့
ကောင်မလေး။ ။ နင် ဘာလုပ်တာလဲ။
ကောင်လေး။ ။ နင် က Made in Heaven များဖြစ်မလားလို့ ...။

(၄) ကောင်လေး။ ။ နင် ငါ့ကို ပိုက်ဆံ ၅၀ လောက်ချေးပါလား။
ကောင်မလေး။ ။ ဘာလုပ်မလို့တုန်း..။
ကောင်လေး။ ။ ငါ ဒီနေ့ ကမ္ဘာမှာအလှဆုံး ကောင်မလေးကို တွေ့ပြီလို့ အမေ့ကို ဖုန်းဆက်ပြောမလို့။

(၅) ကောင်လေး။ ။ ဒီနေ့ မိုးက သည်းလိုက်တာ...။
ကောင်မလေး။ ။ ဟုတ်တယ်နော်...။
ကောင်လေး။ ။ မိုးနတ်မင်းကြီး နင့်ကိုမြင်ပြီး သွားရည်ကျတာပဲဖြစ်လိမ့်မယ်။

(၆) ကောင်လေး။ ။ ငါ့ကို ယုံကြည်ပေးပါ။နင့်ကို ကမ္ဘာပေါ်မှာ ဒုတိယ ကံအကောင်းဆုံးလူဖြစ်အောင် ငါထားပါ့မယ်။
ကောင်မလေး။ ။ ဘာလို့ ပထမ ကံအကောင်းဆုံး လူမဖြစ်ရတာလဲ။
ကောင်လေး။ ။ ငါ့နားမှာ နင်ရှိမှတော့...ငါဟာ ကမ္ဘာ့ပထမ ကံအကောင်းဆုံးလူဖြစ်နေလို့ပေါ့။

Copied from Thet Htoo Aung
Credits to Original

သဲကန္တာရတွင်းမှ ရေကန်နှင့် ဘုန်းကြီးကျောင်း


သဲကန္တာရ အလယ်မှာ ထူးခြားစွာပဲ စိမ်းလဲ့လဲ့ မြက်ခင်းပြင်၊ စိမ်းလဲ့လဲ့ ရေကန်နဲ့ သာယာ လှပနေတဲ့ တရုတ်ဘုန်းတော်ကြီး ကျောင်းနှင့် ပတ်ဝန်းကျင်ကို ယခုလို မြင်တွေ့ ရပါတယ်။

တည်နေရာကတော့ တရုတ်နိုင်ငံ အနောက်ပ

ိုင်း ဂန်ဆူးပြည်နယ်၊ Dunhuang မြို့ အနီးမှာ ရှိပါတယ်။ သဲကန္တာရ တောင်တန်းများ ဝိုင်းရံထားပြီး အလယ်မှာ ယခုလို သာယာလှပတဲ့ နေရာ တစ်ခု ရှိနေတာ အထူးအဆန်း ပဲ ဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသည်များကို အဓိက စွဲဆောင်ရာ နေရာ ဒေသ တစ်ခုလည်း ဖြစ်ပြီး ဂန်ဆူးပြည်နယ် အလည်ရောက်သူတိုင်း Crescent အမည်ရ ယင်း ရေကန်နဲ့ ပတ်ဝန်းကျင်ကို အလည်လာကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း မြောက်များစွာ ကတည်းက တည်ရှိနေတဲ့ ရေကန်ဖြစ်ပြီး သဲမုန်တိုင်းများ နှစ်စဉ်ကျရောက်ပေမယ့် ရေကတော့ အမြဲ ရှိနေပြီး ကြည်လင်နေပါတယ်။ ဒါကလဲ သူ့ရဲ့  ထူးခြားမှု တစ်ခု ဖြစ်ပါတယ်။

Dunhuang မြို့  ရဲ့  တောင်ဘက် ၃.၇၃ မိုင် အကွာအဝေးမှာ ရှိတဲ့ Crescent Lake ကို အလည်သွားသူ များကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref: travelchinaguide

http://www.innewsmyanmar.com/2012/11/blog-post_21.html

အောင်မြင်ခြင်းဆိုတာ

အောင်မြင်ခြင်းဆိုတာ တကယ်တော့ မဝေးပါဘူး...
ဝေးနေတာက ...ဘယ်အရာက အောင်မြင်မှုလဲ ဆိုတာ သင့်အနေနဲ့ မသိခြင်းပါပဲ....

ဆုံးရှုံးခြင်းဆိုတာ အရမ်းနီးတယ်...
နီးလွန်းလို့....ရှေ့ကို ပြေးဖို့ တလှမ်းနောက်ကျလိုက်တာနဲ့ ...ဆုံးရှုံးခြင်းရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရတော့တယ်....

သတင်းဝက်ဆိုဒ်များ

သတင်းဝက်ဆိုဒ်များ
===========
- သာကီနွယ် <http://www.myanmarnargis.org/>
- လူ့အခွင့်အရေးတိုးတက်ရေးအဖွဲ့ <http://www.ghre.org/mm/>
- ယနေ့မြန်မာ <http://burmatoday.net/>
- ခေတ်ပြိုင် <http://www.khitpyaingnews.org/index.php>
- အာဖက်ဖ်အေ <http://www.rfa.org/burmese>
- လွတ်လပ်သောမွန်သတင်းအေဂျင်စီ<http://www.monnews-imna.com/burmese/news.php>
- နိရဉ္စရာ <http://www.narinjara.com/burmese.asp>
- ဧရာဝတီ <http://www.irrawaddy.org/bur/>
- သတင်းနှင့်မီဒီယာကွန်ယက် <http://www.nmg-news.com/nmg/defaultmm.html>
- ဒီဗွီဘီ <http://burmese.dvb.no/>
- မဇ္ဖိမ <http://www.mizzimaburmese.com/>
- မိုးမခ <http://moemaka.com/>
- သျှမ်းသံတော်ဆင့်<http://www.mongloi.org/burmese/index.php?option=com_content&view=fron...>
- ဘီဘီစီ မြန်မာပိုင်းအစီအစဉ် <http://www.bbc.co.uk/myanmar/index.shtml>

အဆင်ပြေပါစေဗျား

ရန်ကုန်တွင် သမ္မတအိုဘားမားကို ညှို့ယူခဲ့သော ဆွဲဆောင်မှုများ

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီး လာရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပထမဦးဆုံး လာရောက်သော အမေရိကန်သမ္မတဟူသော ဂုဏ်ပုဒ်ကို ရယူသွားခဲ့ပြီး ယင်းအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခြင်း၊ ဒီမိုကရေစီ မီးရှူးတန်ဆောင် ဒေါ်အောင်ဆ

န်းစုကြည်နှင့် တွေ့ဆုံခြင်း၊ ရန်ကုန်တက္ကသိုလ်တွင် မြန်မာနိုင်ငံအတွက်သာမက အခြားအာရှ နှင့် ကမ္ဘာ့နိုင်ငံများအတွက်ပါ စကားလက်ဆောင်ပါးခြင်းစသည့် တရားဝင်လုပ်ငန်းဆောင်တာများ ထမ်းရွက်ခြင်းအပြင် ရန်ကုန်မြို့တွင် သမ္မတအိုဘားမားအား ဆွဲဆောင်သောအရာများလည်း ရှိခဲ့သည်။

ယင်းဆွဲဆောင်မှုများတွင် မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရား ဖြစ်သောလေးဆူဓာတ်ပုံ ရွှေတိဂုံစေတီလည်းပါဝင်သည်။ မူလက ၀င်ရောက်ရန် အစီအစဉ်မရှိသော ရွှေတိဂုံစေတီသို့ ၀င်ရောက်ဖူးမြော်ရန် သမ္မတအိုဘားမား ကိုယ်တိုင်က ဆုံးဖြတ်ခဲ့သည်ဟု လက်ထောက်အမျိုးသားအကြံပေး မစ္စတာဘင်ရို့ဒ်စ်က ပြောကြားသည်။

