Thursday, November 8, 2012

အောင်မြင်သူ့ စကား

ရှာဖွေတဲ့ အခါမှာ….
“ဝင်ငွေတစ်ခုတည်း အပေါ်မှာ မမှီခိုပါနဲ့
ဒုတိယ ဝင်ငွေလမ်းကြောင်း တစ်ခု ရလာအောင် ရင်းနှီး မြှုပ်နှံပါ”

သုံးစွဲတဲ့ နေရာမှာ…
“သင် မလို အပ်တာတွေ ဝယ်မိရင် သင် လိုအပ်တာတွေ ရောင်းရလိမ့်မယ်”

စုဆောင်းတဲ့ နေရာမှာ…
” သုံးလို့ ပိုတာကို မစုပါနဲ့
စုလို့ ပိုတာကို သာ သုံးပါ “

စွန့်စားတဲ့ အခါမှာ …
“ရေအနက်ကို ခြေ နှစ်ဖက် ချပြီး မစမ်းမိပါစေနဲ့”

ရင်းနှီး မြှုပ်နှံတဲ့ အခါမှာ…
“ကြက်ဥတွေ အားလုံးကို တောင်းတစ်တောင်းတည်း စုမထည့်ထားမိပါစေနဲ့”

မျှော်လင့်ချက် ထားတဲ့နေရာမှာ …
“ရိုးသားမှု ဆိုတာ အရမ်း တန်ဖိုးကြီးတဲ့ လက်ဆောင်ပါ
ခပ်ပေါပေါ လူတွေ ဆီက ရဖို့ သွား မမျှော်လင့်မိပါစေနဲ့ “

No comments:

Post a Comment