၁၉ရာစု၊ ၂၀ ရာစုတွေထဲက တဖြည်းဖြည်း ရှားပါးလာတဲ့ ကျားမျိုးများ ဖြစ်
ပါတယ်။ ရွှေရောင်နဲ့ အဖြူရောင် အစင်းပါရှိပြီး အဓိကကတော့ DNA မှာ recessive
Gene ကြောင့် အရောင်ပြောင်းနေရခြင်း ဖြစ်ပါတယ်။ သာမန်ကျား တစ်ကောင်အနေနဲ့
အနက် ရောင်အစင်းကြောင်းရှိသင့်ပေ မယ့် ရွှေကျားရဲ့ သွေးဟာ အနက် ရောင်
မထွက်စေပဲ အဖြူရောင်ပဲ ထွက်စေပါတယ်။ ပင်ကိုယ် သွေးဆဲလ်ကိုက သာမန်
ကျားများထက် ထူးခြားနေခြင်း ဖြစ်ပါတယ်။
နေရောင်အောက်မှာ ကြည့်ရှု ရွှေရောင် တောက်တောက်နဲ့ ရှိနေတတ်ပြီး အင်မတန် လှတဲ့ ကျားမျိုး ဖြစ်ပါတယ်။ ယခင်က ဟိမ၀န္တာတောမှာ နေထိုင် ကျက်စားပြီး မြန်မာပြည်မှာလည်း တွေ့ရတတ်ပါတယ်။ သို့ပေမယ့် ရွှေကျား အများစုကို အိန္ဒိယနိုင်ငံဘက်အခြမ်းမှာပဲ တွေ့ရှိတာ ဖြစ်ပါတယ်။ ရွှေရောင် အစင်းနဲ့ ကျားဟာ သာမန်ကျားတွေထက် ဥာဏ်ရည်ပိုထက်မြက် တယ်လို့ ဆိုပါတယ်။ သူ့ကို ၂၀ ရာစုအစောပိုင်းကတည်းက ကမ္ဘာ့ရှားပါး တိရစ္ဆာန် စာရင်းထဲထည့်ပြီး အမဲလိုက်ခြင်း မပြုလုပ်အောင် တားမြစ်ခဲ့ပါတယ်။
သို့ပေမယ့် ဆေးဖက်ဝင်တယ်ဆိုတဲ့ အယူအဆနဲ့ အမဲလိုက်မှုများကြောင့် အရှေ့ တောင်အာရှမှာ ရွှေကျားများကို အတွေ့နည်းလာပါတယ်။ ကမ္ဘာ့ အရှားပါးဆုံး ကျားမျိုးစိတ် ၁၂ မျိုးထက်တောင် ရှားပါးတယ်လို့ မှတ်တမ်း တင်ထားပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံကြီးများက အိန္ဒိယတို့လို နိုင်ငံမှ ၀ယ်ယူပြီး အမျိုးမျိုး သားဖောက်ဖို့ ကြိုးစားပါတယ်။ သို့ပေမယ့် Recessive gene ဗီဇရအောင် ဖန်တီးဖို့ခဲယဉ်းပါတယ်။
ဒါကြောင့် Golden Tiger (ရွှေကျား) ကို ကမ္ဘာ့အရှားပါးဆုံး ကျားလို့ အသိအမှတ် ပြုခဲ့ကြပါတယ်။

No comments:
Post a Comment