Air Force One လေယာဉ် ရန်ကုန်မြို့သို့ ချဉ်းကပ်လာစဉ် ရွှေတိဂုံစေတီတော်ကြီးအား မြင်တွေ့ရပြီး ဘုရားကြီးကို ရှိခိုးပူဇော်သော လူထုကြီးက ၎င်းအား သောင်းသောင်းဖြဖြကြိုဆိုကြသည်ကို တွေ့ရသောအခါ သမ္မတက ရွှေတိဂုံသို့ တက်ရောက်ရန်ဆုံးဖြတ်ခဲ့ကြောင်း မစ္စတာ ဘင်ရို့ဒ်စ်က ပြောကြားသည်။

သတင်းများတွင်လည်း သမ္မတအိုဘားမားသည် ရွှေတိဂုံစေတီတော်ကြီးအား ခြေအိတ်ပင်ချွတ်ကာ တက်ရောက်ပူဇော်ခဲ့သည်ကို တွေ့ရပြီး သောကြာထောင့်တွင် ဘုရားအား ရေသပ္ပာယ်ခဲ့သည်။

အိုဘားမားရင်ကို လှုပ်ခတ်စေခဲ့သော နောက်ထပ်အခြင်းအရာတစ်ခုမှာ ၎င်းဖြတ်သန်းရာ လမ်းတစ်လျှောက် လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသော ပြည်သူလူထု ဖြစ်သည်။ ရန်ကုန်ပြည်သူလူထုကလည်း လေဆိပ်အထွက်မှ စတင်ကာ လမ်းဆုံလမ်းခွတိုင်းတွင် မြန်မာအလံ၊ အမေရိကန်အလံများ ဝှေ့ရမ်း၍ ၀မ်းသာအားရကြိုဆိုခဲ့သည်။ စာတန်းများကိုလည်း ကိုင်ဆောင်ကြိုဆိုခဲ့ကြရာ “သင်ဟာ ကျွန်ုပ်တို့ကမ္ဘာ၏ ဂန္ထ၀င်သူရဲကောင်း” ဟူသော စာတန်းတစ်ခုလည်း ပါဝင်ခဲ့သည်။

အိုဘားမားအား ဆွဲဆောင်ခဲ့သော အခြားအရာတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ၀င်ရောက်စဉ် ၎င်း၏အချစ်တော်ခွေး “ဘို” ၏ ပုံတူအရုပ်ကြီးကို မြင်သာထင်သာ ပြသထားခြင်းဖြစ်ကြောင်း အမျိုးသားအကြံပေး မစ္စတာဘင်ရို့ဒ်စ်ကပင်ပြောကြားသည်။ ယင်းပုံတူအရုပ်ကြီးအား ယခုနှစ် စောစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ၀ါရှင်တန်သို့ ရောက်ရှိစဉ် သမ္မတအိုဘားမားက လက်ဆောင်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
—Ref: AP

အမျိုးသမီးစစ်မှုထမ်းများ လိုအပ်သည့်အချိန်တွင် ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဟုဆို


နေပြည်တော်၊ နိုဝင်ဘာ - ၁၅

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော်စစ်မှုထမ်းဥပဒေများအရ အမျိုးသမီးစစ်မှုထမ်းများအား လိုအပ်သည့်အချိန်တွင် လိုအပ်သလို ခန့်ထားနိုင်

ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယစစ်ရေးချုပ် ဗိုလ်မှူးကြီးသန်းဦးက ပြောကြားသည်။

အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီက ယနေ့ ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စုအဆင့်ဌာနများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယစစ်ရေးချုပ်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး စစ်မှုထမ်းများခန့်ထားရေး တိုက်တွန်းကြောင်းအဆိုကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (မကွေး-၁၂)က ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်များအတွက် အမျိုးသမီးဆရာဝန် ၂၀ ဦး ခန့်နှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီး ခုနစ်ဦးခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီးတပ်ကြပ်ကြီးသားဖွား (စစ်သည်အစားခန့်) ၁၁၇ ဦးလည်း သင်တန်းတက်ရောက်လျက်ရှိပြီး လာမည့်ဒီဇင်ဘာ ၁၄ ရက်တွင် သင်တန်းဆင်းမည်ဖြစ်ကြောင်း၊ အမျိုးသမီးသူနာပြု အကူ ၁၁၃ ဦးအား ခန့်ထားရန်အတွက် သင်တန်းတက်ရောက် လျက်ရှိကြောင်းလည်း ၎င်း၏ ဖြေကြားချက်အရ သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အရပ်ဘက်မှ သွားဆေးကုဆရာဝန် အမျိုးသမီး ၁၀ ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီးများကို ထပ်မံခေါ်ယူခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ တပ်မတော်အတွင်း ၁၉၄၈ ခုနှစ်မှ ယနေ့အထိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကွပ်ကဲမှုအောက်တပ်များတွင် ၁၂၀၀၀ ခန့်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ကွပ်ကဲမှုအောက်တပ်များ တွင် ၇၃၀၀ ခန့်နှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်များတွင် ၅၀၀ ခန့်၊ စုစုပေါင်း ၂၀၃၀၀ ခန့် အမျိုးသမီး စစ်မှုထမ်း (စစ်သည်အစမ်းခန့် အပါအ၀င်) ခန့်အပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက (ဒုတိယပုံမှန်အစည်းအဝေးတွင် ဖြေကြားစဉ်က) ရှင်းလင်းဖြေကြားခဲ့သည်။

iP Address ပြောင်းနည်း

ဒီနေ့တော့ ကျွန်တော် IP Change လို့ရတဲ့ နည်းလေးကို ကျွန်တော်တင်ပြပေးပါမည်။ အလျှင်သင့်သလို ကျွန်တော် (၃) မျိုးလောက်ထိ တင်ပြပေးပါမည်။ ဒါပေးမဲ့ ဦးစွာ တောင်းပန်ချင် တာကတော့ ဒီနည်းကို အသုံးချပြီ ဆိုဒ်တွေကို လိုက်ဆဲတာတို့ မဟုတ်မတန်ရာတွေ ရေးတာတွေကို ရှောင်းရှားပေးဖို့ တောင်းဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် တင်ပြပေးတယ်ဆိုတာကလဲ မိမိတို့ လုံခြုံရေး အတွက်ဘဲ သုံးဖို့ဘဲ ဖြစ်ပါတယ်။ သူတစ်ပါးကို ညစ်ပတ်ဖို့ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော် တို့ သူငယ်ချင်းများကို တောင်းပန်နေတာပါ။ မိမိရဲ့ လုံခြုံရေးတစ်ခုထဲ အတွက် သုံးပေးကျပါရန် တောင်းပန်ပါတယ်။ ဒါပေးမဲ့ သိတဲ့ သူတွေ အတွက် Proxy scan နဲ့ လုပ်ရင်တော့ IP အမှန်ကို သိနိုင် ပါတယ်။ ဒါပေးမဲ့ အားလုံးမလွယ်ကူနိုင်ပါဘူး။ အခုတင်ပြမှာကတော့ FIREFOX PLUNIN လေးနဲ့ Software တစ်ခုဘဲ ဖြစ်ပါတယ်။ Software ကို ကျွန်တော်တို့ မိမိ သုံးတဲ့ OS လိုက် Download ချလိုက်ပါ။ ကျွန်တော်မှုလဆိုဒ်ကို တင်ပြပေးလိုက်ပါတယ်။ အောက်မှာ ၀ိုင်းထားတဲ့ နေရာမှ ချလိုက်ပါ။ ကျွန်တော် ၀ိုင်းပြထားတဲ့နေရာက Windows 7, Vista, XP, 2000, 2003 Server အတွက်ဖြစ်ပါတယ်။ ကျွန်တော် အထင် ဒီ OS တွေဘဲ အသုံးများကျမှာပါ။ Linux တောင် အသုံးနည်းနေတာဘဲ။ လေရှည်သွားပြီ အောက်မှာ ကြည့်လိုက်ပါ။
1. ပထမ အောက်ကဆိုဒ်ကနေ Troproject ကို Download ချပြီ Install လုပ်လိုက်ပါ။ ( Stable နှင့် UnStable ဆိုတာ ရှိပါတယ်။ Download Stable ကိုသာ ချပါ။ ကျွန်တော်က UnStable ကို ချထားတာကို ပြထားပါတယ်။

