Friday, November 30, 2012

ရိုးမဘဏ် ၏ ဝန်ဆောင်မှု များ ဇန်နဝါရီ တွင် ပြန်လည် စတင်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ဘဏ်လုပ်ငန်း များကို ကိုးနှစ်ကျော် အထိ ရပ်နား ထားသော ရိုးမဘဏ်သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီ လမှ စ၍ နိုင်ငံတကာ ဘဏ်လုပ်ငန်း များ အတိုင်း ဝန်ဆောင်မှု ပေးမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက် နေ့က FMI (First Myanmar Investment Co.Ltd) ဥက္ကဋ္ဌ ဦးသိမ်းဝေက မီဒီယာ များသို့ တွေ့ဆုံ ပြောကြားသည်။

ဆယ်စုနှစ် တစ်ခုနီးပါး ဘဏ်လုပ်ငန်း များ အပြည့်အဝ လုပ်ကိုင် နိုင်သည့် လိုင်စင် ခွင့်ပြုချက် မရသဖြင့် ငွေလွှဲ လုပ်ငန်းကိုသာ လုပ်ကိုင် နိုင်ခဲ့သော ရိုးမဘဏ် အနေနှင့် ယခုနှစ် အတွင်း လိုင်စင် ပြန်လည် ရရှိခဲ့သော ကြောင့် သြဂုတ်လမှ စတင်ကာ ငွေစု လက်ခံခြင်း များကို လုပ်ဆောင် နေပြီ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
‘’လုပ်ငန်းတွေကို ပြန်စ နေပါပြီ၊ မကြာခင် မှာပဲ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင် တွေအတွက် ချေးငွေတွေ ထုတ်ပေး နိုင်တော့မှာပါ’’ ဟု ၎င်းက ဘဏ်လုပ်ငန်း ပြန်လည် လည်ပတ်မည့် အခြေ အနေကို ပြောဆိုသည်။

No comments:

Post a Comment