http://www.torproject.org/download.html.en

2. အထက်ပါဆိုဒ်ကို Install လုပ်ပြီတာနဲ့ အောက်က TOR plugin ကို Firefox မှာ Install လုပ်လိုက်ပါ။ ပြီးရင် Firefox ကို Restart ချလိုက်ပါ။ ( Firefox Add On မလုပ်တက်တဲ့ သူများ Labels က Firefox Add On မှာ လေ့လာနိုင်ပါတယ်။

https://addons.mozilla.org/en-US/firefox/addon/2275

3. အထက်ပါအဆင့်တွေ ပြုလုပ်ပြီးရင် အောက်မှာတွေ့ရတဲ့ အတိုင်း မိမိ Firefox ရဲ့ ညာဘက်ထောင့်မှာ Tor Disabled ဆိုတာ တွေ့ရပါတယ် ။ မိမိက ဆိုဒ်တွေကို IP Change ပြီးဝင်ချင်ရင် Tor Disabled ကို Tor Enabled ဖြစ်အောင် ပြုလုပ်ရုံပါဘဲ။ (မှတ်ချက် ။ ၊၊ Net Speed အနည်းငယ်ကျသွားပါတယ်။) မိမိတို့ Site တစ်ခုကို ၀င်ကြည့်လိုက်ပါ။ မိမိ IP Change သွားတာကို တွေ့ရမှာဖြစ်ပါတယ်။ တစ်ခါဝင် တစ်ခါ IP က ချိန်းနေမှာ ဖြစ်ပါတယ်။

E-Mail မရှိပဲ E-Mail ပို့ နည်း

တစ်ခါတစ်လေ မိမိတို့ mail တွေဖွင့်မရဘဲ ကြုံနေတဲ့အခါ မိမိအကောင့် အသုံးပြုစရာမလိုဘဲ မေးလ်ပို့လို့ ရတဲ့ note2email ဆိုဒ်လေကို မိတ်ဆက်ပေးတာပါ။ ဒါပေးမဲ့ တစ်စောင်ပို့ပြီရင်တော့ နောက်တစ်စောင်ပို့ဖို့ကို စောင့်ရပါတယ်။ ဒါပေးမဲ့ မေးလ်တွေဖွင့်မရတဲ့အချိန်တော့မှာတော့ အဆင်ပြေမှာပါ။

1.http://www.note2email.com/write ဒီဆိုဒ်ကို အရင် ဖွင့်လိုက်ပါ။
2.Email Address နေရာမှာ မိမိပို့ချင်တဲ့ Email အကောင့်ကို ရိုက်လိုက်ပါ။
3.Title မှာကတော့ မိမိ ရေးချင်တဲ့အကြောင်းအရာ ရေးလိုက်ပါ။
4.Note နေရာမှာ မိမိ ရေးချင်တဲ့ ပို့ချင်တဲ့စာတွေကိုရေလိုက်ပေါ့။
5.Encryption Key နေရာမှာ ဘာမှ မရေးလဲရပါတယ်။
6.ပြီရင် ပုံကို ကြိုက်နှစ်သက်ရာထပ်ရွေးလိုက်ပါ။
7.ပြီရင် Send It ကိုနိုပ်လိုက်ပါ။
အပေါ်က ပုံလေးကိုကြည့်လိုက်ပါ။

အမေရိကန်တက္ကသိုလ်များ မြန်မာ့ပညာရေး မြှင့်တင်ရန် ကူညီမည်


မြန်မာနိုင်ငံရဲ့ ပညာရေး အဆင့်အတန်း မြင့်မားရေး ပြန်လည်တည်ဆောက် လုပ်ဆောင်ဖို့ အတွက် အမေရိကန်တက္ကသိုလ် ၉ ခုက မြန်မာတက္ကသိုလ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ဆိုပါတယ်။

အမေရိကန် အဆင့်မြင့် တက္ကသိုလ် ၉ ခုက မြန်မာတက္ကသိုလ်တွေနဲ့ ပညာရေး အဆင့်မြင့်တင်ရေးဆိုင်ရာ မဟာဗျူဟာကျ အစီအစဉ်တွေကို လုပ်ဆောင်ဖို့ နိုင်ငံတကာ ပညာရေးဆိုင်ရာအဖွဲ့ (IIE) က စတင်လိုက်ပါတယ်။

မြန်မာနဲ့ ပမာဏ ခြေလှမ်းဖြစ်တဲ့ ၂၀၁၂ ခုနှစ် နိုင်ငံတကာပညာရေး လက်တွဲမှု အစီအစဉ် (IAPP) ကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားရဲ့ သမိုင်းဝင်ခရီးစဉ်အတွင်း အဆင့်မြင့် ပညာရေး အတွက် အာမခံချက်ကို ပြောဆိုခဲ့ပြီးတဲ့ နောက်တနေ့မှာ ဒီအစီအစဉ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ အမေရိကန် တက္ကသိုလ်၊ အရီဇိုးနား ပြည်နယ် တက္ကသိုလ်၊ ဘောလ် ပြည်နယ်တက္ကသိုလ်၊ ဟာဝိုင်အီ ပစိဖိတ်တက္ကသိုလ်၊ မြောက်ပိုင်း အီလီနွိုက် တက္ကသိုလ်၊ မြောက်ပိုင်း အရီဇိုးနား တက္ကသိုလ်၊ ဆန်းဖို့ဒ် တက္ကသိုလ်၊ မက်ဆာချူးဆက် တက္ကသိုလ်၊ လိုဝဲလ် တက္ကသိုလ်၊ ၀ါရှင်တန် တက္ကသိုလ်တို့ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ တက္ကသိုလ်တွေက ကျောင်းသားတွေ အပြန်အလှန် သွားရောက်ရေးလည်း ပါဝင်ပါတယ်။

အစပျိုးအစီအစဉ်အဖြစ် IIE ဥက္ကဋ္ဌ Allan Goodman ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီမှာသွားရောက်ဖို့ ရှိပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေက တက္ကသိုလ်တွေမှာ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။

ဒီနောက် မြန်မာတက္ကသိုလ်တွေက ကိုယ်စားလှယ်တွေက အမေရိကန်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ အဓိက ဦးစားပေးလိုအပ်ချက်တွေကို ပြောပြဖို့ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ပညာရေး လိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့ သူတို့တွေ့ရှိချက်တွေကို အစီရင်ခံစာတင်မှာဖြစ်ပါတယ်။

မကြာသေးမီက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သမ္မတ ဦးသိန်းစိန်က လူမှုရေး အဖွဲ့အစည်းရဲ့ အဓိက နေရာကနေ ပါဝင်ဖို့အတွက် ဆွေးနွေးခဲ့ပြီး အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးက လိုအပ်တဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်ဖို့လည်း ဆွေးနွေးခဲ့ပါတယ်။

ဒီနှစ်မှာတော့ မြန်မာအစိုးရက ပညာရေးအသုံးစရိတ်ကို အမေရိကန် ဒေါ်လာ ၃၄၀ သန်းကနေ ၇၄၀ သန်းအထိ တိုးမြှင့်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

အမေရိကန် ပညာရေးနဲ့ ယဉ်ကျေးမှု ဗျူရိုအဆိုအရ ၂၀၁၀-၁၁ ပညာသင်နှစ်မှာ မြန်မာကျောင်းသား ၇၉၆ ဦး အမေရိကန်မှာ ပညာ သင်ကြားခဲ့ပြီး အဲဒီအရင်နှစ်ကထက် ၁၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ရာစုနှစ် တ၀က်နီးပါး စစ်အာဏာရှင်တွေ အုပ်စိုးခဲ့ပြီးတဲ့နောက်မှာတော့ တချိန်က အာရှမှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့ မြန်မာ့ပညာရေး အဆင့်အတန်းဟာ ကျဆင်းခဲ့ပါတယ်။

၂၀၀၉ ကစတင်ခဲ့တဲ့ IIE ရဲ့ နိုင်ငံတကာ လက်တွဲဆောင်ရွက်ရေး ဌာနက အစီအစဉ်ဟာ အမေရိကန် တက္ကသိုလ် ကောလိပ် ၅၀ နဲ့ လုပ်ဆောင်နေတာ ဖြစ်သလို ဘရာဇီး၊ တရုတ်၊ အိန္ဒိယနိုင်ငံက တက္ကသိုလ်တွေနဲ့လည်း ဆောင်ရွက်နေပါတယ်။


အေးချမ်းမွန်မှ DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google

ခရုတကောင်

ခရုတကောင်ကို သေလောက်သည့်ဒဏ်ရာ ရလောက်အောင် ဖြတ်နင်းမှုဖြင့် လိပ်တကောင်အား တရားရုံးက စွဲချက်တင်ပြီး ပက်ကျိတကောင်အား မျက်မြင်သက်သေအဖြစ် စစ်ဆေးသည်
"အဖြစ်အပျက်တွေက မြန်လွန်းလို့ ကျုပ်အော်ဟစ်သတိပေးချိန်တောင် မရလိုက်ဘူး " ဟု ပက်ကျိကထွက်ဆိုသည်။

‎"ဖုန်းတစ်လုံး(နံပါတ်တစ်ခု)အား ၆၁ သိန်း ကျော်ဖြင့်ဝယ်ယူ"

မြန်မာ့ဆက်သွယ်ရေးမှ ရန်ကုန်တိုင်းဒေသကြီးအတွက် GSM နှင့် WCDMA ဖုန်းနံပါတ် အပူးအလှများ စုစုပေါင်း ၁၀၂ လုံးရောင်းချခဲ့ရာ အမြတ်ငွေ ကျပ် ၂၆၇၄ သိန်းရရှိခဲ့ကြောင်းသိရသည်။ အမြင့်ဆုံးလေလံရရှိသည့် ဖုန်းနံပါတ်မှာ ၀၉၄၂၄၄၄၄၄၄၄ ဖြစ်ပြီး လေ့လံကြေး ၆၁ သိန်း ရရှိခဲ့သည်ဟုသိရသည်.

အေးချမ်းမွန်မှ The Street View တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

တချို့ အမှန်တရားတွေ

တချို့ အမှန်တရားတွေဟာ
မှန်ပေမယ့် …
အတော်ခါးတယ် …
မပြောမဖြစ်လို့ ပြောရမယ်ဆို
သူငယ်ချင်း … သတိထားပါ …

ကြိုက်နှစ်သက်တဲ့ သီချင်း စာသား တွေကို ရှာဖွေ ဖတ်ရှု ကူးယူနိုင်မယ့် ဝက်ဘ်ဆိုက် ပါ

Hip Hop & R & B , Rap, Country, Rock, Latin, Dance Music သီချင်း အမျိုးအစားလိုက် ရှာဖွေနိုင်မှာ ဖြစ်တဲ့ အပြင် သီဆိုသူ အနုပညာရှင် အလိုက် Lyrics တွေရှာဖွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

တစ်လတာ အကောင်းဆုံး သီချင်း၊ တစ်ပတ် အတွင်း အကောင်းဆုံး သီချင်း၊ ယနေ့လူကြိုက် အများဆုံး သီချင်း၊ အပေါက်ဆုံး အယ်လ်ဘမ်တွေ အပါအဝင် အကျော် ကြားဆုံးသီချင်းအပုဒ် ၁၀ဝ၀ နဲ့ရေပန်းစားအနုပညာရှင်တွေကိုလည်း ဖော်ပြ ထားပါ တယ်။
ဒါ့အပြင် ထိပ်တန်း စာရင်းဝင်များ ပါရှိတဲ့ Katy Perry, Rihanna, Jeremih, The Black Eyed Peas စတဲ့အဆိုတော်တွေရဲ့ သီချင်းစာသားတွေ ကိုလည်း ခံစားဖတ်ရှုရမှာဖြစ်ပါတယ်။
http://www.metrolyrics.com/

အိုစမာဘင်လာဒင်သည် စီအိုင်အေ အေးဂျင့်တစ်ဦးဖြစ်ခဲ့


အိုစမာဘင်လာဒင်ဟာ စီအိုင်အေရဲ့  အေးဂျင့် တစ်ဦး ဖြစ်ခဲ့ဖူးတယ်ဆိုတာ ၁၀ ယောက်မှာ ၇ ယောက်မသိတဲ့ ကိစ္စ ဖြစ်ပါတယ်။ ငြင်းဆိုချက်တွေ အမျိုးမျိုးကို အမေရိကန်တို့ ထုတ်ပြန်ခဲ့ပေမယ့် သက်သေအထောက်အထား အခိ
ုင်အမာချပြတဲ့အခါ ငြင်းဆန်ရန် ခက်ခဲသွားပါတယ်။

အမေရိကန် စီအိုင်အေ (လျှို့ ဝှက်ထောက်လှမ်းရေး အေဂျင်စီ)မှာ ၁၉၇၉ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ လုပ်ကိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ကနေ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ အထိ ကြာမြင်တဲ့ အာဖဂန်မှ ဆိုဗီယက်စစ်ပွဲကို သိသူများ ရှိမယ် ထင်ပါတယ်။ ယင်းစစ်ပွဲထဲ အဓိက ပါဝင်တော်လှန်သူထဲမှာ အိုစမာ ဘင်လာဒင်လည်း ပါဝင်ပါတယ်။ ပါဝင်ဒါမှ အဓိက နေရာတွေထဲမှာ ပါဝင်တာ ဖြစ်ပြီး သူ့ကြောင့် အာဖဂန်ဘက်ကနေ တိုက်ပေးမယ့် စစ်သားဦးရေ အမြောက်အများ ရရှိခဲ့ ပါတယ်။ အများစုကတော့ အာရပ်ကမ္ဘာတစ်ဝန်းက အစ္စလာမ် ဘာသာ ချစ် Jihadism တော်လှန်းရေး စစ်သား နဲ့ အာဖရန် အာရပ် စစ်သားများ ဖြစ်ပါ တယ်။ လိုအပ်တဲ့ လက်နက်တွေ၊ အရင်းအနှီးတွေကိုလည်း ဘင်လာဒင်က ရှာဖွေပေးပါတယ်။

အဲ့တုန်းက အာဖဂန်ဘက်ကနေ ကူညီနေတဲ့ နိုင်ငံက များပါတယ်။ အများ သိထားတာကတော့ ပါကစ္စတန်၊ အမေရိကန်၊ တရုတ် တို့ ဖြစ်ပြီး အမေရိကန်ရဲ့  ကူညီမှုကတော့ တိတ်တဆိတ် ဖြစ်ပါတယ်။ ဒီနေရာမှာ စီအိုင်အေက အဓိက ပါဝင်ပါတယ်။ စီအိုင်အေကြောင့် အာဖဂန်တို့ နိုင်တဲ့ စစ်ပွဲလို့တောင် တင်စားကြပါတယ်။

ဒီမှာ ဘင်လာဒင်တို့ အဖွဲ့ဟာ အမေရိကန်ကိုသွားရောက်ပြီး လေ့ကျင့်မှု ယူရပါတယ်။ အမေရိကန် စီအိုင်အေရဲ့  စစ်ရေးလေ့ကျင့်ပေးမှုများရရှိပြီး အဲ့တုန်းက Tim Osama အမည်နဲ့ စီအိုင်အေမှာ တာဝန်ထမ်းဆောင်ခဲ့ တာ ဖြစ်ပါတယ်။ ၉ နှစ်ကြာတဲ့ စစ်ပွဲ တောက်လျှောက် အိုစမာဟာ စီအိုင်အေ နဲ့ လက်တွဲခဲ့ရပြီး အမေရိကန်အကြောင်း ကောင်းကောင်း နားလည် ခဲ့ပါတယ်။

ဒါကြောင့် အိုစမာ ဘင်လာဒင်ဟာ စီအိုင်အေ ဖန်တီးခဲ့တဲ့ အေးဂျင့်တွေထဲမှာ အကြီးမားဆုံး ပြုစုပျိုးထောင်မှု တစ်ခုလို့ ကမ္ဘာတစ်လွှားမှ ယနေ့တိုင် လောင်ပြောင်ခဲ့ကြပါတယ်။

အမေရိကန်က ယနေ့တိုင် ငြင်းဆိုနေပေမယ့် ဗြိတိန်၊ ရုရှား၊ တရုတ် နဲ့ အရှေ့ အလယ်ပိုင်း နိုင်ငံများကတော့ အိုစမာ ဘင်လာဒင်ဟာ စီအိုင်အေ အေးဂျင့် တစ်ဦး ဖြစ်ခဲ့တယ်လို့ ယနေ့တိုင် လက်ခံထားတယ်လို့ သိရ ပါတယ်။
---
Ref:CBS

http://www.innewsmyanmar.com/2012/11/blog-post_9622.html

PSY က သားပိုက်ကောင်လို က ပြသွားဖို့ ရှိ

နိုင်ငံပေါင်း ၃၀ ကျော်မှာ ထိပ်တန်း နံပါတ် ၁ နဲ့ ၅ အတွင်း လူကြိုက်အများဆုံးဖြစ်နေတဲ့ တောင်ကိုရီယား အဆိုတော် အကပညာရှင် PSY ကို သြစတြေလျမှာ ဖျော်ဖြေပွဲ တခု လွန်ခဲ့တဲ့ လ က ကျင်းပခဲ့ပါတယ်။

ဖျော်ဖြေပွဲ ပြီးတော့ သြစီ ရုပ်သံတခုက အမျိုးသမီးက ရုပ်သံ အင်တာဗျူးလုပ်ပါတယ်။ ဒီအထဲမှာ ရုပ်ဆိုး ရဲ့သားနဲ့ မိန်းကလေးတွေက ဘာကြောင့် ကြိုက်ကြသလဲ ဆိုတဲ့ မေးခွန်းကို လည်း မေးထားလေရဲ့။

နောက် ထပ်ထွက်မယ့် ခြေလှမ်းအတွက် ဘယ်လို စဉ်းစားရခက်နေတာတွေကိုလည်း PSY က အိပ်မက်ဆိုးတခုလို ခေါင်းစားနေပါတယ်တဲ့။

ဒါနဲ့ နောက်ထပ် အိုင်ဒီယာကောင်းတခုရဖို့ သြစီရဲ့ သင်္ကေတာ သားပိုက်ကောင်အရုပ်ကလေးနဲ့ ပြပြီး သူတို့ခုန်သလို မစဉ်းစားမိဘူးလားလို့ မေးတော့ တနေ့နေ့ အဲဒီ သားပိုက်ကောင် ခုန်သလို အကလည်း သူ့ရဲ့နောက်ပိုင်း ထွက်လာမယ့် အယ်ဘမ်မှာ ထည့်သွင်းဖျော်ဖြေသွားမယ်တဲ့ ။

အခု နာမည်ကြီးနေတဲ့ Gangnam Style ဆိုတာက မြင်းစီးတဲ့ပုံနဲ့ ကမ္ဘာ့ပရိသတ် အကြိုက်ဖြစ်ခဲ့ရတာပါ။ PSY အနေနဲ့ သားပိုက်ကောင် ခုန်သလို ဘယ်လို က ပြဖျော်ဖြေမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

http://www.youtube.com/watch?feature=player_embedded&v=0EmZ8aZSYtE

သခင်ကို စောင့်ရင်း အသက်စွန့်သွားသူ

Hachiko အမည်ရ ခွေးကတော့ ကမ္ဘာကျော်ခွေးပဲ ဖြစ်ပါတယ်။ ယင်းခွေးကို အခြေခံလို့ ဂျပန်ရုပ်ရှင်၊ ဟောလိဝုဒ်ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ပြီး ဖြစ် ပါတယ်။ သခင် သေဆုံးတာ ၉ နှစ်ကြာသွားပေမယ့် ဘူတာမှာ အမြဲ သွားစောင့်နေခဲ့တဲ့ ခွေး ဖြစ်ပါတယ်။

သူ့သခင်ကတော့ ၁၉၂၄ ခုနှစ်ကစလို့ တိုကျိုတက္ကသိုလ်မှ ပရော်ဖက်ဆာ တစ်ဦး ဖြစ်ပြီး နေ့စဉ် ရထားစီးပြီး သွားပါတယ်။ ပြန်လာတိုင်း သူ့ခွေးလေး ဟတ်ချီကို က ဘူတာနား လာလာစောင့်ပြီး ကြိုပါတယ်။ ၁၉၂၅ မေလ မှာတော့ ပရော်ဖက်ဆာဟာ ဦးနှောက်ထဲ သွေးယိုပြီး ကွယ်လွန်ခဲ့ပါတယ်။ ရထားနဲ့တောင် အိမ်ပြန်မလာနိုင်တော့ပါဘူး။ ခွေးလေး ကတော့ သခင် လာမယ် အမှတ်နဲ့ နေ့တိုင်း ဘူတာမှာ လာစောင့်ပါတယ်။


တစ်ရက်ပြီး တစ်ရက်စောင့်ဆိုင်းရင်း ၉ နှစ်ကျော်ကြာ (၁၉၃၅ ခုနှစ်၊ မတ်လ) မှာ သေဆုံးသွားပါတော့တယ်။ အသက် ၁၁ နှစ်အရွယ် မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သခင် ရှိစဉ် တစ်နှစ် လုံး ဘူတာမှာ လာကြိုပြီး သခင် မရှိတော့ပေမယ့်လည်း နောက်ထပ် ၉ နှစ်လုံးလုံး ဘူတာ မှာ လာစောင့်ပါတယ်။ ပုံမှန် ကျောင်းဆင်းချိန်ဆိုရင် ဟတ်ချီကိုကို ဘူတာ မှာ မြင်နေကြပြီ ဖြစ်ပါတယ်။

အနီးဝန်းကျင်လူများက သတိမထားမိပေမယ့် နှစ်တွေကြာလာတော့ မသိသူ မရှိတော့ပါဘူး။ နောက်တော့ သခင်ကို လာလာစောင့်မှန်း လူတိုင်းသိပြီး သနားကြပါတယ်။ ဘယ်သူခေါ်မွေးမွေး မလိုက်ပဲ သခင်ကိုသာ စောင့်ဆိုင်း ခဲ့သူ ဖြစ်ပါတယ်။ တစ်နေ့ Shibuya မြို့  ငယ် လမ်းတစ်နေရာမှာ သေဆုံးနေ တဲ့ ဟတ်ချီကို ကို တွေ့မြင်ခဲ့ပြီး သူ့ရဲ့  သခင့် အပေါ် သစ္စာရှိမှုအတွက် ဂျပန်ပြည်သူ အားလုံး အသိအမှတ်ပြုခဲ့ပါတယ်။

ဒါကြောင့် National Loyalty အထိမ်းအမှတ်တစ်ခုအနေနဲ့ ခွေးကလေး ဟတ်ချီကို ကို ဂုဏ်ပြုခဲ့ပြီး ယနေ့တိုင် ဂျပန်တို့ အမြတ်တနိုးထားပါတယ်။ အုတ်ဂူ သီးသန့်ပြုလုပ်ထားပေးပြီး ပြတိုက်မှာလည်း ဖယောင်းရုပ်တု ပြုလုပ် ထားပေးပါတယ်။

ဟတ်ချီကိုရဲ့  သခင့်အပေါ် သစ္စာရှိမှုကို စံပြတစ်ခုအနေနဲ့ ဂျပန်မှာ ယနေ့တိုင် အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။
--
Ref: wiki

2030 မှာမြန်မာတွေသူဋ္ဌေးဖြစ်မည်။

မန်မာပြည်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားပါက နှစ်စဉ် စီးပွားတိုးတက်နှုန်း ၈ ရာခိုင်နှုန်းထိ ရောက်နိုင်ပြီး သက္ကရာဇ် ၂၀၃၀ ခုနှစ်ရောက်လျင် ပျမ်းမျှ တဦးချင်း ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၀၀၀ (ကျပ်ငွေ နှစ်သန်းငါးသိန်းရှစ်သောင်း) အထိ ဖြစ်လာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် Asia Development Bank (ADB) က ထုတ်ပြန်လိုက်သည်။
ADB ၏ နောက်ဆုံးအစီရင်ခံစာတွင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အချက်အချာကျသော ပထဝီအနေအထား၊ နုပျိုသော အလုပ်သမားအင်အားစု၊ သဘာဝသယံဇာတ အစရှိသည့် ကြွယ်ဝသော ပိုင်ဆိုင်မှုများကို အောင်မြင်စွာ အသုံးချနိုင်ပါက မြန်မာနိုင်ငံသည် “အာရှ၏ လင်းလက်လာမည့် ကြယ်တစင်း” ဖြစ်လာနိုင်ကြောင်း ရေးသားဖော်ပြခဲ့သည်။

ယင်းသို့ ADB ၏ ရှေ့ဖြစ်ဟောကိန်းသည် အားတက်ဖွယ်ဖြစ်သော်လည်း သုံးနှစ်အတွင်း ဝင်ငွေ သုံးဆတိုးစေရမည်ဟု သမ္မတ ဦးသိန်းစိန်၏ အပြောနှင့် ကွာခြားနေသည်။ စီအိုင်အေ The World Factbook ၏ ဖော်ပြချက်အရ လတ်တလော မြန်မာနိုင်ငံ၏ ပျမ်းမျှ တဦးချင်းဝင်ငွေမှာ ဒေါ်လာ ၁၃၀၀ ရှိပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းတွင် ဒေါ်လာ ၉၅၀၀၊ အင်ဒိုနီးရှားတွင် ဒေါ်လာ ၄၇၀၀၊ ဗီယက်နမ်တွင် ဒေါ်လာ ၃၄၀၀ ပျမ်းမျှ ဝင်ငွေရှိကြသည်။

ADB ၏ အစီရင်ခံစာက တိုးတက်မှုကို ကန့်ထားနိုင်သည့် စိန်ခေါ်မှုများ၊ ထိန်းချုပ်မှုများကို မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်နေရဆဲဟုလည်း ဆိုသည်။ အထူး စိုးရိမ်စရာ အချက်များမှာ မညီမျှမှုများ ကြီးထွားလာနေခြင်း၊ ဈေးကွက်လည်ပတ်နေမှုမှ ကင်းလွတ်ပြီး အင်အားချည့်နဲ့သော စီးပွားရေး စီမံခန့်ခွဲမှု မူဝါဒ၊ မလုံလောက်သော ငွေကြေးအရင်းအမြစ်၊ အလုပ်မတွင်သော ပြည်တွင်းငွေကြေး လွှဲပြောင်းမှု၊ ယိုယွင်းနေသော အခြေခံအဆောက်အအုံ၊ စက်မှုလုပ်ငန်းများကို ဖြန့်ခွဲထုတ်နိုင်မှုအပေါ် ထိန်းချုပ်ထားမှုများဖြစ်ကြောင်း ဖော်ပြထားသည်။

ယမန်နေ့က ဘန်ကောက်မြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ADB အရှေ့အာရှရေးရာ ဒု ဥက္ကဌ မစ္စတာ စတီဖင်ဂရော့ဖ်က သမ္မတဦးသိန်းစိန် အာဏာရပြီးနောက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အသိအမှတ်ပြု ပြောကြားခဲ့သော်လည်း ပြဿနာများကို မဖော်ထုတ် မဖြေရှင်းဘဲ ထားလျှင် “မတည်ငြိမ်မှုများက တိုးတက်မှုကို တိုက်စားသွား” မည်ဟု သတိပေးသွားခဲ့သည်။

စတီဖင်ဂရော့ဖ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ရာ မြန်မာ့အတိုက်အခံ ခေါင်းဆောင်အနေဖြင့် ADB အပါအဝင် နိုင်ငံတကာ ငွေကြေးအေဂျင်စီများက အထောက်အပံ့များ ပြန်လည်ပေးအပ်မည့်အပေါ် “သတိတကြီး တက်ကြွ” စွာ ရှုမြင်ကြောင်း၊ မြန်မာ၏ ကြွေးကျန်များကို လျှော်ပစ်နိုင်ရေး အလားအလာကိုလည်း မေးမြန်းကြောင်း ပြောသည်။

“(ငွေချေးမယ့်) ဆုံးဖြတ်ချက်ဟာ အစိုးရသာ ဖြစ်တာမို့ ဒီအပေါ် အစိုးရက တာဝန်ခံဖို့ လိုတယ်လို့ သူ (ဒေါ်အောင်ဆန်းစုကြည်) က မြင်ပါတယ်” ဟု စတီဖင်ဂရော့ဖ်က သတင်းထောက်များကို ပြောသည်။

ADB ၏ အကောင်းမြင်မှုသည် မြန်မာပြည်ကို ထောက်ပံ့ရေး အစီအစဉ်များ ပြန်လည် စတင်ချင်နေသော နိုင်ငံတကာ ငွေကြေးအေဂျင်စီများ၏ ဆန္ဒပြင်းပြမှုကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။

ADB နှင့် ကမ္ဘာ့ဘဏ်တို့က ၁၉၈၀ နှောင်းပိုင်း ကာလများတွင် မြန်မာအစိုးရက ကြွေးဟောင်း ပြန်မဆပ်နိုင်တော့၍ ကြွေးသစ် ထပ်မချေးတော့ဟု ဆုံးဖြတ်ခဲ့ကြသည်။ ယင်းအေဂျင်စီများအပေါ် နိုင်ငံရေးဩဇာ သက်ရောက်သော အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မြန်မာပြည်အပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆိုင်းငံ့ရုတ်သိမ်းအပြီး အဆိုပါ ဘဏ်များ၏ ကိုယ်စားလှယ်ရုံးခန်းများ ဩဂုတ်လ ၁ ရက်မှ စ၍ နေပြည်တော်တွင် လာရောက်ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။

ကြွေးကျန် ဒေါ်လာ ၃.၇ ဘီလီယံကို လျှော်ပေးခဲ့သော ဂျပန်နိုင်ငံက ADB နှင့် ကမ္ဘာ့ဘဏ်ကို မြန်မာနိုင်ငံက တင်နေသော ကြွေးကျန်ပေါင်း ဒေါ်လာ သန်း ၉၀၀ ကိုလည်း မြန်မာကိုယ်စား ပေးချေပေးမည်ဟု ကမ်းလှမ်းခဲ့သောကြောင့် အဆိုပါဘဏ်များအနေဖြင့် မြန်မာကို ကြွေးသစ်ထုတ်ပေးရန် လမ်းပွင့်သွားစေခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုများအတွက် ပိုင်ဆိုင်သော အရင်းအမြစ်များကို နေရာချထားရန် လိုကြောင်း ဤအစီရင်ခံစာက နိဂုံးချုပ် အကြံပြုထားသည်။ အကြံပြုချက်တွင် အခွန်နှင့် အခြား စည်းကြပ်မှုများမှ အစိုးရဝင်ငွေ မြှင့်တင်ရေး၊ တိုင်းပြည်၏ အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး၊ ပညာရေး ကျန်းမာရေးဝန်ဆောင်မှုများမှ တဆင့် လူသားအရင်းအနှီး မြှင့်တင်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး၊ စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍ ချဲ့ထွင်ရေး၊ ကုန်ထုတ်လုပ်ရေးတွင် နိုင်ငံတော်အခန်းကဏ္ဍ လျှော့ချရေး၊ အစိုးရ အင်စတီကျူးရှင်းများ အားကောင်းလာစေရေးတို့ ပါဝင်သည်။

Thursday, November 8, 2012

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေထွက်လာပြီ ၊ ဥပဒေတစ်ခုကောင်းရုံနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာမှာလား

နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ မျှော်လင့်စောင့်စားနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုးပြ

ီး နိုဝင်ဘာ ၂ရက်က ထုတ်ပြန်ပြဌာန်း လိုက်ပြီဖြစ်ပါ တယ်။ ဒီဥပဒေ ဟာ ဥပဒေကြမ်းအဆင့်မှာတင် အတော်ကလေးကို လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပါတယ်။ ပြည်တွင်း လုပ်ငန်း ရှင် အချို့ရ
ဲ့ စိုးရိမ်ပူပန်မှုတွေ အသံတွေလည်းထွက်ခဲ့ပါတယ်။ လွှတ်တော်နှစ်ရပ်ကြား မှာ လည်း အချေ အတင် ဆွေးနွေးခဲ့ရပြီး နိုင်ငံတော်သမ္မတကိုယ် တိုင်က ဥပဒေကြမ်း အပေါ်ပြင်ဆင် ချက်အချို့ပြု လုပ်လို့ ပြည်ထောင်စု လွှတ်တော် ကို ပြန်လည်ပေး ပို့ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ နိုင်ငံ ခြား ရင်း နှီးမြှုပ်နှံမှုဥပဒေအသစ်တစ်ခု ပေါ်ပေါက်လာပြီဖြစ်ပါတယ်။



လေ့လာသုံးသပ်သူတော်တော်များများကတော့ ဥပဒေဟာ ပျော့ပြောင်းမှုရှိတယ်လို့ဆိုပါတယ်။ ဥပဒေကြမ်း ထဲက လူကြိုက်နည်းလှတဲ့အချက်အချို့ကို ချန်ထား ရစ်ခဲ့တာကိုလည်း တွေ့ရတယ် လို့ပြောကြ ပါတယ်။ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားနေကြတဲ့နိုင်ငံကြီးတွေ အထူးသဖြင့် ဂျပန်လိုနိုင်ငံ မျိုးက စီးပွားရေးလုပ်ငန်း ရှင်ကြီးတွေက မြန်မာပြည်လာတိုင်းမေးလေ့ရှိတဲ့မေးခွန်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေဘယ်တော့ထွက်လာမှာလဲဆိုတာပဲဖြစ်ပါတယ်လို့ ကုန်သည်/စက်မှု အသင်းချုပ် ကြီးရဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောပြဖူးပါတယ်။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပေါ်လာတာနဲ့တင် အများမျှော်လင့်သလို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တွေက တကယ်ပဲ ဝင်လာမှာလားဆိုတာ မေးခွန်းထုတ်စရာရှိလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ 'နည်းဥပဒေတွေ ကို စောင့်ကြည့်ရဦးမယ်'လို့ပြော ကြောင်း ဂျာနယ်တစ်စောင်မှာ မနေ့က ဖတ်လိုက်ရ ပါတယ်။



နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကြီးစွာ အထောက် အကူပြုတယ် ဆိုတာ အားလုံးသိကြပြီးဖြစ်ပါတယ်။ ကမ္ဘာ့ ဘဏ်ကထုတ်ပြန်တဲ့ စာရင်းဇယားများ အရဆိုရင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေဟာ ကမ္ဘာလုံးဆိုင်ရာဂျီဒီပီရဲ့ ၁၁ရာခိုင်နှုန်း အထိရှိနေပြီး လူ သန်း၈ဝကျော်ကို အလုပ်အကိုင်ပေးနိုင်တယ်လို့ဆိုပါတယ်။ ၂၀၁ဝ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီးဝင်မှုဟာ အမေရိကန်ဒေါ်လာ ၁ဒသမ ၂၄ထရီလီယံ ရှိတယ်လို့ သိရပါတယ်။ ယခုနှစ်ကုန်ဆိုရင် ဒေါ်လာ ၂ထရီလီယံအထိရောက်ရှိမယ်လို့ ငွေကြေး ဆိုင်ရာအဖွဲ့ အစည်းတွေက ခန့်မှန်းထားပါတယ်။



ဒီအချက် အလက်တွေကိုကြည့်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ ကမ္ဘာ့စီးပွားရေးကို မည်မျှအထိ မောင်းနှင်ပေးနေတယ် ဆိုတာသိနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လည်း ကျဆင်းနေတဲ့စီးပွားရေးကို အရင်ဆုံး ပြန်လည်ဦးမော့လာအောင် လုပ်ပေးရပါမယ်။ အနုတ်ကနေ သုညဖြစ်အောင်လုပ်ရပါဦးမယ်။ ပြီးတော့မှ အပေါင်းကို ဆက်သွားရပါမယ်။ အက်ဖ်ဒီအိုင်လို့အတိုကောက်ခေါ်ကြတဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ကို အားကိုးကြရမှာပါ။ အခုဆို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေရှိလာပါတယ်။ ဥပဒေနဲ့ နည်းဥပဒေတွေ ကောင်းရုံမျှနဲ့ နိုင်ငံတကာကတော့ တို့တိုင်းပြည်ကိုရင်းနှီးမြှုပ်နှံမှုတွေ ဒလဟောဝင်လာ လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ မယူဆချင်ပါဘူး။ ဥပဒေ၊ နည်းဥပဒေကောင်းတွေရှိတယ်ဆိုတာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်တဲ့အချက်တွေထဲက တစ်ချက်မျှသာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ယခုဖျက်သိမ်းလာလိုက်တဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေဟောင်း (နိုင်ငံတော်ငြိမ်ဝပ်ပိပြား မှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၀/၁၉၈၈)ဟာ ဆိုးဝါးလှတဲ့ဥပဒေ မဟုတ်ပါဘူး။ အဲဒီခေတ်အဲဒီအခါတုန်းက အများလက်ခံတဲ့ဥပဒေတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ မြန်မာနိုင်ငံကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက်မရောက်လာခဲ့ရတာလဲ။ အဲဒီမေးခွန်း ကိုဖြေကြည့်ရင် ကျွန်တော်တို့နိုင်ငံမှာ ဘာတွေလိုအပ်နေတယ်ဆိုတာ သိနိုင် ပါတယ်။



ကမ္ဘာ့ဘဏ်ရဲ့သုတေသနပြုချက်အရ နိုင်ငံတစ်နိုင်ငံကို အက်ဖ်ဒီအိုင်တွေဝင်ရောက်ဖို့ မောင်းနှင်အားလေး ခုရှိတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ သဘာဝ သယံဇာတတွေကို ရယူချင်တာ၊ ဈေးကွက်ရယူချင်တာ၊ စွမ်းရည်မြင့်မားမှုကိုရယူချင်တာနဲ့ မဟာဗျူဟာအရ ရယူချင်တာတွေ လို့ဆိုပါတယ်။ မြန်မာနိုင်ငံကိုလာမယ့် အက်ဖ်ဒီအိုင်တွေဟာ အဲဒီလေးခုထဲက ဘယ်နှခု လောက်ဖြစ်နိုင်မလဲ စဉ်းစားကြည့်ကြရပါမယ်။ နောက်စဉ်းစားကြရမှာက အက်ဖ်ဒီအိုင်ဝင်လာ ဖို့ဆက်နွှယ်နေတဲ့ အကြောင်းရင်းတွေထဲမှာဈေးကွက် အရွယ်အစားနဲ့ အလားအလာက အရေးအကြီးဆုံး အချက်တစ်ချက်လို့ သုတေသနပြုချက်အရသိရပါတယ်။ ကျန်တဲ့အချက်တွေကတော့ အဖွဲ့အစည်း တွေနဲ့ ဥပဒေဆိုင်ရာအရည်အသွေးတွေ၊ ကုန်သွယ်ရေး ပွင့်လင်းလွတ်လပ်မှု၊ အခြေခံအဆောက် အအုံ တွေရဲ့အရည်အသွေး၊ စီးပွားရေးနှင့် နိုင်ငံရေးတည်ငြိမ်မှု၊ အလုပ်သမားတွေရဲ့ အရည်အချင်းနဲ့ လုပ်ခ စရိတ်၊ ပြီးတော့ ယဉ်ကျေးမှု အချိတ်အဆက်ဆိုတာတွေဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို အ ရေးကြီးမှု အဆင့်အလိုက် ရှေ့နောက်စဉ်ပြီး ဖော်ပြပေးတာပါ။ ဒါတွေကိုခြုံငုံပြောရရင် ရင်းနှီးမြှုပ်နှံ မှုဥတုရာသီလို့ဆို ရမယ်ထင်ပါတယ်။ ဥပဒေတစ်ခုလောက်ပဲကောင်းပြီး ကျန်တာမကောင်းရင်တော့ အက်ဖ်ဒီအိုင်လာရင်တောင်ပေါချောင်ချောင်အက်ဖ်ဒီအိုင်တွေပဲလာမှာဖြစ်ပါတယ်။အဖက်ဖက်ကပြည့်စုံမယ် ဆိုရင်တော့ အရည်အ သွေးကောင်း အက်ဖ်ဒီအိုင်တွေ စီးဝင်လာ မှာဖြစ်ပါတယ်။



ကျွန်တော်တို့ဆီမှာ အခြေခံအဆောက်အအုံတွေ အားနည်းဆဲဖြစ်ပါတယ်။ အားနာပါးနာနဲ့မို့လို့ အားနည်းတယ်လို့ သုံးနှုန်းလိုက်တာပါ။ ညံ့ဖျင်းတဲ့အဆင့်မှာ ပင်ရှိနေပါတယ်။ လမ်းတွေကောင်းရဲ့လား၊ ဆက်သွယ်ရေး ကွန်ယက်၊ ပို့ဆောင်ရေးကွန်ယက်တွေ ဘယ်လောက်အဆင့်ရှိနေပါပြီလဲ။ လျှပ်စစ်မီး တွေလုံ လောက်နေပါပြီ လား။ မေးစရာမလိုသလိုဖြေစရာ မလိုအောင်ရှင်းနေမယ် ထင်ပါတယ်။ ကုန်သွယ်ရေး ပွင့်လင်းလွတ်လပ်မှုဆိုတာကလဲ အခုဖြည်းဖြည်းချင်းတော့ လုပ်နေပါတယ်။သို့သော် လုပ်စရာတွေ အများကြီးလို့ဆိုရပါမယ်။ နောက်တစ်ချက်က စီးပွားရေနဲ့ နိုင်ငံရေး တည်ငြိမ်မှုဆို တာက လဲ အရေးကြီးပါတယ်။ ရခိုင်လိုအရေးအခင်းမျိုးတွေ၊ ဆန္ဒပြ လှုံ့ဆော်မှုအချို့တွေဟာ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ အတွက် အဟန့်အတားတွေဖြစ်နေမှာ သေချာပါတယ်။



အရေးအကြီးဆုံးတွေထဲကတစ်ခုဖြစ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဥပဒေဆိုင်ရာအရည်အသွေး (Institutional and regulatory quality)မှာ ရင်းနှီးမြှုပ်နှံမှုဥပဒေ က တော့ကောင်းပါရဲ့။ အဲဒါကို အကောင် အထည်ဖော်ပေး ရမယ့် အဖွဲ့အစည်းတွေရှိ လာမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းတွေက မည်မျှအရည် အချင်း ရှိနေပြီလဲ။ ဒါကိုလဲ အားမနာတမ်း မိမိဘာသာမေးကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်က သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သောအုပ်ချုပ်ရေးလို့ပြောနေပေမယ့် အကျင့်ပျက်ခြ စားမှုတွေနဲ့ ကြိုးနီစနစ်တွေ ဟာရှိနေဆဲဖြစ်ပါတယ်။အဲဒီနှစ်ခုကလည်း တစ်ခုနဲ့တစ်ခု မှီတွယ်နေကြတာ ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှု တွေအတွက်ကြိုးနီ စနစ်က ရှင်သန်ပေးနေ ရပါတယ်။ အဲဒါကြောင့် ရင်းနှီးမြှုပ်နှံမှု ဥတုရာသီကောင်း ဖန်တီးနိုင်ဖို့ အဖွဲ့အစည်းတွေရဲ့ပြုပြင်ပြောင်းလဲမှုကို ခပ်သွက်သွက် လုပ်ပေးကြဖို့ လို နေပြီဖြစ်ပါတယ်။



အဲဒါကြောင့် တိုင်းပြည်စီးပွားရေးကို အနုတ်ဖက်ကနေ အပေါင်းဖက်ပြောင်းပေးနိုင်မယ့် အရည် အသွေး ကောင်း အက်ဖ်ဒီအိုင်တွေ စီးဝင်လာဖို့အတွက် ဥပဒေ တစ်ခုတည်း ကိုမှီခိုနေလို့မရဘဲ အဖက် ဖက်က ကောင်း မွန်အောင်လုပ်ကြရဖို့ လိုလာပါတယ်။ အဲသလိုမှ မလုပ်နိုင်ရင်တော့ ထီပေါက်ပြီး ထီလက်မှတ် ပျောက်နေသ လိုသာ ကြုံရမှာဖြစ်ကြောင်းပါ။